ၾကားသိရသမွ်

“မေမေ…သားတို့ ဘယ်ရောက်နေတာလဲဟင်”

“မပူပါနဲ့ သားလေးရယ်… အမေတို့ အခုအေးချမ်းတဲ့ ကောင်းကင်ဘုံမှာပါ ”

ဒီနေ့ စိန်ပန်းမှာ ဆန္ဒပြပွဲ ဖြိုခွဲတော့ ကလေးအယောက်၂၀ကျော်ကို ဗိုက်ကြီးသည် အမတစ်ယောက်က သူ့အိမ်မှာ ဖွက်ထားပေးတယ်လို့သိရပါတယ်။

ဒါပေမဲ့ ရပ်ကွက်ထဲကသူတချို့က ဝင်ပြေးတဲ့ အိမ်ကိုလိုက်ပြတာကြောင့် အိမ်ထဲဝင်ရှာဖို့တောင်းဆိုတယ်လို့သိရပါတယ်။

သို့သော်လည်း ဗိုက်ကြီးသည်အမက သူ့အိမ်ထဲပေးမဝင်လို့….😢😢😢..နေရာမှာတင် ပွဲချင်းပြီး ကျဆုံးခဲ့ရတယ် လို့သိရပါတယ်။

ကလေးတွေလည်း အိမ်ထဲဝင်ပြီး တန်းစီအဖမ်းခံခဲ့ရတယ်။ သူများသားသမီးတွေကိုတောင် မိခင်စိတ်အပြည့်နဲ့ ကာကွယ်ပေးခဲ့သော်လည်း မိခင်လောင်းတစ်ယောက်ကျဆုံးခဲ့ရပါပြီး ကလေးတွေလည်း ဖမ်းခံခဲ့ရပါတယ်။

ဗိုက်ထဲက သန္ဓေသားလေးလည်းလူ့လော ကထဲ ရောက်မလာနိုင်တော့ပါဘူး။

Zawgyi





