Credit – Sai Zwe Pyae
အနှစ်နှစ်ဆယ်ကြာပြီးမှ သားဆီကပထမဆုံးရတဲ့
လက်ဆောင်က စိန်တဆင်စာလဲမဟုတ်သလို
တခြားတန်ဖိုးမြင့်မားတဲ့ အရာတွေလဲ မဟုတ်ခဲ့ပါဘူး။
သူ့ကိုယ်စားအနားမှာ အဖော်ပြုပေးဖို့၊ ပင်ပန်းချိန်တိုင်းအတူရှိပေးဖို့၊ ရင်ဖွင့်ချင်တဲ့အခါနားထောင်ပေးဖို့ ခွေးလေးတစ်ကောင်တည်းရယ်ပါ။
သားကိုယ်စား မြေးတွေကိုယ်စားအဖော်ပြုပြီးနေလာခဲ့ရတာ အရမ်းလဲတွယ်တာသလို အရမ်းလဲလိမ္မာလို့ ချစ်ရပါတယ်။
သူမဖို့ တန်ဖိုးထား ပိုင်ဆိုင်ရတာကြီးကြီးမားမားဆိုလို့ တိုက်ချီဒိုလေးပဲရှိခဲ့တာ။
ဘဝတစ်လျှောက်လုံး သူမချစ်တဲ့သူတွေနဲ့ကသေကွဲနဲ့ ရှင်ကွဲတွေပဲ ရခဲ့ရတဲ့သူမအဖို့တော့
ဝဋ်ကြွေးတွေလဲ ကျေပါစေတော့လို့ ဆုတောင်းပေးနိုင်ရုံကလွဲပြီး
အားပေးစကားတွေလဲ ပျောက်ဆုံးရပါတယ်။
အချုပ်အနှောင်ကာလမှာ လူကိုယ်တိုင်တောင်အနေဆင်းရဲ အစားဆင်းရဲဖြစ်နေချိန်မှာ သူချစ်တဲ့ကလေးလဲ သခင်နဲ့အတူ အစားအသောက်ချို့တဲ့ပြီး လွမ်းတဲ့ဒဏ်ခံခဲ့ရမှာပါ။
သူအကောင်းဆုံး အဖော်လုပ်ပေးသွားခဲ့ပါတယ်။
အခုတော့သူလဲ စိတ်ချလက်ချ သူမကိုထားသွားခဲ့ပါပြီ။
တိုက်ချီဒိုလေးကောင်းရာမွန်ရာရောက်နိုင်ပါစေ…..”
Credit – Sai Zwe Pyae
သားငယ်ကင်ရဲ့လက်ဆောင်
အမေရဲ့ အသည်းကျော် တိုက်ချိဒို
အမေက တိုက်ချိဒိုကို သိပ်ချစ်တာ
၂၀၁၂ ကနေ ၂၀၁၅ ကာလအတွင်း လွှတ်တော်အမတ် ဘဝမှာ
ရန်ကုန်ကနေနေပြည်တော်ကို ပြန်ချည်သွားချည်လုပ်ရတော့
သူ့မှာ တိုက်ချိဒိုလေးစိတ်မချလို့ အိမ်ကသူတွေ ခဏခဏမှာရတာ
တိုက်ချိဒိုကလည်း အမေမရှိတဲ့အချိန်ဆုံး အိမ်မှာအလိမ္မာဆုံးပဲ
အမေများပြန်ရောက် အမေ့အခန်းထဲ ဘယ်သူမှ အဝင်ခံတာမဟုတ်
ပြောမရဆိုမရတဲ့အမေ့ စကားပဲနားထောင်တော့တဲ့ ငလည်လေး
အမေကလည်းသူ့သားတော်မောင်ကို ဘယ်လောက်ချစ်လဲဆို
ခွေး လို့ပြောတာတောင်မကြိုက်ဘူးတဲ့
အိမ်ကို ဧည့်သည်တွေလာရင် တိုက်ချိဒိုက ကိုက်တတ်တဲ့ဆိုတဲ့ ဆိုင်းဘုတ်လေးမှာ
တိုက်ချိဒိုပုံလေးနဲ့ ကိုက်တတ်သည်ပဲ ရေးထားတာ
မနေ့က ရှေ့နေ့တွေ အမှာပါးတော့ တိုက်ချိဒိုလေးအတွက်ပါ ရိက္ခာတကူးတကမှာတာလေး…
သံယောဇဉ် မေတ္တာတရား သိပ်ကြီးမားတဲ့အမျိုးသမီးကြီး
ပါရမီဖြည့်တဲ့ကာလလို့ပဲ မှတ်ယူထားပါတယ်
အမေနဲ့အတူ မြန်မာပြည်သူပြည်သားတွေ အေးချမ်း ကြပါစေ