ၾကားသိရသမွ်

ပ်ံလြန္ေတာ္မူသြားျပီျဖစ္တဲ့ စစ္ကိုင္းတိပိဋကဆရာေတာ္ မပ်ံလြန္ခင္ ေနာက္ဆုံးမွာခဲ့တဲ့ ဗီဒီယိုေလး….

အပြစ်ဟူက မြူမျှမကျန်အောင် ထိုင်းမှာ ပျံလွန်တော်မူသွားတဲ့ စစ်ကိုင်းတိပိဆရာတော်က မပျံလွန်ခင် တပည့်ဥုးဇင်းကို မှာရှာတယ်

“ငါငယ်ငယ် ၁၂ နှစ်အရွယ်လောက်က ကုသိုလ်တော်ကျောက်စာကို သံချောင်းနဲ့ ခြစ်ပြီး ဆော့ခဲ့မိတယ်၊ အဲ့တာလေး ကောင်းအောင် ပြန်ပြင်ပေးပါ ” ဟူသတဲ့။

ဒါလေး နားထောင်ရတော့ မိုးညှင်းဆရာတော်ကြီး တောထွက်ခါနီး အကြောင်းအရာက ခေါင်းထဲပေါ်လာသည်။

ဆရာတော်ကြီးငယ်ငယ်က လမ်းခင်းထားတဲ့ ခဲကိုယူပြီး ခွေးတစ်ကောင်ကို ပစ်ပေါက်ခဲ့ဖူးတယ်။

ခွေးကိုမထိပေမယ့် လမ်းကိုဖျက်သလို ဖြစ်နေသည်။

အဲ့တာ တရားအားမထုတ်ခင်ရွာကိုပြန်ပြီး လမ်းခင်းပေးပြီးမှ တောထွက်သွားပါသည်။

သူတော်ကောင်းတို့ စိတ်ထားတွေများ၊ သာမန်လူအပြစ်လို့ မထင်ရတဲ့ သေးသေးမွှားမွှားလေးတွေကိုတောင် အပြစ်ကြီးသဖွယ် သိမှတ်တော်မူကြသည်။

“အနုမတ္တေသု ဝဇ္ဇေသု ဘယဒဿာဝီ”

အနုမြူမျှသေးငယ်သော အပြစ်မျှသော်လည်း ကြီးစွာသော ဘေးကြီးအဖြစ်ရှုမြင်ကြသည်။

ဘုရားသားတော် ရဟန်းမြတ် ပီသတော်မူကြပေစွ။

ဘဝနတ်ကျောင်း စံပြောင်းကျောင်းထိုင် ရာတွင် အပြစ်ဟူက မြူမျှမကျန်ရအောင် ကျင့်ကြံနိုင်ပါစေသားဘုရား🙏🙏

Crd#

Zawgyi

အျပစ္ဟူက ျမဴမွ်မက်န္ေအာင္ ထိုင္းမွာ ပ်ံလြန္ေတာ္မူသြားတဲ့ စစ္ကိုင္းတိပိဆရာေတာ္က မပ်ံလြန္ခင္ တပည့္ဥဳးဇင္းကို မွာရွာတယ္

“ငါငယ္ငယ္ ၁၂ ႏွစ္အ႐ြယ္ေလာက္က ကုသိုလ္ေတာ္ေက်ာက္စာကို သံေခ်ာင္းနဲ႔ ျခစ္ၿပီး ေဆာ့ခဲ့မိတယ္၊ အဲ့တာေလး ေကာင္းေအာင္ ျပန္ျပင္ေပးပါ ” ဟူသတဲ့။

ဒါေလး နားေထာင္ရေတာ့ မိုးညႇင္းဆရာေတာ္ႀကီး ေတာထြက္ခါနီး အေၾကာင္းအရာက ေခါင္းထဲေပၚလာသည္။

ဆရာေတာ္ႀကီးငယ္ငယ္က လမ္းခင္းထားတဲ့ ခဲကိုယူၿပီး ေခြးတစ္ေကာင္ကို ပစ္ေပါက္ခဲ့ဖူးတယ္။

ေခြးကိုမထိေပမယ့္ လမ္းကိုဖ်က္သလို ျဖစ္ေနသည္။

အဲ့တာ တရားအားမထုတ္ခင္႐ြာကိုျပန္ၿပီး လမ္းခင္းေပးၿပီးမွ ေတာထြက္သြားပါသည္။

သူေတာ္ေကာင္းတို႔ စိတ္ထားေတြမ်ား၊ သာမန္လူအျပစ္လို႔ မထင္ရတဲ့ ေသးေသးမႊားမႊားေလးေတြကိုေတာင္ အျပစ္ႀကီးသဖြယ္ သိမွတ္ေတာ္မူၾကသည္။

“အႏုမေတၱသု ဝေဇၨသု ဘယဒႆာဝီ”

အႏုျမဴမွ်ေသးငယ္ေသာ အျပစ္မွ်ေသာ္လည္း ႀကီးစြာေသာ ေဘးႀကီးအျဖစ္ရႈျမင္ၾကသည္။

ဘုရားသားေတာ္ ရဟန္းျမတ္ ပီသေတာ္မူၾကေပစြ။

ဘဝနတ္ေက်ာင္း စံေျပာင္းေက်ာင္းထိုင္ ရာတြင္ အျပစ္ဟူက ျမဴမွ်မက်န္ရေအာင္ က်င့္ႀကံႏိုင္ပါေစသားဘုရား🙏🙏

Crd#