အောင်ဘာလေ ထီ မထိုးပဲ ထိုင်းချဲထီ ( ၃ ) လုံး နှင့် ( ၂ ) လုံး ထိုးပါက ပုဒ်မ ( ၄၂၂ ) အရ တရားစွဲ အရေးယူခြင်း ခံရမယ် လို့ MRTV နှင့် MWD တို့တွင် ကြေညာ
မြန်မာ နိုင်ငံ မှ ထုတ်လုပ်နေသော အောင်ဘာလေ ထီ ကို မထိုးပါက တရားစွဲ ပြီး ထောင်ချ မည် ဖြစ်ကြောင်း စစ်ကောင်စီ ရဲ့ သတင်း မီဒီယာ များ ဖြစ်ကြတဲ့ MRTV MWD တို့တွင် ကြေညာတယ်လို့ သတင်းများ ထွက်ပေါ်နေပါတယ်။
အာဏာသိမ်းပြီး နောက်ပိုင်း မှ မြန်မာ နိုင်ငံ ရဲ့ အောင်ဘာလေ ထီ စနစ် ဟာ ပျက်ဆီးသွားခဲ့ပြီး ထိုးမည့်သူ မရှိတဲ့ အခြေအနေ အထိ ရောက်သွားခဲ့တာ အားလုံးလဲ သိပြီး ဖြစ်ပါတယ် ။
ယခင် အစိုးရလက်ထက် မှာ အမြင့်ဆုံး သိန်း ၁၅၀၀၀ ဆုကြီး အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထီလက်မှတ်များ ကိုလဲ ဝေေ၀ ဆာဆာ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပါတယ်။
စစ်တပ် က အာဏာသိမ်း ပြီး နောက်ပိုင်းမှာတော့ အမြင့်ဆုံး ဆု အဖြစ် သိန်း ( ၅၀၀၀ ) သာ ဖွင့်လှစ်နိုင်ပြီး ထီထိုးမည့် သူများ နှင့် ရောင်းချမည့်သူများ လဲ အလွန်ပင် လျှော့နည်းသွားတာကြောင့် အောင်ဘာလေ ထီ လုပ်ငန်း ဟာ ပျက်ဆီးသွားခဲ့ပါတယ်။
ထို့ စစ်ကောင်စီ လက်အောက်ခံ များသည် ၎င်းတို့ ထီအား ထိုးလာစေရန် ၂ လုံး ၃ လုံး ချဲထီများ ကို ထိုးပါက တရားစွဲမည် ဟု ကြေညာခြင်း ဖြစ်ပါတယ်။
မြန်မာ ပြည်သူ ပြည်သား များ အားလုံးလဲ စစ်အာဏာရှင် စနစ်ဆိုး လက်အောက်ကနေ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။မြန်မာပြည်ကြီး အမြန်ဆုံး နေကောင်းပါစေ။
Zawgyi
ယခင် အစိုးရလက်ထက် မှာ အမြင့်ဆုံး သိန်း ၁၅၀၀၀ ဆုကြီး အထိ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ထီလက်မှတ်များ ကိုလဲ ဝေဝေ ဆာဆာ ထုတ်လုပ်ရောင်းချ နိုင်ခဲ့ပါတယ်။