Credit:Cele Thadin
သူမရဲ့ကိုယ်ကျင့်သိက္ခာတွေကို ပျက်စီးအောင်လုပ်တဲ့ အမျိုးသားတစ်ဦးနဲ့ ပြောထားတဲ့ သက်သေတွေကို ပရိသတ်ကြီးအားချပြလိုက်တဲ့ ခင်သဇင်
ချစ်ဖို့ကောင်းတဲ့ ပုံရိပ်လေးတွေကြောင့် ယောက်ျားလေး ပရိသတ်တွေ အများစုအားပေးခြင်းကိုခံနေရတာ ကတော့ သရုပ်ဆောင်ခင်သဇင်ပဲဖြစ်ပါတယ်။ သူ့ရဲ့ညို့အားပြင်းတဲ့အလှတွေနဲ့ အမိုက်စားခန္ဓာကိုယ်အလှတွေကယောက်ျားလေး တိုင်းကို ဖမ်းစားထားတာပါ။
လေ့ကျင့်ခန်းတွေလည်း ပုံမှန်လုပ်တာကြောင့် တစ်နေ့ထက်တစ်နေ့အလှတွေပိုတိုးနေတာပါ။သူမဟာ အနုပညာလောကမှာအချိန်တော်ကြာ ရှိခဲ့ပေမယ့် ခုနောက်ပိုင်းမှာ ပိုပြီးပရိသတ်တွေကြားနာမည်ကြီးလာခဲ့တာပါ။ နာမည်ကြီးလာတာနဲ့အတူ သူမရဲ့ပုံရိပ်တွေသုံးပြီး နာမည်ဖျက်နေတဲ့လူတစ်စုနဲ့ကြုံခဲ့ရတာပါ။
သူမကို တစ်ညသိန်းရာချီစျေးနဲ့ Telegram Channel တစ်ခုမှာကြော်ငြာခံ ခဲ့ရတာပါ။ဒါကြောင့်သူမဟာ သိသိချင်းမှာပဲ နေမကောင်းနေရာကနေဒေါသထွက်ခဲ့ရတာပါ။ ဒါကြောင့်ခုမှာ Covid positive ဖြစ်လို့ အိမ်ထဲမှာ ဘူနေသော်လည်းချစ်ရပါသော လေးစားရပါသောပရိသတ်တွေက ဒေါသတွေထွက် တစ်ယောက်ပြီး တစ်ယောက် လာလာပြနေကြလို့ ချစ်ရသူတွေ စိတ်ချမ်းသာအောင် ကျွန်မကိုယ်တိုင် သွားရှင်းလိုက်ပါပြီ။
မလိုသူ တစ်ယောက်ယောက်က ခင်သဇင့် သတင်းအမှားကိုသွား ပေးပြီး ချောက်ချလိုက်ပုံရပါတယ်။ခုတော့ အဲ group မှာလည်း ပြန်ဖြုတ်ပေးလိုက်ပါပြီ။စိတ်ပူပေးကြတဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်။Covid ကိုလည်း ဒီထပ်မပျံ့နှံ့အောင် သေချာ ဂရုစိုက်ကာကွယ်ကြပါရှင့် ဆိုပြီးပြန်လည်ဖြေရှင်းပြခဲ့တာဖြစ်ပါတယ်။
Credit:Cele Thadin