ၾကားသိရသမွ်















unicode

နောက်ဆုံးတော့ ဖမ်းနိုင်ခဲ့ပြီလေ….

နေ့လည် မြန်မာစံတော်ချိန် ၃နာရီခွဲအချိန်တွင်…..

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ် အတွင်းရှိ ဏ ရပ်ကွက်နေပြည်သူတို့၏အကူအညီဖြင့် ဘက်ပေါင်းစုံမှပိတ်ဆို့တားဆီး၍

ထို လူ မောင်းနှင်လာသောသုံးဘီးဘေးတွဲ ဆိုင်ကယ်ရှေ့တွင် သက်စွန့်ဆံဖျားပိတ်ဆို့ကာ အုန်းမွှေးလုံးရောင်းသူအား အမိအရတားစီးပြီး ဝယ်စားနိုင်ခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း…….

ဖြစ်စဉ်မှာ…… အုန်းမွှေးလုံးရောင်းသူ အမျိုးသားသည် ယခင် စက်ဘီးဖြင့်ရောင်းစဉ်အခါများတွင် “အုန်းမွှေး” ဟုအသံကြားခဲ့သော်လည်း ရပ်ကွက်အတွင်းရှိလူတချို့သည်

နောက်က “လုံး” ပါမလာသည့်အတွက် ဘာအသံထပျကွား ရမလဲ ဟုသတိထားစောင့်ကြည့်ခဲ့ရာမှ…

“အုန်းမွှေး” ဆိုသည့် အသံကိုသာကြားရပြီး “လုံး”ဆိုသောစကားမရောက်ခင် ပျောက်ပျောက်သွားသောကြောင့် မည်သူမျှဝယ်မစားနိုင်ခဲ့သည့်ဖြစ်စဉ်များ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်ခဲ့သည်။

နောက်ပိုင်းတွင်…..ထိုအုန်းမွှေးလုံးရောင်းသူမှာ သူ့အား မည်သူမှဝယ်၍ မရနိုင်စေရန်အကြံအစည်ဖြင့် စက်ဘီးအစား ဘေးတွဲဆိုင်ကယ်ကိုမောင်းနှင်၍ ရပ်ကွက်အတွင်း၌ ယခင်အော်နေကျ

“အုန်းမွှေး” ဆိုသည့်အသံတောင်မကြားရပဲ “အုန်း” ဟူသာတစ်လုံးထဲအော်၍ ပျောက်ပျောက်သွားသည့်ဖြစ်စဉ်များ ထပ်မံဖြစ်ပေါ်လာသောကြောင့် ရပ်ကွက်နေပြည်သူအချို့ပူးပေါင်း၍ ကင်းပုန်းများချကာ

ထိုသူ ဆိုင်ကယ်မောင်းနှင်လာစဉ် သက်စွန့်ဆံဖျား လမ်းပေါ်ခုန်တက်၍ ဘေးတွဲဆိုင်ကယ်ရှေ့တွင် လူအုပ်လိုက်ကြီးပိတ်ဆို့ပြီး တစ်လုံးဘယ်လောက်လဲဟူ၍မေးမေးပြီး ဝယ်စားခဲ့ကြရသည့်ဖြစ်စဉ်တစ်ခုအား

ချမ်းမြသာစည်မြို့နယ် အတွင်းရှိဏ ရပ်ကွက် ပိတောက်လမ်းထဲတွင်ဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

#ပုံသည် အုံးမွှေးလုံးသည်အား မိသောပုံဖြစ်သည်

အားလုံးသော ပြည်သူများ စိတ်ပင်ပန်းနေတာတွေပြေပျောက်ဖို့ ခဏတာလောက် ပြုံးရွှင်နိုင်ကြပါစေ…။