ၾကားသိရသမွ်

မွေးရာပါချို့ယွင်းချက်ကြောင့်လူအများကပစ်ပယ်ထားသည့်အမျိုးသားကို စစ်မှန်သောချစ်ခြင်းမေတ္တာဖြင့် See more..

အချစ်တစ်ခုတွင်မျက်စိမပါဘူးဆိုသောစကားကို လူတိုင်းကလက်ခံနိုင်ရမှာဖြစ်ပါတယ်။နှလုံးသားနှင့်ချစ်မိခဲ့ပြီဆိုလျှင်မည်သို့သောအားနည်းချက်ကိုမှဂရုစိုက်လိမ့်မည်မဟုတ်ဘဲ ချစ်ပေးနေမှာဖြစ်ပါတယ်။

ယခုတွင်လည်းထိုင်းနိုင်ငံမှ အသက်၂၅နှစ်အရွယ်Patras Raknakဆိုသည့်ကောင်မလေးဟာ မွေးရာပါမျက်နှာ၏ချို့ယွင်းချက်တို့ကြောင့်အားငယ်နေရသည့်အသက်၃၆နှစ်အရွယ်အမျိုးသားကိုလက်ထပ်ယူခဲ့ခြင်းဖြစ်ပါတယ်။

အမျိုးသားဟာ မျက်နှာပေါ်ကအားနည်းချက်ကြောင့် လူအများ၏ရွံရှာသောအကြည့်ဖြင့်ဆက်ဆံပြောဆိုခြင်းကိုခံနေရသူလည်းဖြစ်ပါတယ်။

သို့သော်လည်းကောင်မလေးက အမျိုးသား၏ကြင်နာတတ်သောနှလုံးသားလေးကိုမြင်မိပြီး ချစ်ကြိုက်မိကာလက်ထပ်ခဲ့သည့်အတွက် ပတ်ဝန်းကျင်မယုံနိုင်အောင်အံ့သြနေကြပါတယ်။

Credit



