အခ်စ္နွင့္ဘဝ

ဖူးစာရွင္ႏွင့္ ေတြ႕ၿပီျဖစ္ေၾကာင္း သိနိုင္သည့္အခ်က္မ်ား

အခ်စ္စစ္ဆိုတာ ရွားပါးတယ္။ တကယ့္အခ်စ္စစ္ကို ေတြ႕ၿပီဆိုရင္လည္း ေမၽွာ္လင့္ခ်က္ေတြ ေပ်ာ္ရႊင္မႈေတြနဲ႔ ျပည့္ႏွက္လာပါေတာ့တယ္။ အခ်စ္စစ္က လူေတြကို ပန္းေရာင္တိမ္ေတြေပၚမွာ ေမ်ာ္ေနသလိုခံစားရေအာင္ လုပ္ေဆာင္နိုင္စြမ္းရွိၿပီး အေတြးေပါင္းမ်ားစြာနဲ႔ တစ္ညလုံး နိုးၾကားေနေစနိုင္ပါတယ္။

ဒါေပမယ့္ မိမိခ်စ္တဲ့သူနဲ႔ေတြ႕တိုင္းလည္း တစ္ဘဝလုံး ေပါင္းဖက္ရမယ္လို႔ ယုံၾကည္ထားလို႔မရပါတယ္။ တစ္ဘဝလုံးစာအတြက္ ရည္ရြယ္ထားတယ္ဆိုရင္ ခ်စ္တယ္ဆိုတာထက္ ပိုတဲ့ေပးဆပ္မႈေတြ နာက်င္မႈေတြကို ခံစားနိုင္ရပါမယ္။ ဒီေန႔ kwee ေျပာျပေပးမယ့္အေၾကာင္းအရာကေတာ့ အခ်စ္စစ္နဲ႔ေတြ႕တဲ့အခ်ိန္မွာ ျဖစ္ေပၚလာတတ္တဲ့ အရာေတြအေၾကာင္းပါပဲ။

တစ္ေယာက္စိတ္ကို တစ္ေယာက္က နားလည္လာနိုင္မယ္

ေလ့လာမႈေတြအရ အခ်ိန္အၾကာႀကီး ျဖတ္သန္းခဲ့ၿပီျဖစ္တဲ့ စုံတြဲေတြဟာ တစ္ေယာက္ရဲ့ ခံစားခ်က္၊ အေတြးေတြကို တစ္ေယာက္က နားလည္နိုင္ၾကတယ္လို႔ ဆိုထားပါတယ္။ ဒါဟာ လူတစ္ေယာက္ကို သိတယ္ဆိုတာထက္ အမ်ားႀကီးပိုပါတယ္။ စကားမေျပာဘဲ တိတ္ဆိက္ေနရင္ေတာင္ တစ္ေယာက္ဘာျဖစ္ခ်င္ေနလဲဆိုတာကို ေနာက္တစ္ေယာက္က သိေနတတ္ပါတယ္။

အနာဂက္အတြက္ စိတ္ကူးေတြမၽွေဝၾကလာမယ္

ဘဝမွာ အခ်စ္စစ္ကိုေတြ႕ၿပီဆိုတာနဲ႔ ႏွစ္ေယာက္တစ္ဘဝ ဆိုၿပီးစတင္ေတြးေတာလာပါလိမ့္မယ္။ လူတိုင္းနီးပါး ကိုယ္ခ်စ္ရတဲ့သူကို အနာဂက္ေလၽွာက္လမ္းမယ့္ခရီးလမ္းမွာ ပါဝင္ေစခ်င္ၾကတယ္။ ဒါေၾကာင့္ ခ်စ္ရတဲ့သူပါတဲ့ အနာဂက္ အိပ္မက္ေတြကို အတူတူပုံေဖာ္လာၾကပါလိမ့္မယ္။ အိပ္မက္ခ်င္း မတူညီရင္ေတာင္ ကိုယ္ခ်စ္ရတဲ့သူနဲ႔ နီးစပ္ဖို႔အတြက္ နည္းလမ္းရွာေဖြလာပါလိမ့္မယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ အားအင္ေတြျဖစ္လာမယ္

တစ္ေန႔တာ ပင္ပန္းလာတဲ့အခ်ိန္ေတြမွာ အခ်င္းခ်င္း အားအင္ေတြယူၾကလာမယ္။ တစ္ေယာက္အတြက္ တစ္ေယာက္ရွိေပးျခင္းက ဘယ္ေတာ့မွ အထီးက်န္တယ္၊ စိတ္အားငယ္တယ္လို႔ မခံစားရေစဘူး။ ကိုယ္ခ်စ္ရတဲ့လူဆီက အားေပးစကားေတြ ၾကားရတာက အရာရာ ၿပီးျပည့္စုံသလို ခံစားရေစပါတယ္။

ခ်စ္ရတဲ့သူေတြနဲ႔ မိတ္ဆက္ေပးခ်င္လာမယ္

အခ်စ္စစ္ကို ေတြ႕ၿပီဆိုတာနဲ႔ ကိုယ္ခ်စ္ရတဲ့ မိသားစုဝင္ေတြ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးခ်င္လာပါလိမ့္မယ္။ ဒါကလည္း ခ်စ္ရတဲ့သူနဲ႔ေလၽွာက္မယ့္လမ္းမွာ ကိုယ္ခ်စ္ရတဲ့သူေတြရဲ့ အေထာက္အပံ့နဲ႔အားေပးမႈကို ရယူနိုင္ဖို႔အတြက္ လမ္းစျဖစ္ပါတယ္။

မတူညီမႈေတြ အေတြးအေခၚေတြကို ေလးစားလာမယ္

လူတိုင္းမွာ မတူညီတဲ့ အေတြးအေခၚေတြကိုယ္စီ ရွိၾကတယ္။ ဒီလိုဘဲ ကိုယ္ခ်စ္ရတဲ့သူနဲ႔လည္း အျမဲတမ္း အေတြးေတြ တူမေနတတ္ဘူး။ ဒီလိုအရာေတြက စုံတြဲေတြအတြက္ စိန္ေခၚမႈေတြပဲ။ ဒါေပမယ့္ ခ်စ္ရတဲ့သူရဲ့ သေဘာထားကို လက္ခံတယ္၊ လက္မခံဘူးဆိုတာထက္ ေလးစားသမႈရွိဖို႔ အေရးႀကီးပါတယ္။ သူ႔ရဲ့ အေတြးေတြကို နားေထာင္ေပးၿပီး မတူညီတာေတြကို လက္ခံေပးဖို႔ လိုအပ္ပါတယ္။

Source: Bright Side

crd kwee

Unicode

အချစ်စစ်ဆိုတာ ရှားပါးတယ်။ တကယ့်အချစ်စစ်ကို တွေ့ပြီဆိုရင်လည်း မျှော်လင့်ချက်တွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်လာပါတော့တယ်။ အချစ်စစ်က လူတွေကို ပန်းရောင်တိမ်တွေပေါ်မှာ မျော်နေသလိုခံစားရအောင် လုပ်ဆောင်နိုင်စွမ်းရှိပြီး အတွေးပေါင်းများစွာနဲ့ တစ်ညလုံး နိုးကြားနေစေနိုင်ပါတယ်။

ဒါပေမယ့် မိမိချစ်တဲ့သူနဲ့တွေ့တိုင်းလည်း တစ်ဘဝလုံး ပေါင်းဖက်ရမယ်လို့ ယုံကြည်ထားလို့မရပါတယ်။ တစ်ဘဝလုံးစာအတွက် ရည်ရွယ်ထားတယ်ဆိုရင် ချစ်တယ်ဆိုတာထက် ပိုတဲ့ပေးဆပ်မှုတွေ နာကျင်မှုတွေကို ခံစားနိုင်ရပါမယ်။ ဒီနေ့ kwee ပြောပြပေးမယ့်အကြောင်းအရာကတော့ အချစ်စစ်နဲ့တွေ့တဲ့အချိန်မှာ ဖြစ်ပေါ်လာတတ်တဲ့ အရာတွေအကြောင်းပါပဲ။

တစ်ယောက်စိတ်ကို တစ်ယောက်က နားလည်လာနိုင်မယ်

လေ့လာမှုတွေအရ အချိန်အကြာကြီး ဖြတ်သန်းခဲ့ပြီဖြစ်တဲ့ စုံတွဲတွေဟာ တစ်ယောက်ရဲ့ ခံစားချက်၊ အတွေးတွေကို တစ်ယောက်က နားလည်နိုင်ကြတယ်လို့ ဆိုထားပါတယ်။ ဒါဟာ လူတစ်ယောက်ကို သိတယ်ဆိုတာထက် အများကြီးပိုပါတယ်။ စကားမပြောဘဲ တိတ်ဆိက်နေရင်တောင် တစ်ယောက်ဘာဖြစ်ချင်နေလဲဆိုတာကို နောက်တစ်ယောက်က သိနေတတ်ပါတယ်။

အနာဂက်အတွက် စိတ်ကူးတွေမျှဝေကြလာမယ်

ဘဝမှာ အချစ်စစ်ကိုတွေ့ပြီဆိုတာနဲ့ နှစ်ယောက်တစ်ဘဝ ဆိုပြီးစတင်တွေးတောလာပါလိမ့်မယ်။ လူတိုင်းနီးပါး ကိုယ်ချစ်ရတဲ့သူကို အနာဂက်လျှောက်လမ်းမယ့်ခရီးလမ်းမှာ ပါဝင်စေချင်ကြတယ်။ ဒါကြောင့် ချစ်ရတဲ့သူပါတဲ့ အနာဂက် အိပ်မက်တွေကို အတူတူပုံဖော်လာကြပါလိမ့်မယ်။ အိပ်မက်ချင်း မတူညီရင်တောင် ကိုယ်ချစ်ရတဲ့သူနဲ့ နီးစပ်ဖို့အတွက် နည်းလမ်းရှာဖွေလာပါလိမ့်မယ်။

တစ်ယောက်နဲ့တစ်ယောက် အားအင်တွေဖြစ်လာမယ်

တစ်နေ့တာ ပင်ပန်းလာတဲ့အချိန်တွေမှာ အချင်းချင်း အားအင်တွေယူကြလာမယ်။ တစ်ယောက်အတွက် တစ်ယောက်ရှိပေးခြင်းက ဘယ်တော့မှ အထီးကျန်တယ်၊ စိတ်အားငယ်တယ်လို့ မခံစားရစေဘူး။ ကိုယ်ချစ်ရတဲ့လူဆီက အားပေးစကားတွေ ကြားရတာက အရာရာ ပြီးပြည့်စုံသလို ခံစားရစေပါတယ်။

ချစ်ရတဲ့သူတွေနဲ့ မိတ်ဆက်ပေးချင်လာမယ်

အချစ်စစ်ကို တွေ့ပြီဆိုတာနဲ့ ကိုယ်ချစ်ရတဲ့ မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးချင်လာပါလိမ့်မယ်။ ဒါကလည်း ချစ်ရတဲ့သူနဲ့လျှောက်မယ့်လမ်းမှာ ကိုယ်ချစ်ရတဲ့သူတွေရဲ့ အထောက်အပံ့နဲ့အားပေးမှုကို ရယူနိုင်ဖို့အတွက် လမ်းစဖြစ်ပါတယ်။

မတူညီမှုတွေ အတွေးအခေါ်တွေကို လေးစားလာမယ်

လူတိုင်းမှာ မတူညီတဲ့ အတွေးအခေါ်တွေကိုယ်စီ ရှိကြတယ်။ ဒီလိုဘဲ ကိုယ်ချစ်ရတဲ့သူနဲ့လည်း အမြဲတမ်း အတွေးတွေ တူမနေတတ်ဘူး။ ဒီလိုအရာတွေက စုံတွဲတွေအတွက် စိန်ခေါ်မှုတွေပဲ။ ဒါပေမယ့် ချစ်ရတဲ့သူရဲ့ သဘောထားကို လက်ခံတယ်၊ လက်မခံဘူးဆိုတာထက် လေးစားသမှုရှိဖို့ အရေးကြီးပါတယ်။ သူ့ရဲ့ အတွေးတွေကို နားထောင်ပေးပြီး မတူညီတာတွေကို လက်ခံပေးဖို့ လိုအပ်ပါတယ်။

Source: Bright Side

crd kwee