ဗဟုသုတ

“ ကွယ်လွန်တော့မှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ ပေးဆပ်သွားတဲ့ ဒီလူကြီး ”

Zawgyi

“ ကြယ္လြန္ေတာ့မွာကို ႀကိဳသိ ႀကိဳနိမိတ္ဖတ္ၿပီး မိမိအသက္ကို တိုင္းျပည္အတြက္သိသိႀကီးနဲ႔ ေပးဆပ္သြားတဲ့ ဒီလူႀကီး ”

စစ္ဗိုလ္ခ်ဳပ္တဦးျဖစ္ေပမဲ့ ဝတ္စရာအဝတ္သုံးစုံပဲ ရွိတယ္ဆိုတဲ့ ဒီလူႀကီး….ထမင္းမစားရတာ ႏွစ္ရက္ရွိၿပီ ထမင္းနည္းနည္း ေလာက္ေပးပါဆိုၿပီး ေတာင္းစားခဲ့ဘူးတဲ့ ဒီလူႀကီး…..လမ္းေဘးမွာ ခ်မ္းခ်မ္းတီးတီးနဲ႔အိပ္ေနတဲ့ လူတေယာက္ကို မင္းဆင္းရဲတာ ငါနဲ႔ဆိုင္တယ္ဆိုၿပီ ဝတ္ထားတဲ့အေႏြးထည္ကို ခြၽတ္ေပးခဲ့တဲ့ ဒီလူႀကီး….

အီတလီဘုန္းေတာ္ႀကီး ဦးေလာကနာထ ထံမွာ ရဟန္းဝတ္ၿပီး သာသနာျပဳဖို႔ ခြင့္ေတာင္းတာကို မိခင္က ခြင့္မျပဳလို႔ သူ႔အတြက္ တရားရႏိုင္မဲ့ အခြင့္အေရးကို လက္လႊတ္ဆုံးရႈံးခံၿပီး ျမန္မာ ျပည္သူေတြအတြက္ အသက္ေပးဆပ္သြားခဲ့ရ ရွာတဲ့ ဒီလူႀကီး….ေဆြမ်ိဳးေတြက လက္ေဆာင္ေပးတဲ့ ဆီဗုံးကို တတိုင္းျပည္လုံးဆင္းရဲေနတာ ငါဒီလိုစားရတာ စိတ္မသန္႔ဘူးဆိုၿပီး ဆီေတြကိုသြန္ျပစ္ခဲ့တဲ့ ဒီလူႀကီး….

 

႐ုပ္ရွင္ၾကည့္တာေတာင္ ( ငါးမႈးတန္း ) ေရွ႕ဆုံးတန္းကေနၾကည့္ခဲ့တဲ့ ဒီလူႀကီး…ကားေမာင္းတဲ့သူက ဗိုလ္ခ်ဳပ္ပါေနတာပဲရပါတယ္လို႔ေျပာေတာ့ ဗိုလ္ခ်ဳပ္က ဗိုလ္ခ်ဳပ္ ဥပေဒက ဥပေဒ ဆိုၿပီး ေျပာခဲ့တဲ့ ဒီလူႀကီး…..သူေသေတာ့ ဂႏၵီကိုယ္တိုင္ မ်က္ရည္က်ၿပီး ငါ့သားတေယာက္လိုမ်ိဳးေရာ ကမာၻေခါင္းေဆာင္ ေတြအတြက္ေရာ အစားထိုးမရတဲ့ဆုံးရႈံးမႈ႕ဆိုၿပီးျမည္တြန္တမ္းတခဲ့ရတဲ့ ဒီလူႀကီး….

မဂၤလာဒုံဘက္က ေျမကြက္ေလးေတာ့ လိုခ်င္သား ပိုက္ဆံက မရွိဘူး လို႔ ညည္းဘူးတဲ့ ဒီလူႀကီး….မိဘဆီက ပိုက္ဆံျပန္ေတာင္းၿပီး သုံးရလို႔အဆူခံရတဲ့ ဒီလူႀကီး….လြပ္လပ္ေရးေတာင္းေတာ့ မေပးရင္ဘာလုပ္မလဲ ဆိုတဲ့အဂၤလိပ္ဘုရင္ခံရဲ႕ ေမးခြန္းကို မေပးရင္တိုက္ယူမယ္ဆိုၿပီး ၿပဳံး႐ႊင္တည္ၾကည္ရဲရင့္စြာနဲ႔ တုန္႔ျပန္ခဲ့တဲ့ ဒီလူႀကီး….

လြပ္လပ္ေရးေတာင္းဆိုၿပီးျပန္လာရင္ အသတ္ခံရေတာ့မယ္ဆိုတာကို ရဟန္းပညာရွိ လူပညာရွိေတြကသိလို႔ သတိေပးေပမဲ့ သိသိႀကီးနဲ႔သြားေရာက္ေတာင္းဆိုတယ္….အဂၤလိပ္ဘုရင္ခံခ်ဳပ္ကို က်ဳပ္တို႔တိုင္းျပည္မွာအမ်ိဳးသားေရးေခါင္းေဆာင္တေယာက္က သက္ဆိုးမရွည္ဘူး အသတ္ခံရမွာ ဆိုၿပီးေသမွာကို ႀကိဳသိ ႀကိဳနိမိတ္ဖတ္ၿပီး မိမိအသက္ကို တိုင္းျပည္အတြက္သိသိႀကီးနဲ႔ေပးဆပ္သြားတဲ့ ဒီလူႀကီး

ေၾသာ္ – – – – –ဒီလိုလူႀကီးမ်ိဳးရဲ႕ ဂုဏ္ေက်းဇူးကို ဘယ္ေလာက္ပဲ စာဖြဲ႕ပါေစ ကုန္မယ္ မထင္နိ ုင္ေတာ့ပါဘူး….ဒီလူႀကီးေၾကာင့္ ရခဲ့တဲ့ လြတ္လပ္ေရးေန႔ကိုေရာက္တိုင္း ျမန္မာျပည္သူျပည္သားေတြရဲ႕ ရင္ထဲမွာ ဒီလူႀကီးကို ထာဝရ ေက်းဇူးတင္ရွိေနမွာပါ….ေဖေဖၚဝါရီတစ္ဆယ့္သုံးရက္ ဇန္နဝါရီေလး ရက္နဲ႔ ူူဇူလိုင္ တစ္ဆယ့္ကိုး ရက္ေတြေရာက္တိုင္ ဒီလူႀကီးကို အၿမဲတမ္း သတိယေနမယ္ဆိုတာ အေသအခ်ာပါပဲ….႐ူးသြပ္တယ္ပဲ ေျပာပါေစ…..ေနာင္တခ်ိန္ ဒီလိုလူႀကီး ေခါင္းေဆာင္တဲ့တိုင္းျပည္မွာ လူျပန္ျဖစ္မယ္ဆိုရင္ အၿမဲတမ္း ျဖစ္ရပါလို၏လို႔ ဆုေတာင္းပါတယ္…..။share ျခင္းျဖင့္ ဒီလူႀကီးကို ဂုဏ္ျပဳလိုက္ၾကရေအာင္ပါ….

Unicode

“ ကွယ်လွန်တော့မှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ ပေးဆပ်သွားတဲ့ ဒီလူကြီး ”

စစ်ဗိုလ်ချုပ်တဦးဖြစ်ပေမဲ့ ဝတ်စရာအဝတ်သုံးစုံပဲ ရှိတယ်ဆိုတဲ့ ဒီလူကြီး….ထမင်းမစားရတာ နှစ်ရက်ရှိပြီ ထမင်းနည်းနည်း လောက်ပေးပါဆိုပြီး တောင်းစားခဲ့ဘူးတဲ့ ဒီလူကြီး…..လမ်းဘေးမှာ ချမ်းချမ်းတီးတီးနဲ့အိပ်နေတဲ့ လူတယောက်ကို မင်းဆင်းရဲတာ ငါနဲ့ဆိုင်တယ်ဆိုပြီ ဝတ်ထားတဲ့အနွေးထည်ကို ချွတ်ပေးခဲ့တဲ့ ဒီလူကြီး….

အီတလီဘုန်းတော်ကြီး ဦးလောကနာထ ထံမှာ ရဟန်းဝတ်ပြီး သာသနာပြုဖို့ ခွင့်တောင်းတာကို မိခင်က ခွင့်မပြုလို့ သူ့အတွက် တရားရနိုင်မဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးခံပြီး မြန်မာ ပြည်သူတွေအတွက် အသက်ပေးဆပ်သွားခဲ့ရ ရှာတဲ့ ဒီလူကြီး….ဆွေမျိုးတွေက လက်ဆောင်ပေးတဲ့ ဆီဗုံးကို တတိုင်းပြည်လုံးဆင်းရဲနေတာ ငါဒီလိုစားရတာ စိတ်မသန့်ဘူးဆိုပြီး ဆီတွေကိုသွန်ပြစ်ခဲ့တဲ့ ဒီလူကြီး….

ရုပ်ရှင်ကြည့်တာတောင် ( ငါးမှုးတန်း ) ရှေ့ဆုံးတန်းကနေကြည့်ခဲ့တဲ့ ဒီလူကြီး…ကားမောင်းတဲ့သူက ဗိုလ်ချုပ်ပါနေတာပဲရပါတယ်လို့ပြောတော့ ဗိုလ်ချုပ်က ဗိုလ်ချုပ် ဥပဒေက ဥပဒေ ဆိုပြီး ပြောခဲ့တဲ့ ဒီလူကြီး…..သူသေတော့ ဂန္ဒီကိုယ်တိုင် မျက်ရည်ကျပြီး ငါ့သားတယောက်လိုမျိုးရော ကမ္ဘာခေါင်းဆောင် တွေအတွက်ရော အစားထိုးမရတဲ့ဆုံးရှုံးမှု့ဆိုပြီးမြည်တွန်တမ်းတခဲ့ရတဲ့ ဒီလူကြီး….

မင်္ဂလာဒုံဘက်က မြေကွက်လေးတော့ လိုချင်သား ပိုက်ဆံက မရှိဘူး လို့ ညည်းဘူးတဲ့ ဒီလူကြီး….မိဘဆီက ပိုက်ဆံပြန်တောင်းပြီး သုံးရလို့အဆူခံရတဲ့ ဒီလူကြီး….လွပ်လပ်ရေးတောင်းတော့ မပေးရင်ဘာလုပ်မလဲ ဆိုတဲ့အင်္ဂလိပ်ဘုရင်ခံရဲ့ မေးခွန်းကို မပေးရင်တိုက်ယူမယ်ဆိုပြီး ပြုံးရွှင်တည်ကြည်ရဲရင့်စွာနဲ့ တုန့်ပြန်ခဲ့တဲ့ ဒီလူကြီး….

လွပ်လပ်ရေးတောင်းဆိုပြီးပြန်လာရင် အသတ်ခံရတော့မယ်ဆိုတာကို ရဟန်းပညာရှိ လူပညာရှိတွေကသိလို့ သတိပေးပေမဲ့ သိသိကြီးနဲ့သွားရောက်တောင်းဆိုတယ်….အင်္ဂလိပ်ဘုရင်ခံချုပ်ကို ကျုပ်တို့တိုင်းပြည်မှာအမျိုးသားရေးခေါင်းဆောင်တယောက်က သက်ဆိုးမရှည်ဘူး အသတ်ခံရမှာ ဆိုပြီးသေမှာကို ကြိုသိ ကြိုနိမိတ်ဖတ်ပြီး မိမိအသက်ကို တိုင်းပြည်အတွက်သိသိကြီးနဲ့ပေးဆပ်သွားတဲ့ ဒီလူကြီး

သြော် – – – – –ဒီလိုလူကြီးမျိုးရဲ့ ဂုဏ်ကျေးဇူးကို ဘယ်လောက်ပဲ စာဖွဲ့ပါစေ ကုန်မယ် မထင်နိ ုင်တော့ပါဘူး….ဒီလူကြီးကြောင့် ရခဲ့တဲ့ လွတ်လပ်ရေးနေ့ကိုရောက်တိုင်း မြန်မာပြည်သူပြည်သားတွေရဲ့ ရင်ထဲမှာ ဒီလူကြီးကို ထာဝရ ကျေးဇူးတင်ရှိနေမှာပါ….

ဖေဖေါ်ဝါရီတစ်ဆယ့်သုံးရက် ဇန်နဝါရီလေး ရက်နဲ့ ူူဇူလိုင် တစ်ဆယ့်ကိုး ရက်တွေရောက်တိုင် ဒီလူကြီးကို အမြဲတမ်း သတိယနေမယ်ဆိုတာ အသေအချာပါပဲ….ရူးသွပ်တယ်ပဲ ပြောပါစေ…..နောင်တချိန် ဒီလိုလူကြီး ခေါင်းဆောင်တဲ့တိုင်းပြည်မှာ လူပြန်ဖြစ်မယ်ဆိုရင် အမြဲတမ်း ဖြစ်ရပါလို၏လို့ ဆုတောင်းပါတယ်…..။

share ခြင်းဖြင့် ဒီလူကြီးကို ဂုဏ်ပြုလိုက်ကြရအောင်ပါ….