အခ်စ္နွင့္ဘဝ
ယောင်္ကျားလေးတွေ ကိုယ့်ကိုတမ်းတမ်းစွဲနေစေဖို့ မိန်းကလေးတွေလိုက်နာသင့်တဲ့အရာမျာ
Credit:Nanmalgyi
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်…
# Unicode Version ဖြင့် ဖတ်ပါ #
ဘယ်အရာကိုမဆို အလွယ်ရရင် တန်ဖိုးမထားတတ်ကြတာ သဘာဝပဲလေ ဟုတ်တယ်ဟုတ်?ဆိုတော့ ဒီတစ်ခါမှာတော့ ယောင်္ကျားလေးတွေ ကိုယ့်ကိုရူးသွပ်မတတ်စွဲလမ်းနေစေဖို့ မိန်းကလေးတွေ လိုက်နာရမယ့် အချေနည်းတွေကို စုစည်းဖော်ပြအကြံပြုလိုက်ပါတယ်။ ။
1.သူ့ရဲ့ဖုန်းခေါ်သံကြားတိုင်း အပြေးအလွှားသွားကောက်ကိုင်နေစရာမလိုပါဘူး။သင့်မှာလည်း မအားလပ်တဲ့အချိန်ဆိုတာ ရှိအုံးမှာပဲလေ…။
2.msgတွေကို ဆိုင်ဆိုင်မဆိုင်ဆိုင် တရစပ်ဖြေနေတာမျိုးထက် လိုရင်းတိုရှင်းပဲဖြေပါ။
3.ကိုယ့်ကိုလာရှိတ်နေတဲ့စာကို ချက်ချင်းရပလိုင်းပြန်တာထက် နာရီဝက်၊တစ်နာရီလောက်ခြားပြီးမှ ပြန်ပါ။မဟုတ်ရင် ကိုယ်ပဲ သူစကားလာစပြောမှာကို စောင့်နေတဲ့အတိုင်း အထင်ခံရနိုင်တယ်လေ…။
4.”နောက် ၅မိနစ်အတွင်း သင်ဘာလုပ်မလဲ?’’ဆိုတဲ့ အဆက်အစပ်မရှိ သင့်အချိန်တွေ၊စိတ်ကူးတွေကို စွက်ဖက်လိုတဲ့ မေးခွန်းမျိုးကို ဖြေနေစရာမလိုပါဘူး။လျစ်လျူရှုလိုက်တာ အကောင်းဆုံးပါ။
5.သင်ခုချိန်မှာ ဘာလုပ်နေမလဲ?ဘယ်မှာရှိနေနိုင်မလဲ?ဘသူနဲ့ရှိနေလောက်သလဲ?? အစရှိတဲ့ မေးခွန်းအကြောင်းအရာတွေကို သင့်ကိုသဘောကျချစ်နှစ်သက်သူတွေကို တွေးစေပြီး ပူပန်နေစေပါလေ။ကိုယ့်ရဲ့နေ့စဉ်မှတ်တမ်းတစ်ခုလုံးကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ထားတဲ့စာအုပ်တစ်အုပ်လို ဒလဟောကြီးဖွင့်ပြနေတာတော့ မဟုတ်သေးဘူးလေနော်…။
6.သူ့ပရိုဖိုင်းအောက်မှာပဲ တဝဲလည်လည်ဖြစ်နေတာမျိုး၊မလိုအပ်ပဲ သူ့TIMELINEမှာစာသွားရေးတာမျိုး၊အမြဲလိုလိုသွားမန့်တာမျိုးတွေ မလုပ်ပါနဲ့။အချိန်တခဏတော့ စိတ်ထိန်းလေနော်….။
7.သင်နဲ့စကားပြောရတာ ရိုးအီသွားတာမျိုး၊ငြီးငွေ့သွားတာမျိုး မဖြစ်ရလေအောင် တစ်နေ့မှာမိနစ်၂၀ထက်ပိုပြီး မchatပါနဲ့။အမြဲchatနေတာမျိုးထက် လူကိုယ်တိုင်တွေ့ဆုံတာမျိုးကို ပိုဦးစားပေးပါ။
8.မိန်းကလေးတွေရဲ့ သင်္ကေတတစ်ခုလို့တောင် ပြောလို့ရတဲ့ smiley emojiတွေကို ပြုံသုံးတာမျိုးလည်း မလုပ်ပါနဲ့။အဲလိုတပြုံကြီးသုံးတာဟာ ကလေးဆန်ပြီး သင့်စိတ်ရင်းကို ထိမိစွာ ဖော်ပြရာမရောက်လို့ပါ။