ၾကားသိရသမွ်

သွေးထွက်အောင်မှန်နေတဲ့ နိမိတ်တဘောင် နှင့် ယနေ့မြန်မာ

ကုန်း ဘောင် ခေတ် က တည်း က ပေါ် ခဲ့ တဲ့ နာမည်ကျော် တဘောင် တစ် ခု ရဲ့ အဓိပ္ပာယ် ဖွင့် ဆိုချက်

(၁) ဟင်္သာမင်း အင်းကို ဆင်း မည် ။

( ၂ ) ထိုဟင်္သာ ကို မုဆိုး လေးနဲ့ခွင်းမည်။

( ၃ ) မုဆိုး ကို ထီးရိုးရိုက်လိမ့်မည် ။

(၄)ထီးရိုး ကို မိုးကြိုးပစ်လိမ့်မည်။

(၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့်မည်။

(၆) ဧရာဝတီ ခမ်းလိမ့်မည်။

(၇)လက်ပံ လည်း ရှားလိမ့်မည်။

(၈)ကြက်မတွန် လို့ မိုးလင်းမည် ။

(၉)ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်

(၁၀)ဗုဒ္ဓရာဇာသာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည်။

အဓိပ္ပာယ် ဖွင့်ဆိုချက်များ

(၁) ဟင်္သာမင်း အင်းကို ဆင်း မည် ။ ဟံသာဝတီမွန် တို့ အင်းဝ ကို သိမ်းပိုက် လိမ့်မည်။ ဟင်္သာမှာ ဟံသာဝတီမွန်တို့၏ အမှတ်အသားဖြစ်ပြီး အင်းဆိုသည်မှာ အင်းဝကို ဆိုလိုသည်။ အင်းတို့၏ အဝမှာ ရှိလို့ အင်းဝ (InWa)၊ မြစ်တို့အင်းတို့ ၏ ဆုံရာအဝမှာရှိလို့ အဝ ( AVA )၊ အင်းကိုး အင်းအလယ်မှာ ရှိလို့ အင်းနဝ(Innwa) စ သဖြင့် ခေါ်ဆိုခဲ့ကြ ပါ သည် ။

(၂)ထိုဟင်္သာကို မုဆိုး လေး နဲ့ခွင်း မည် ။ ထိုဟံသာဝတီ အင်အားစု ကို မုဆိုးဘို (ရွှေဘို)အင်အားစုက အနိုင်ယူလိမ့်မည်။ ကုန်းဘောင်မင်းဆက်ကို အချို့က မုဆိုးမင်းဆက်ဟုလည်း ခေါ်ကြ သည် ။

(၃)မုဆိုးကို ထီးရိုးရိုက် လိမ့်မည် ။ ထိုကုန်းဘောင်မင်းဆက်ခေါ် မုဆိုးမင်းဆက်ကို စနေနံတိုင်းတပါးမင်းက အနိုင်ယူ ဖြုတ်ချလိမ့်မည်။

(၄)ထီးရိုးကို မိုးကြိုးပစ် လိမ့်မည် ။ စနေနံတိုင်းတပါးမင်းအစိုးရကို ကြာသပတေးနံပုဂ္ဂိုလ်နဲ့ ကြာသာပတေးနံ အဖွဲ့အစည်း တို့က ဖြုတ်ချဖယ်ရှားပြီး လွတ်လပ်ရေး အရယူပေးလိမ့်မည်။ ဗမာ့လွတ်လပ်ရေး တပ်မတော် ၊ ဗမာ့ကာကွယ်ရေး တပ်မတော်၊ မျိုးချစ် ဗမာ့တပ်မတော်၊ ဖတပလ၊ ဖဆပလ၊ ဗိုလ်ချုပ်အောင်ဆန်း.. အားလုံးဟာ ကြာသာပတေးနံများသာ ဖြစ်သည် ကို အံ့သြဖွယ်တွေ့ရလိမ့်မည်။

(၅)သံခမောက်ဆောင်း လေးယောက် ပေါ်လိမ့် မည် ။ တပ်မတော် မှာ အမြင့်ဆုံးခေါင်းဆောင် ဖြစ်ခဲ့သူများထဲမှ လေးယောက်မှာ နိုင်ငံ၏အမြင့်ဆုံးခေါင်းဆောင်ဖြစ်မည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်ကြီးနေဝင်း ၊ ဗိုလ်ချုပ်မှူးကြီးစောမော င်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ..

(၆) ဧရာဝတီ ခမ်းလိမ့်မည်။ ယခုပင် နွေရာသီ ဆို ဧရာဝတီ မှာ မော်တော်၊ သင်္ဘောတွေ ဝါးလုံးထောက် စမ်းပြီးသွားနေရပြီ။ မြစ်ဆုံစီမံကိန်းသာ အကောင်အထည်ဖော်လို့ကတော့ သွားပြီ..

(၇) လက်ပံလည်း ရှား လိမ့်မည် ။ တိုက်တိုက် ဆိုင်ဆိုင်ပင် ယခု အတောအတွင်း တရုတ် နဲ့ ကမ္ဘာ့ဈေးကွက် က ကျွန်းသစ်ထက်တောင်ကြိုက်လို့ အများဆုံးခိုးထုတ်ခံနေရသော တမလန်းသစ် မှာ လက်ပံမျိုးနွယ် ဟု သိရ သည် ။

(၈) ကြက်မတွန်လို့ မိုးလင်းမည်။အမျိုးသမီးခေါင်းဆောင် တစ်ယောက် က မြန်မာပြည် ကို ပြည်သူ့ အာဏာပိုင်စိုးသော ဒီမိုကရေစီအလင်းခေတ်သို့ ရောက်စေလိမ့်မည်။

(၉) ဗုဒ္ဓရာဇာကိန်းနဲ့အညီ နန်းသိမ်းလိမ့်မည်။ သို့သော်..ထို အမျိုးသမီးခေါင်းဆောင်ပြီးနောက် အမျိုးဘာသာသာသနာ ကို စောင့်ရှောက်အလေးထားသော မင်းအစိုးရ တက်လာပြီး သာသနာတော် ကို ပြန်လည်ထွန်းလင်းစေ လိမ့်မည် ။ (ဗုဒ္ဓရာဇာ= ဗုဒ္ဓသာသနာပြုမင်း)

(၁၀)ဗုဒ္ဓရာဇာ သာသနာပြု မင်းကောင်းမင်းမြတ် ပေါ်လာပြီးနောက်ပိုင်း တိုင်းပြည်ကြီး စည်ကားသာယာ ဝပြောလိမ့်မည် ။ ဒါကတော့ ဖြစ်မလာသေးလို့ စောင့်ကြည့်ရပေအုံးမည် ။

ဒေါက်တာအရှင်လက္ခဏသာရ

zawgyi

ကုန္း ေဘာင္ ေခတ္ က တည္း က ေပၚ ခဲ့ တဲ့ နာမည္ေက်ာ္ တေဘာင္ တစ္ ခု ရဲ့ အဓိပၸာယ္ ဖြင့္ ဆိုခ်က္

(၁) ဟသၤာမင္း အင္းကို ဆင္း မည္ ။

( ၂ ) ထိုဟသၤာ ကို မုဆိုး ေလးနဲ႔ခြင္းမည္။

( ၃ ) မုဆိုး ကို ထီးရိုးရိုက္လိမ့္မည္ ။

(၄)ထီးရိုး ကို မိုးႀကိဳးပစ္လိမ့္မည္။

(၅)သံခေမာက္ေဆာင္း ေလးေယာက္ ေပၚလိမ့္မည္။

(၆) ဧရာဝတီ ခမ္းလိမ့္မည္။

(၇)လက္ပံ လည္း ရွားလိမ့္မည္။

(၈)ၾကက္မတြန္ လို႔ မိုးလင္းမည္ ။

(၉)ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္

(၁၀)ဗုဒၶရာဇာသာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္။

အဓိပၸာယ္ ဖြင့္ဆိုခ်က္မ်ား

(၁) ဟသၤာမင္း အင္းကို ဆင္း မည္ ။ ဟံသာဝတီမြန္ တို႔ အင္းဝ ကို သိမ္းပိုက္ လိမ့္မည္။ ဟသၤာမွာ ဟံသာဝတီမြန္တို႔၏ အမွတ္အသားျဖစ္ၿပီး အင္းဆိုသည္မွာ အင္းဝကို ဆိုလိုသည္။ အင္းတို႔၏ အဝမွာ ရွိလို႔ အင္းဝ (InWa)၊ ျမစ္တို႔အင္းတို႔ ၏ ဆုံရာအဝမွာရွိလို႔ အဝ ( AVA )၊ အင္းကိုး အင္းအလယ္မွာ ရွိလို႔ အင္းနဝ(Innwa) စ သျဖင့္ ေခၚဆိုခဲ့ၾက ပါ သည္ ။

(၂)ထိုဟသၤာကို မုဆိုး ေလး နဲ႔ခြင္း မည္ ။ ထိုဟံသာဝတီ အင္အားစု ကို မုဆိုးဘို (ေရႊဘို)အင္အားစုက အနိုင္ယူလိမ့္မည္။ ကုန္းေဘာင္မင္းဆက္ကို အခ်ိဳ႕က မုဆိုးမင္းဆက္ဟုလည္း ေခၚၾက သည္ ။

(၃)မုဆိုးကို ထီးရိုးရိုက္ လိမ့္မည္ ။ ထိုကုန္းေဘာင္မင္းဆက္ေခၚ မုဆိုးမင္းဆက္ကို စေနနံတိုင္းတပါးမင္းက အနိုင္ယူ ျဖဳတ္ခ်လိမ့္မည္။

(၄)ထီးရိုးကို မိုးႀကိဳးပစ္ လိမ့္မည္ ။ စေနနံတိုင္းတပါးမင္းအစိုးရကို ၾကာသပေတးနံပုဂၢိဳလ္နဲ႔ ၾကာသာပေတးနံ အဖြဲ႕အစည္း တို႔က ျဖဳတ္ခ်ဖယ္ရွားၿပီး လြတ္လပ္ေရး အရယူေပးလိမ့္မည္။ ဗမာ့လြတ္လပ္ေရး တပ္မေတာ္ ၊ ဗမာ့ကာကြယ္ေရး တပ္မေတာ္၊ မ်ိဳးခ်စ္ ဗမာ့တပ္မေတာ္၊ ဖတပလ၊ ဖဆပလ၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္း.. အားလုံးဟာ ၾကာသာပေတးနံမ်ားသာ ျဖစ္သည္ ကို အံ့ၾသဖြယ္ေတြ႕ရလိမ့္မည္။

(၅)သံခေမာက္ေဆာင္း ေလးေယာက္ ေပၚလိမ့္ မည္ ။ တပ္မေတာ္ မွာ အျမင့္ဆုံးေခါင္းေဆာင္ ျဖစ္ခဲ့သူမ်ားထဲမွ ေလးေယာက္မွာ နိုင္ငံ၏အျမင့္ဆုံးေခါင္းေဆာင္ျဖစ္မည္။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ၊ ဗိုလ္ခ်ဳပ္မႉးႀကီးေစာေမာ င္၊ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေရႊ..

(၆) ဧရာဝတီ ခမ္းလိမ့္မည္။ ယခုပင္ ေႏြရာသီ ဆို ဧရာဝတီ မွာ ေမာ္ေတာ္၊ သေဘၤာေတြ ဝါးလုံးေထာက္ စမ္းၿပီးသြားေနရၿပီ။ ျမစ္ဆုံစီမံကိန္းသာ အေကာင္အထည္ေဖာ္လို႔ကေတာ့ သြားၿပီ..

(၇) လက္ပံလည္း ရွား လိမ့္မည္ ။ တိုက္တိုက္ ဆိုင္ဆိုင္ပင္ ယခု အေတာအတြင္း တ႐ုတ္ နဲ႔ ကမၻာ့ေဈးကြက္ က ကၽြန္းသစ္ထက္ေတာင္ႀကိဳက္လို႔ အမ်ားဆုံးခိုးထုတ္ခံေနရေသာ တမလန္းသစ္ မွာ လက္ပံမ်ိဳးႏြယ္ ဟု သိရ သည္ ။

(၈) ၾကက္မတြန္လို႔ မိုးလင္းမည္။အမ်ိဳးသမီးေခါင္းေဆာင္ တစ္ေယာက္ က ျမန္မာျပည္ ကို ျပည္သူ႔ အာဏာပိုင္စိုးေသာ ဒီမိုကေရစီအလင္းေခတ္သို႔ ေရာက္ေစလိမ့္မည္။

(၉) ဗုဒၶရာဇာကိန္းနဲ႔အညီ နန္းသိမ္းလိမ့္မည္။ သို႔ေသာ္..ထို အမ်ိဳးသမီးေခါင္းေဆာင္ၿပီးေနာက္ အမ်ိဳးဘာသာသာသနာ ကို ေစာင့္ေရွာက္အေလးထားေသာ မင္းအစိုးရ တက္လာၿပီး သာသနာေတာ္ ကို ျပန္လည္ထြန္းလင္းေစ လိမ့္မည္ ။ (ဗုဒၶရာဇာ= ဗုဒၶသာသနာျပဳမင္း)

(၁၀)ဗုဒၶရာဇာ သာသနာျပဳ မင္းေကာင္းမင္းျမတ္ ေပၚလာၿပီးေနာက္ပိုင္း တိုင္းျပည္ႀကီး စည္ကားသာယာ ဝေျပာလိမ့္မည္ ။ ဒါကေတာ့ ျဖစ္မလာေသးလို႔ ေစာင့္ၾကည့္ရေပအုံးမည္ ။

ေဒါက္တာအရွင္လကၡဏသာရ