မနက် ၈နာရီက ဈေးကိုဈေးဝယ်ဖို့သူ့ အမေကလွှတ်လိုက်တာ ကလေး ပြန်လာတဲ့လမ်းမှာ လမ်းမေးမယ်ဆိုပြီး ကလေးကို မေ့ဆေးအုပ်ပြီး ကားနဲ့တင်ခေါ်သွားတာ ၁၁နာရီလောက့်မှ ကလေးက သတိပြန်ရလာပြီး ကားပေါ်ကခုန်ချပြီး ပြန်ပြေးလာရင်း
Unicode

“ကလေးကို မေ့ဆေးအုပ်ပြီး ကားနဲ့တင်ခေါ်သွားတဲ့ တကယ့်ဖြစ်ရပ်မှန်” (ကလေးမိဘများ အထူးသတိထားကြပါ)
မနက် ၈နာရီက စျေးကိုစျေးဝယ်ဖို့သူ့ အမေကလွှတ်လိုက်တာ ကလေး ပြန်လာတဲ့လမ်းမှာ လမ်းမေးမယ်ဆိုပြီး ကလေးကို မေ့ဆေးအုပ်ပြီး ကားနဲ့တင်ခေါ်သွားတာ ၁၁နာရီလောက့်မှ ကလေးက သတိပြန်ရလာပြီး ကားပေါ်ကခုန်ချပြီး ပြန်ပြေးလာရင်း
လက်ပံတန်းမြို့ထဲမဝင်တက်တော့ပဲ သာယာဝတီ တိုးဂိတ်ထိရောက့်သွားပြီး စစ်သားတစ်ဥိးကို အကူညီတောင်းပြီး အိမ်ကို ပြန်လိုက်ပို့တော့ မှ အဖြစ်မှန်ကို လက်ပံတန်းမြို့ ရဲစခန်းမှာ ကလေးကပြောပြပြီး အခုတော့ ကလေးလည်း သူ့မိဘဆီပြန်ရောက့်ပါပြီ
အခုထိတော့ ဆေးအရှိန်နဲ့ ကလေးက သိပ်ပြီး မူမမှန်သေးပါဘူး ကလေးပြောနိုင်တဲ့အချိန်ကပြောပြအချက်အရတော့ ကားပေါ်မှာ သူနဲ့ရွယ်တူ ၂ဝယောက်လောက့်ပါတယ်ပြောပါတယ် သူခေါ်နှိုးလို့လည်း မရဘူးပြောပါတယ်
ကားပေါ်မှ ကလေးမိဘများလည်း ဒီ post လေးမြင်နိုင်ပါစေ…… ပုံထဲက ကလေးက နန်းထိုက် ရဲ့ တူအရင်းလေးပါ…… ကလေးမိဘများ သတိထားနိုင်ဖို့ ဒီ post လေးကို ရေးတင်ရခြင်းပါ
ကားပေါ်က ကလေးလေးတွေလည်း အန္တရယ်ကင်းပါစေ မိဘတွေနဲ့ပြန်ဆုံတွေ့ပါစေလို့ ဆုတောင်းပေးပါတယ် 🙏🙏🙏
တူလေးကို အိမ်ကိုပြန်ရောက်အောင် ဆက်သွယ်အကြောင်းကြားပေးပါသော သာယာဝတီမှ တာဝန်ရှိသူများနဲ့တူလေးကို သာယာဝတီအထိ သွားရောက့်ခေါ်ပေးပါသော လက်ပံတန်းမြို့ ကျွန်းကလေးရဲစခန်းမှ ရဲဘော်လေးကိုလည်း ကျေးဇူးအထူးပဲတင်ပါတယ်ရှင့်🙏🙏🙏
Nann Htike Shwe Sin FB မှ ကူးယူဖော်ပြသည်
Credit to Nann Htike Shwe Sin FB



