မွေးကတည်းက ဒီချိန်ထိ မမြင်ဖူးတဲ့ ပြင်ဦးလွင် ကန်တော်ကြီး အခြေအနေ
ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်ပြီး မြေကြီးများ ကွဲအက်( 16.3.2021 )
ပြင်ဦးလွင်မြို့၏ အထင်ကရတခုဖြစ်သည့် အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေများ ခမ်းခြောက်ပြီး မြေသားများအထိ ကွဲအက်နေကြောင်း သိရသည်။
အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း ရေခမ်းခြောက်မှုများအဖြစ် ၁၉၆၂ ခုနှစ်မတိုင်မီက (၂)ကြိမ်ဖြစ်ပွားခဲ့သလို ၂၀၀၀ ပြည့်နှစ်
နောက်ပိုင်းတွင်လည်း (၁)ကြိမ်ဖြစ်ပေါ်ခဲ့ဖူးကြောင်းကို ရေစတင်ခမ်းလာမှုများနှင့် ပတ်သက်၍ အမျိုးသားကန်တော်ကြီးယျာဉ်က ဇန်နဝါရီလ(၁၄)ရက်နေ့က သတင်းထုတ်ပြန်ထားရှိသည်။
အဆိုပါ ကန်အတွင်း ယနေ့ ၂၀၂၁ခုနှစ် မတ်လ(၁၆)ရက်နေ့အထိ ရေများခမ်းခြောက်ပြီး မြေသားများ ကွဲအက်မှုများ ဖြစ်ပေါ်နေလျှက်သည်။
၁၉၂၄ခုနှစ်က စတင်ကာ တည်ဆောက်ခဲ့သည့် အမျိုးသားကန်တော်ကြီးဥယျာဉ်၏ ဧရိယာသည် ၄၃၆ ဒသမ ၉၆ဧက ကျယ်ဝန်းပြီး ရေပြင်ဧရိယာမှာ ဧက(၇၀)ဝန်းကျင်ရှိကြောင်း သိရသည်။
Photo Crd:Yuwn Minn
Zawgyi
ေမြးကတည္းက ဒီခ်ိန္ထ္ိ မျမင္ဖူးတဲ့ ျပင္ဦးလြင္ ကန္ေတာ္ႀကီး အေျခအေန
ျပင္ဦးလြင္ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္အတြင္း ေရခမ္းေျခာက္ၿပီး ေျမႀကီးမ်ား ကြဲအက္( 16.3.2021 )
ျပင္ဦးလြင္ၿမိဳ႕၏ အထင္ကရတခုျဖစ္သည့္ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္အတြင္း ေရမ်ား ခမ္းေျခာက္ၿပီး ေျမသားမ်ားအထိ ကြဲအက္ေနေၾကာင္း သိရသည္။
အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္အတြင္း ေရခမ္းေျခာက္မႈမ်ားအျဖစ္ ၁၉၆၂ ခုႏွစ္မတိုင္မီက (၂)ႀကိမ္ျဖစ္ပြားခဲ့သလို ၂၀၀၀ ျပည့္ႏွစ္
ေနာက္ပိုင္းတြင္လည္း (၁)ႀကိမ္ျဖစ္ေပၚခဲ့ဖူးေၾကာင္းကို ေရစတင္ခမ္းလာမႈမ်ားႏွင့္ ပတ္သက္၍ အမ်ိဳးသားကန္ေတာ္ႀကီးယ်ာဥ္က ဇန္နဝါရီလ(၁၄)ရက္ေန႔က သတင္းထုတ္ျပန္ထားရွိသည္။
အဆိုပါ ကန္အတြင္း ယေန႔ ၂၀၂၁ခုႏွစ္ မတ္လ(၁၆)ရက္ေန႔အထိ ေရမ်ားခမ္းေျခာက္ၿပီး ေျမသားမ်ား ကြဲအက္မႈမ်ား ျဖစ္ေပၚေနလွ်က္သည္။
၁၉၂၄ခုႏွစ္က စတင္ကာ တည္ေဆာက္ခဲ့သည့္ အမ်ိဳးသားကန္ေတာ္ႀကီးဥယ်ာဥ္၏ ဧရိယာသည္ ၄၃၆ ဒသမ ၉၆ဧက က်ယ္ဝန္းၿပီး ေရျပင္ဧရိယာမွာ ဧက(၇၀)ဝန္းက်င္ရွိေၾကာင္း သိရသည္။
Photo Crd:Yuwn Minn