ၾကားသိရသမွ်

အောင်ဆန်းကွင်းရှိ အဖီဆွဲ ဆိုင်ခန်းများ တပတ်အတွင်း ဖျက်ရမည်၊ ကားဂိတ်များ ပစ္စည်းမချရဟုဆို

အောင်ဆန်းကွင်းရှိ အဖီဆွဲ ဆိုင်ခန်းများ တပတ်အတွင်း ဖျက်ရမည်၊ ကားဂိတ်များ ပစ္စည်းမချရဟုဆို

ရန်ကုန်မြို့လယ်ရှိ အောင်ဆန်းကွင်းပတ်လည်က အဖီဆွဲပြီး ဖွင့်ထားတဲ့ ကားဂိတ်တွေ၊ ထမင်းဆိုင်တွေကို

တပတ်အတွင်း အကုန်ဖျက်ပစ်ရမယ်လို့ စကစက အမိန့်ထုတ်ပြန်လိုက်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်က အောင်ဆန်းကွင်းပတ်လည်က ကားဂိတ်တွေကို ၅ ရက်ခန့် ပိတ်ပြီးတဲ့နောက်မှာ

အဆိုပါ သတင်း ထွက်ရှိလာတာ ဖြစ်ပါတယ်။ဘူတာကြီး အရှေ့ဖက်ခြမ်းက ကားဂိတ်တွေအနေနဲ့လည်း

ပစ္စည်းတွေကို အရင်လို လမ်းမပေါ်မှာ ချထားလို့ မရတော့ကြောင်း၊ ပစ္စည်းတွေ လာပို့ရင် တန်းပြီး

ကားပေါ်တင်ရမှာ ဖြစ်ကြောင်း၊ အဲဒါကြောင့် ကြီးကြီးမားမား ပစ္စည်းပို့ချင်ရင် အောင်မင်္ဂလာအဝေးပြေး

ကားဝင်းကိုသာ တန်းသွားတာ အဆင်ပြေမှာ ဖြစ်ကြောင်း ကားဂိတ်နဲ့ နီးစပ်သူတဦးက ပြောပြပါတယ်။

အောင်ဆန်းကွင်း ပတ်လည်သာမက မျက်နှာချင်းဆိုင် ဖဆပလ တိုက်ခန်းတွေ ရှေ့မှာ

အဖီဆွဲထားတဲ့ ထမင်းဆိုင်တွေပါ ဖျက်ပစ်ရမယ်လို့ သိရပါတယ်။

စကစအနေနဲ့ အာဏာသိမ်းပြီးတဲ့နောက်မှာ ယခင်က ရန်ပုံငွေအတွက် အားကစားကွင်း ပတ်လည်မှာ

ဖွင့်လှစ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို လိုက်လံ ဖျက်သိမ်းလျက် ရှိတာကြောင့်

ဆိုင်ဖွင့်ထားတဲ့ ပြည်သူတွေ အနေနဲ့ အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။

Credit

ေအာင္ဆန္းကြင္းရွိ အဖီဆြဲ ဆိုင္ခန္းမ်ား တပတ္အတြင္း ဖ်က္ရမည္၊ ကားဂိတ္မ်ား ပစၥည္းမခ်ရဟုဆို

ရန္ကုန္ၿမိဳ႕လယ္ရွိ ေအာင္ဆန္းကြင္းပတ္လည္က အဖီဆြဲၿပီး ဖြင့္ထားတဲ့ ကားဂိတ္ေတြ၊ ထမင္းဆိုင္ေတြကို

တပတ္အတြင္း အကုန္ဖ်က္ပစ္ရမယ္လို႔ စကစက အမိန႔္ထုတ္ျပန္လိုက္ပါတယ္။

လြန္ခဲ့တဲ့ ရက္သတၱပတ္က ေအာင္ဆန္းကြင္းပတ္လည္က ကားဂိတ္ေတြကို ၅ ရက္ခန႔္ ပိတ္ၿပီးတဲ့ေနာက္မွာ

အဆိုပါ သတင္း ထြက္ရွိလာတာ ျဖစ္ပါတယ္။ဘူတာႀကီး အေရွ႕ဖက္ျခမ္းက ကားဂိတ္ေတြအေနနဲ႔လည္း

ပစၥည္းေတြကို အရင္လို လမ္းမေပၚမွာ ခ်ထားလို႔ မရေတာ့ေၾကာင္း၊ ပစၥည္းေတြ လာပို႔ရင္ တန္းၿပီး

ကားေပၚတင္ရမွာ ျဖစ္ေၾကာင္း၊ အဲဒါေၾကာင့္ ႀကီးႀကီးမားမား ပစၥည္းပို႔ခ်င္ရင္ ေအာင္မဂၤလာအေဝးေျပး

ကားဝင္းကိုသာ တန္းသြားတာ အဆင္ေျပမွာ ျဖစ္ေၾကာင္း ကားဂိတ္နဲ႔ နီးစပ္သူတဦးက ေျပာျပပါတယ္။

ေအာင္ဆန္းကြင္း ပတ္လည္သာမက မ်က္ႏွာခ်င္းဆိုင္ ဖဆပလ တိုက္ခန္းေတြ ေရွ႕မွာ

အဖီဆြဲထားတဲ့ ထမင္းဆိုင္ေတြပါ ဖ်က္ပစ္ရမယ္လို႔ သိရပါတယ္။

စကစအေနနဲ႔ အာဏာသိမ္းၿပီးတဲ့ေနာက္မွာ ယခင္က ရန္ပုံေငြအတြက္ အားကစားကြင္း ပတ္လည္မွာ

ဖြင့္လွစ္ထားတဲ့ ေဈးဆိုင္ခန္းေတြကို လိုက္လံ ဖ်က္သိမ္းလ်က္ ရွိတာေၾကာင့္

ဆိုင္ဖြင့္ထားတဲ့ ျပည္သူေတြ အေနနဲ႔ အခက္အခဲ ျဖစ္ေနတယ္လို႔ သိရပါတယ္။

Credit