ၾကားသိရသမွ်

ပြည်သူ့အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးရသတင်း ( အရမ်းစိတ်မကောင်းဖြစ်မိတယ် အမေရယ် )

ပြည်သူ့အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးရသတင်း ( အရမ်းစိတ်မကောင်းဖြစ်မိတယ် အမေရယ် )

ရန်ကုန်၊ ဇွန် ၂၄

အကြမ်းဖက်စစ်ကောင်စီ၏ မတရားအကွက်ချစီစဉ်မှုများဖြင့် နေပြည်တော် အချုပ်ထောင်သို့

ပို့ဆောင်ခံရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် သည် အကျဉ်းသူအဖြစ်

ထောင်တွင်း သီးခြားခွဲ၍ နေထိုင်ရသော်လည်း အကျဉ်း ထောင်စည်းကမ်းများနှင့်အညီ နေရကြောင်း သိရှိရသည်။

“အကျဉ်းသူလို ထားဖို့ ညွှန်ကြားထားလို့ သိရတယ်။ အဲဒါက အကျဉ်းသူ ဝတ်စုံ ဝတ်ခိုင်းတာ၊

ပြီးရင် အပြင်ထွက် လမ်းလျှောက် ရမယ့် အချိန်၊ ရေချိုးချိန်၊ မီး ပိတ်ချိန်

အဲဒါတွေကလည်း ထောင်စည်းကမ်းအတိုင်း လုပ်ရမယ်ဆိုတာ ညွှန်ကြားထားမှု ရှိတယ်။

အစားအသောက်တော့ ဘယ်လိုကျွေးမလဲတော့ မသိ ဘူး။ ထောင်စည်းကမ်းအတိုင်းလုပ်ရမယ်ဆိုရင်တော့

အကျဉ်းသား အကျဉ်းသူ လိုပဲ ကျွေးမယ်ထင်ပါတယ်။ ထောင်ဝင်စာလည်း ပို့ခွင့်ရှိတယ်” ဟု

ရန်ကုန် ခေတ်သစ်သတင်းဌာန၏ နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

ကျန်းမာရေးအတွက်မူ ဒေါ်အောင်ဆန်းစုကြည်အတွက် သီးခြားဆရာဝန် ထား ရှိ သည်ဟု သိရှိထားပြီး

နေ့စဉ်ကျန်းမာရေးစစ်ဆေးကာ အခြေအနေများကို ပြည်ထဲရေးဝန်ကြီး စိုးထွဋ်ဆီ တိုက်ရိုက်အစီရင်ခံရမည်ဟု သိရှိ ရသည်။

Credit – Khit Thit

ျပည္သူ႔အေမ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနာက္ဆုံးရသတင္း ( အရမ္းစိတ္မေကာင္းျဖစ္မိတယ္ အေမရယ္ )

ရန္ကုန္၊ ဇြန္ ၂၄

အၾကမ္းဖက္စစ္ေကာင္စီ၏ မတရားအကြက္ခ်စီစဥ္မႈမ်ားျဖင့္ ေနျပည္ေတာ္ အခ်ဳပ္ေထာင္သို႔

ပို႔ေဆာင္ခံရေသာ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္း စုၾကည္ သည္ အက်ဥ္းသူအျဖစ္

ေထာင္တြင္း သီးျခားခြဲ၍ ေနထိုင္ရေသာ္လည္း အက်ဥ္း ေထာင္စည္းကမ္းမ်ားႏွင့္အညီ ေနရေၾကာင္း သိရွိရသည္။

“အက်ဥ္းသူလို ထားဖို႔ ၫႊန္ၾကားထားလို႔ သိရတယ္။ အဲဒါက အက်ဥ္းသူ ဝတ္စုံ ဝတ္ခိုင္းတာ၊

ၿပီးရင္ အျပင္ထြက္ လမ္းေလွ်ာက္ ရမယ့္ အခ်ိန္၊ ေရခ်ိဳးခ်ိန္၊ မီး ပိတ္ခ်ိန္

အဲဒါေတြကလည္း ေထာင္စည္းကမ္းအတိုင္း လုပ္ရမယ္ဆိုတာ ၫႊန္ၾကားထားမႈ ရွိတယ္။

အစားအေသာက္ေတာ့ ဘယ္လိုေကြၽးမလဲေတာ့ မသိ ဘူး။ ေထာင္စည္းကမ္းအတိုင္းလုပ္ရမယ္ဆိုရင္ေတာ့

အက်ဥ္းသား အက်ဥ္းသူ လိုပဲ ေကြၽးမယ္ထင္ပါတယ္။ ေထာင္ဝင္စာလည္း ပို႔ခြင့္ရွိတယ္” ဟု

ရန္ကုန္ ေခတ္သစ္သတင္းဌာန၏ ေနျပည္ေတာ္သတင္းရင္းျမစ္က ေျပာဆိုသည္။

က်န္းမာေရးအတြက္မူ ေဒၚေအာင္ဆန္းစုၾကည္အတြက္ သီးျခားဆရာဝန္ ထား ရွိ သည္ဟု သိရွိထားၿပီး

ေန႔စဥ္က်န္းမာေရးစစ္ေဆးကာ အေျခအေနမ်ားကို ျပည္ထဲေရးဝန္ႀကီး စိုးထြဋ္ဆီ တိုက္႐ိုက္အစီရင္ခံရမည္ဟု သိရွိ ရသည္။

Credit – Khit Thit