ၾကားသိရသမွ်

မအလေစြ႕ေစြ႕ခုန္ေအာင္ေၾကာက္ရတဲ့ အသက္အငယ္ဆုံး ေဗဒင္ဆရာေလးလင္းညိဳ႕တာရာကို ေထာင္ဒဏ္..SEE MORE..

မအလေစြ႕ေစြ႕ခုန္ေအာင္ေၾကာက္ရတဲ့ အသက္အငယ္ဆုံး ေဗဒင္ဆရာေလးလင္းညိဳ႕တာရာကို ေထာင္ဒဏ္

ေဗဒင္ဆရာ လင္းညိဳ႕တာရာ ဟာဆိုရင္ မွန္ကန္တဲ့ေဟာခ်က္ေတြနဲ႔အရမ္းကိုေတာ္တဲ့ လူငယ္ေဗဒင္ဆရာတစ္ေယာက္ျဖစ္ပါတယ္။

ေဗဒင္ဆရာ လင္းညိဳ႕တာရာကို စစ္ေကာင္စီမွ ႏိုင္ငံေတာ္ အၾကည္ညိဳ ပ်က္ေစမႈျဖင့္ ေဖေဖာ္ဝါရီကတည္းက ဖမ္းဆီးထားတာျဖစ္ပါတယ္။ ဆရာလင္းညိဳ႕တာရာကို စစ္အာဏာရွင္ က်ဆုံးေရး လူမႈကြန္ရက္တြင္ အစီအရင္မ်ား တင္မႈျဖင့္ဆိုကာ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

အေၾကာင္းအရာ ေရေရရာရာ မရွိေပမယ့္ ဆရာ လင္းညိဳ႕တာရာကို အခုအခ်ိန္ထိ ျပန္မလႊတ္ေပးေသးတဲ့အျပင္ ဒီကေန႔ ႐ုံးခ်ိန္းမွာဆိုရင္ ေထာင္ဒဏ္ ၂ ႏွစ္ေတာင္ ခ်မွတ္လိုက္ျပန္ပါတယ္။

ေဖေဖာ္ဝါရီလကတည္းက ဖမ္းဆီးခံခဲ့ရတဲ့ ဆရာလင္းညိဳ႕တာရာဟာ သူအဖမ္းမခံရေသးခင္မွာ ၂၀၂၁ ခုႏွစ္အတြက္ဆိုၿပီး ေဟာကိန္းတစ္ခုလည္း ျပဳလုပ္ခဲ့ပါေသးတယ္။

ဆရာလင္းညိဳ႕တာရာဟာ ႏွစ္စဥ္ႏွစ္တိုင္း ႏွစ္သစ္တစ္ခုမစခင္မွာ ႏွစ္သစ္တြင္ ျဖစ္ႏိုင္ေျခမ်ားေသာ အျခင္းအရာမ်ားအား ႀကိဳတင္နိမိတ္ထုတ္ေလ့ရွိပါတယ္။ ဆရာ လင္းညိဳ႕တာရာရဲ႕ ၂၀၂၁ ခုႏွစ္အတြက္ ေဟာကိန္းေလးကိုလည္း အားလုံးျပန္ဖတ္လို႔ရေအာင္တင္ေပးလိုက္ပါတယ္။

၁= အခ်ိဳ႕ေသာ လက္နက္ကိုင္မ်ားျဖင့္ ခ်စ္ၾကည္ေရးျဖစ္ၿပီး ေျပလည္မႈမ်ား ျဖစ္တတ္သည္။

၂= ျပည္တြင္းစစ္မ်ား သိသာစြာ အားနည္းလာတတ္ေသာ္လည္း စီးပြားေရးထိုးစစ္မ်ားျဖင့္ အၿပိဳင္အဆိုင္မ်ား ျဖစ္ေပၚလာတတ္သည္။

၃= ျမန္မာျပည္ႀကီး ၏ အျမင့္ဆုံး အဖြဲ႕အစည္းမ်ားစြာတို႔ အေျပာင္းအလဲမ်ားစြာျဖစ္တတ္သည္။

၄= ဩဇာအာဏာႀကီးမားေသာ ဆရာေတာ္ႀကီးမ်ား ႏွင့္ ပုဂၢိဳလ္ႀကီးမ်ား သုံးပါး သို႔ သုံးေယာက္ ေသဆုံးမႈ ျဖစ္မည္။

၅= ႏိုင္ငံတကာတြင္ ျမန္မာႏိုင္ငံ ၏ သတင္းမ်ား ထိုးတက္ေအာင္ကို အေျပာင္းအလဲအဆိုးအေကာင္း မ်ားစြာ ျဖစ္ေပၚတတ္သည္။

၆= တန္ဖိုးႀကီး အလြန္ရွားပါးေသာ ရတနာႀကီးတစ္ခု သို႔ တစ္ခုထက္ မနည္း တူးေဖာ္ရရွိတတ္သည္။

၇= အစိုးရပိုင္းဆိုင္ရာ ရာထူးအေျပာင္းအလဲမ်ား အလြန္မ်ားေသာႏွစ္ျဖစ္ၿပီး စပ္စပ္ထိမခံေသာ အစိုးရတစ္ရပ္ ျဖစ္ေပၚတတ္သည္။

၈= နာမည္ႀကီး တန္ခိုးႀကီး ဘုရားတစ္ဆူၿပိဳလဲျခင္း သို႔ ထိုဘုရားျဖင့္ ပတ္သက္ေသာ ပုရဝိုဏ္ ပ်က္စီးျခင္း ျဖစ္ေပၚတတ္သည္။

၉= ႏိုင္ငံေတာ္တစ္ဝွမ္း စီးပြားေရးအလြန္အားေကာင္းလာၿပီး စီးပြားေရးျဖင့္ ပတ္သက္ေသာ ေၾကျငာခ်က္အသစ္တစ္ခု သို႔ ဥပေဒတစ္ရပ္ ျဖစ္ေပၚလာတတ္သည္။

၁၀= တိုက္ၿပိဳျခင္း ေျမၿပိဳျခင္း တံတားက်ိဳးျခင္း စေသာ ေရ ႏွင့္ ေျမေၾကာင့္ လူအစုလိုက္ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚတတ္သည္။

၁၁= ကမာၻမွာ ေရာဂါဆန္းေပၚလာတတ္ေသာ္လည္း ကို႐ိုနာေလာက္ Epidemic မျဖစ္တတ္ေခ်။

၁၂= ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားၾကားထဲတြင္ ျမန္မာႏိုင္ငံသည္ သိသိသာသာ ေရပန္းစားလာတတ္သည္။

၁၃= ကာလအတန္ၾကာေပ်ာက္ဆုံးေနၾကေသာ ပုဂၢိဳလ္ေဟာင္းမ်ား လူေဟာင္းမ်ား မ်က္ႏွာေဖာ္၍ ျပန္လည္ေပၚေပါက္လာတတ္သည္။

၁၄= ဩဇာအာဏာႀကီးမားေသာ ပုဂၢိဳလ္တစ္ဦး က်န္းမာေရးဆိုင္ရာ အေျပာင္းအလဲ ရွိတတ္သည္။

၁၅= ရာဇဝတ္မႈမ်ား ႏွင့္ မိမိကိုယ္မိမိ သတ္ေသေသာအမႈမ်ား ပိုမိုမ်ားျပားလာတတ္သည္။

၁၆= ဂမၻီရဆိုင္ရာဆရာမ်ား မ်ားျပားလာတတ္ၿပီး ျမန္မာျပည္အေျခစိုက္ ဂမၻီရပညာမ်ား ကမာၻက သိသိသာသာ သိရွိလာတတ္သည္။

၁၇= အထင္ကရ နတ္ပုံေတာ္မ်ား ပ်က္စီးျခင္း နိမိတ္မေကာင္းေသာအျခင္းအရာမ်ား ျဖစ္ျခင္း ျဖစ္ေပၚတတ္သည္။

၁၈= ထူးျခားထင္ရွားေသာ သာသနာနယ္ေျမမ်ား သာသနာအေဆာက္အဦ္းမ်ား ဘုရားမ်ား ပုံမွန္ထက္ပိုလြန္ၿပီး ထူးျခားစြာျဖစ္ေပၚတတ္သည္။ ဥပမာ – ကမာၻ႔ပထမဆုံး ဘုရား ၊ အႀကီးဆုံးဘုရား စသျဖင့္ပါ။

၁၉= သိသာထင္ရွားေပၚေပါက္လာတတ္ေသာ အေမွာင္ျဖစ္ရပ္မ်ားစြာ ျဖစ္ေပၚတတ္သည္။ ထိုအေျခအေနမ်ား မေပၚခင္မွာ ဦးစြာ သတင္းေပးမည္ ျဖစ္ပါသည္။

၂၀၂၁ သည္ ၂၀၂၀ ထက္စာရင္ ပိုမိုေကာင္းမြန္ေသာ ေန႔ရက္မ်ားစြာ ရွိတတ္ပါသည္။ အစိုးရပိုင္းဆိုင္ရာ ရႈပ္ေထြးမႈမ်ားသည္ သာမန္ထက္ပိုမို လြန္ကဲတတ္ၿပီး အတြင္းပိုင္း ျပႆနာမ်ားျဖင့္ အဆင္မေျပမႈမ်ား ျဖစ္ေနတတ္သည္။

ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ စီးပြားေရးမ်ား ျပန္လည္ တိုးတက္လာတတ္ၿပီး ႏိုင္ငံတကာျဖင့္ လက္တြဲႏိုင္သည့္ လုပ္ငန္းမ်ားစြာ တျဖည္းျဖည္း ျပန္လည္တိုးတက္လာေစေသာ ႏွစ္တစ္ႏွစ္ေလးပါ။

လူေတြအေနနဲ႔ အရင္ထက္ ေလာဘ ၊ ေဒါသ ၊ ေမာဟ ပိုမို မ်ားျပားလာတတ္ပါသည္။ ဒီအရာက သာမန္မဟုတ္ေသာ ေသဆုံးျခင္းဆီကို ပို႔ေဆာင္ေပးတတ္ပါသည္။

စိတ္ေၾကာင့္ပိုမို ေသဆုံးမႈမ်ား ျဖစ္တတ္ေပသည္။ ကမာၻလုံးဆိုင္ရာအားျဖင့္ အလြန္ႀကီးမားေသာ ရွာေဖြေတြ႕ ရွိမႈႀကီးတစ္ခု ဒီႏွစ္မွာ ရွာေဖြမိတတ္ေပသည္။ ျမန္မာႏိုင္ငံျဖင့္ မသက္ဆိုင္ေသာ္ျငားလည္း 21 ရာစု၏ အႀကီးဆုံး ေတြ႕ရွိမႈႀကီးတစ္ခု ျဖစ္သြားတတ္ေပသည္။

ဆရာလင္းညိဳ႕တာရာေဟာခဲ့တဲ့ ၂၀၂၁ ခုႏွစ္ရဲ႕ ေဟာခ်က္ေတြထဲမွာ အခ်ိဳ႕အခ်က္ေတြက ေတာ္ေတာ္ေလးမွန္ပါတယ္။ ဖမ္းဆီးအက်ဥ္းခ်ခံထားရတာျဖစ္တာေၾကာင့္ ဆရာလင္းညိဳ႕တာရာရဲ႕ ၂၀၂၂ ခုႏွစ္အတြက္ ေဟာခ်က္ေတြကိုေတာ့ ဆက္ၿပီး ဖတ္လို႔ရႏိုင္ေတာ့မွာမဟုတ္ပါဘူး။

ေထာင္ဒဏ္ ၂ ႏွစ္ က်ခံရတာနဲ႔ပတ္သတ္ၿပီး ဆရာလင္းညိဳ႕တာရာရဲ႕ ခ်စ္ရသူ ၊ အေပါင္းအသင္း ေဆြမ်ိဳး မိသားစုဝင္ေတြအားလုံး နဲ႔ ထပ္တူ စိတ္မေကာင္းျဖစ္မိပါတယ္။

ဒီကေန႔မွာေတာ့ ဆရာလင္းညိဳ႕တာရာအပါအဝင္ ၊ ေမာ္ဒယ္သ႐ုပ္ေဆာင္ ပိုင္တံခြန္ႏွင့္ စာေရးဆရာမႀကီး ေဒၚသန္းျမင့္ေအာင္တို႔ကိုပါ အလုပ္ၾကမ္းႏွစ္ ေထာင္ဒဏ္ ၃ ႏွစ္စီ အသီးသီး ခ်မွတ္ခဲ့တယ္လို႔ သိရွိရပါတယ္။

Credit

=============

မအလစွေ့စွေ့ခုန်အောင်ကြောက်ရတဲ့ အသက်အငယ်ဆုံး ဗေဒင်ဆရာလေးလင်းညို့တာရာကို ထောင်ဒဏ်

ဗေဒင်ဆရာ လင်းညို့တာရာ ဟာဆိုရင် မှန်ကန်တဲ့ဟောချက်တွေနဲ့အရမ်းကိုတော်တဲ့ လူငယ်ဗေဒင်ဆရာတစ်ယောက်ဖြစ်ပါတယ်။

ဗေဒင်ဆရာ လင်းညို့တာရာကို စစ်ကောင်စီမှ နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖေဖော်ဝါရီကတည်းက ဖမ်းဆီးထားတာဖြစ်ပါတယ်။ ဆရာလင်းညို့တာရာကို စစ်အာဏာရှင် ကျဆုံးရေး လူမှုကွန်ရက်တွင် အစီအရင်များ တင်မှုဖြင့်ဆိုကာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အကြောင်းအရာ ရေရေရာရာ မရှိပေမယ့် ဆရာ လင်းညို့တာရာကို အခုအချိန်ထိ ပြန်မလွှတ်ပေးသေးတဲ့အပြင် ဒီကနေ့ ရုံးချိန်းမှာဆိုရင် ထောင်ဒဏ် ၂ နှစ်တောင် ချမှတ်လိုက်ပြန်ပါတယ်။

ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ ဆရာလင်းညို့တာရာဟာ သူအဖမ်းမခံရသေးခင်မှာ ၂၀၂၁ ခုနှစ်အတွက်ဆိုပြီး ဟောကိန်းတစ်ခုလည်း ပြုလုပ်ခဲ့ပါသေးတယ်။

ဆရာလင်းညို့တာရာဟာ နှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် ဖြစ်နိုင်ခြေများသော အခြင်းအရာများအား ကြိုတင်နိမိတ်ထုတ်လေ့ရှိပါတယ်။ ဆရာ လင်းညို့တာရာရဲ့ ၂၀၂၁ ခုနှစ်အတွက် ဟောကိန်းလေးကိုလည်း အားလုံးပြန်ဖတ်လို့ရအောင်တင်ပေးလိုက်ပါတယ်။

၁= အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။

၂= ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။

၃= မြန်မာပြည်ကြီး ၏ အမြင့်ဆုံး အဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။

၄= ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများ နှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါး သို့ သုံးယောက် သေဆုံးမှု ဖြစ်မည်။

၅= နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ သတင်းများ ထိုးတက်အောင်ကို အပြောင်းအလဲအဆိုးအကောင်း များစွာ ဖြစ်ပေါ်တတ်သည်။

၆= တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခု သို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။

၇= အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။

၈= နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း သို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။

၉= နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခု သို့ ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။

၁၀= တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်း စသော ရေ နှင့် မြေကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။

၁၁= ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။

၁၂= ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။

၁၃= ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။

၁၄= ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။

၁၅= ရာဇဝတ်မှုများ နှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။

၁၆= ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာက သိသိသာသာ သိရှိလာတတ်သည်။

၁၇= အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။

၁၈= ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦ်းများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။

၁၉= သိသာထင်ရှားပေါ်ပေါက်လာတတ်သော အမှောင်ဖြစ်ရပ်များစွာ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေများ မပေါ်ခင်မှာ ဦးစွာ သတင်းပေးမည် ဖြစ်ပါသည်။

၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။ အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည် တိုးတက်လာတတ်ပြီး နိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ တဖြည်းဖြည်း ပြန်လည်တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။

လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟ ပိုမို များပြားလာတတ်ပါသည်။ ဒီအရာက သာမန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေးတတ်ပါသည်။

စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။ မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း 21 ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွားတတ်ပေသည်။

ဆရာလင်းညို့တာရာဟောခဲ့တဲ့ ၂၀၂၁ ခုနှစ်ရဲ့ ဟောချက်တွေထဲမှာ အချို့အချက်တွေက တော်တော်လေးမှန်ပါတယ်။ ဖမ်းဆီးအကျဉ်းချခံထားရတာဖြစ်တာကြောင့် ဆရာလင်းညို့တာရာရဲ့ ၂၀၂၂ ခုနှစ်အတွက် ဟောချက်တွေကိုတော့ ဆက်ပြီး ဖတ်လို့ရနိုင်တော့မှာမဟုတ်ပါဘူး။

ထောင်ဒဏ် ၂ နှစ် ကျခံရတာနဲ့ပတ်သတ်ပြီး ဆရာလင်းညို့တာရာရဲ့ ချစ်ရသူ ၊ အပေါင်းအသင်း ဆွေမျိုး မိသားစုဝင်တွေအားလုံး နဲ့ ထပ်တူ စိတ်မကောင်းဖြစ်မိပါတယ်။

ဒီကနေ့မှာတော့ ဆရာလင်းညို့တာရာအပါအဝင် ၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်နှင့် စာရေးဆရာမကြီး ဒေါ်သန်းမြင့်အောင်တို့ကိုပါ အလုပ်ကြမ်းနှစ် ထောင်ဒဏ် ၃ နှစ်စီ အသီးသီး ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

Credit