ေက်ာင္းမေနရဘဲ ကေလးေတြ အသက္ေတြႀကီးၿပီး အ႐ြယ္လြန္ကုန္မွာ မိဘေတြ မပူဖို႔ ေဒါက္တာေဇာ္ေဝစိုး ေျပာ
“ေဒါက္တာ ေဇာ္ေဝစိုး”ဒီလိုသာေက်ာင္းေတြ မေနရဘဲျဖစ္ေနရင္၊ ကေလးေတြ အသက္ေတြႀကီးၿပီး အ႐ြယ္လြန္ကုန္မွာ စိုးတယ္ ဆရာတဲ့။ စိတ္၊သိပ္ မပူပါနဲ႔၊
သားငယ္သမီးငယ္တို႔အတြက္ ပညာေရးေတြ ရပ္တန႔္ေနခ်ိန္မွာ အေကာင္းဆုံးျပင္ဆင္ ထားသင့္တာကေတာ့မရွိမျဖစ္ core subjects ေတြျဖစ္တဲ့-အဂၤလိပ္စာ
နဲ႔-သခ်ၤာ ဒီႏွစ္ဘာသာကို ေသခ်ာသင္ထားပါ။ က်န္တာေတြအတြက္ ဗဟုသုတျဖစ္စရာ စာေပေတြဖတ္ခိုင္းပါ။ အင္တာနက္ မရွိရင္လည္းနီးစပရာ ဆရာ၊ ဆရာ
မေတြ စုငွါးၿပီး ေလးငါးေယာက္စုၿပီး သင္ထားေစခ်င္တယ္။ အခ်ိန္သိပ္မေ႐ြးပါနဲ႔၊ အခ်ိန္သိပ္မေစာင့္ပါနဲ႔။ အတန္းပညာတက္ရဖို႔ထက္ ကေလးေတြအတြက္စဥ္
ဆက္မျပတ္ သင္ယူေလ့လာႏိုင္ဖို႔က အေရးႀကီးပါတယ္။ ေနာက္တစ္ခုက အရည္အခ်င္းပါ။ အရည္အခ်င္းကို ဦးစားေပးပါ။ ဆႏၵမေစာပါနဲ႔၊ သင္ခန္းစာၿပီးဖို႔
အဓိကမထားပါနဲ႔။ အလြတ္က်က္တာေတြ အားမေပးပါနဲ႔။စဥ္းစားဉာဏ္ကို ဦးစားေပးပါ၊ ျဖန႔္ထြက္ေတြးတတ္ေအာင္ သင္ယူခိုင္းပါ။ အ႐ြယ္နဲ႔ ေလ့လာမႈက
မွ်တဖို႔လိုပါတယ္။ ဥပမာဆိုရရင္ အသက္ ၁၀ ႏွစ္ကေလးဆိုရင္ ၁၀ ႏွစ္နဲ႔ ညီတဲ့ Level အဆင့္ ရွိေနရပါမယ္။-ဘာသာစကား-သခ်ၤာဉာဏ္ရည္အေရးႀကီးပါတယ္။
ၿပီးေတာ့ ေစာေစာကေျပာသလို ျပင္ပ ဗဟုသုတ စာေပစုံဖတ္မွတ္ခိုင္းပါ။ တစ္ခ်ိန္မွာ ဖက္ဒရယ္ပညာေရး ျဖစ္လာရင္ အတန္းပညာထက္ အရည္
အခ်င္းကို ဦးစားေပးမယ့္ Standardization စံသတ္မွတ္ခ်က္ စာေမးပြဲလိုမ်ိဳးေတြ အ႐ြယ္ကိုၾကည့္ၿပီ စ.စ္တာမ်ိဳး ျဖစ္လာလိမ့္မယ္ ။ဥပမာ ကေလးက High school ၿပီးတဲ့ အ႐ြယ္ဆိုပါစို႔။
ေကာလိပ္တက္ႏိုင္ဖို႔ အရည္အခ်င္းျပည့္မီ မမီကို ေအာင္လက္မွတ္ေတာင္းၿပီး ၾကည့္စစ္တာမ်ိဳးမ ဟုတ္ေတာ့ဘဲ၊College admission tests လိုမ်ိဳး ဝင္ခြင့္စာေမးပြဲေတြ လာပါလိမ့္မယ္။
aအစိုးရပညာေရး ဝန္ႀကီးဌာနဆိုတာက ေအာင္လက္မွတ္ေပးတဲ့ အဖြဲ႕အစည္းမဟုတ္ေတာ့ဘဲ ပဲ့ကိုင္ထိန္း႐ုံ လုပ္မယ့္အဖြဲ႕အစည္းအေနနဲ႔ပဲ ရွိေတာ့မွာပါ။
စာေမးပြဲရာသီေတြ Intake ေက်ာင္းဖြင့္ခ်ိန္ေတြကတစ္ျပည္နယ္နဲ႔ တစ္ျပည္နယ္ မတူႏိုင္သလို၊ Awarding body ေတြေပၚမွာမူတည္ၿပီး Semester ေတြကြဲျပားပါလိမ့္မယ္။
ေက်ာင္းေတြက ယခင္လို ဗဟိုခ်ဳပ္ကိုင္ ထိန္းခ်ဳပ္မႈမရွိေတာ့ဘဲ အရည္အခ်င္းစစ္၊ စံခ်ိန္မီ မမီ စစ္ေဆးမယ့္ အဖြဲ႕အစည္းေတြနဲ႔ အဆင့္သတ္မွတ္ခ်က္ (ranking)ေပးမယ့္ အဖြဲ႕ေတြ ေပၚလာပါလိမ့္မယ္။
ဒီအခ်ိန္မွာ ေက်ာင္းေတြေ႐ြးရတာ လည္း တစ္ဖက္က ပိုလြယ္လာသလို မိဘေတြဘက္က ပညာေရးကို စိတ္ႀကိဳက္ေ႐ြးခ်ယ္ခြင့္ သာလာပါလိမ့္မယ္။ေလာေလာဆယ
ကိုယ့္ဘက္က ျပင္ဆင္ ထားရမွာက အတန္းပညာေရးထက္ အရည္ခ်င္း ျပည့္မီေအာင္ပါပဲ။ မိဘကိုယ္တိုင္က ေသခ်ာစူးစမ္းၿပီး ကေလးကို အဆင့္လိုက္ျပင္ဆင္ႏိုင္ေအာင္ စီစဥ္သင့္ပါတယ္။
တစ္ခုပဲ အႀကံေပးခ်င္တာက စိတ္ေလာၿပီး တတ္ခ်င္လြန္းအားႀကီးၿပီး ကေလးကို မႏိုင္မနင္း တစ္ခုၿပီးတစ္ခု၊တစ္ခ်ိန္ၿပီး တစ္ခ်ိန္၊ အနားမေပးဘဲသင္ယူေနတာမ်ိဳးမလုပ္မိပါေစနဲ႔။
အိုးနဲ႔ ဆန္ တန္႐ုံပဲေကာင္းပါတယ္၊ မွန္ကန္တဲ့ျပဳစုပ်ိဳးေထာင္မႈမ်ိဳးက အေရးႀကီးပါတယ္။ အပင္ျမန္ျမန္ႀကီးခ်င္တာနဲ႔ ခဏခဏအဆက္မျပတ္ ေရေလာင္းေနလို႔မွ မရတာ။
Crd
Unicode
ကျောင်းမနေရဘဲ ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ မိဘတွေ မပူဖို့ ဒေါက်တာဇော်ဝေစိုး ပြော
“ဒေါက်တာ ဇော်ဝေစိုး”ဒီလိုသာကျောင်းတွေ မနေရဘဲဖြစ်နေရင်၊ ကလေးတွေ အသက်တွေကြီးပြီး အရွယ်လွန်ကုန်မှာ စိုးတယ် ဆရာတဲ့။ စိတ်၊သိပ် မပူပါနဲ့၊
သားငယ်သမီးငယ်တို့အတွက် ပညာရေးတွေ ရပ်တန့်နေချိန်မှာ အကောင်းဆုံးပြင်ဆင် ထားသင့်တာကတော့မရှိမဖြစ် core subjects တွေဖြစ်တဲ့-အင်္ဂလိပ်စာ
နဲ့-သင်္ချာ ဒီနှစ်ဘာသာကို သေချာသင်ထားပါ။ ကျန်တာတွေအတွက် ဗဟုသုတဖြစ်စရာ စာပေတွေဖတ်ခိုင်းပါ။ အင်တာနက် မရှိရင်လည်းနီးစပရာ ဆရာ၊ ဆရာ
မတွေ စုငှါးပြီး လေးငါးယောက်စုပြီး သင်ထားစေချင်တယ်။ အချိန်သိပ်မရွေးပါနဲ့၊ အချိန်သိပ်မစောင့်ပါနဲ့။ အတန်းပညာတက်ရဖို့ထက် ကလေးတွေအတွက်စဉ်
ဆက်မပြတ် သင်ယူလေ့လာနိုင်ဖို့က အရေးကြီးပါတယ်။ နောက်တစ်ခုက အရည်အချင်းပါ။ အရည်အချင်းကို ဦးစားပေးပါ။ ဆန္ဒမစောပါနဲ့၊ သင်ခန်းစာပြီးဖို့
အဓိကမထားပါနဲ့။ အလွတ်ကျက်တာတွေ အားမပေးပါနဲ့။စဉ်းစားဉာဏ်ကို ဦးစားပေးပါ၊ ဖြန့်ထွက်တွေးတတ်အောင် သင်ယူခိုင်းပါ။ အရွယ်နဲ့ လေ့လာမှုက
မျှတဖို့လိုပါတယ်။ ဥပမာဆိုရရင် အသက် ၁၀ နှစ်ကလေးဆိုရင် ၁၀ နှစ်နဲ့ ညီတဲ့ Level အဆင့် ရှိနေရပါမယ်။-ဘာသာစကား-သင်္ချာဉာဏ်ရည်အရေးကြီးပါတယ်။
ပြီးတော့ စောစောကပြောသလို ပြင်ပ ဗဟုသုတ စာပေစုံဖတ်မှတ်ခိုင်းပါ။ တစ်ချိန်မှာ ဖက်ဒရယ်ပညာရေး ဖြစ်လာရင် အတန်းပညာထက် အရည်
အချင်းကို ဦးစားပေးမယ့် Standardization စံသတ်မှတ်ချက် စာမေးပွဲလိုမျိုးတွေ အရွယ်ကိုကြည့်ပြီ စ.စ်တာမျိုး ဖြစ်လာလိမ့်မယ် ။ဥပမာ ကလေးက High school ပြီးတဲ့ အရွယ်ဆိုပါစို့။
ကောလိပ်တက်နိုင်ဖို့ အရည်အချင်းပြည့်မီ မမီကို အောင်လက်မှတ်တောင်းပြီး ကြည့်စစ်တာမျိုးမ ဟုတ်တော့ဘဲ၊College admission tests လိုမျိုး ဝင်ခွင့်စာမေးပွဲတွေ လာပါလိမ့်မယ်။
aအစိုးရပညာရေး ဝန်ကြီးဌာနဆိုတာက အောင်လက်မှတ်ပေးတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘဲ ပဲ့ကိုင်ထိန်းရုံ လုပ်မယ့်အဖွဲ့အစည်းအနေနဲ့ပဲ ရှိတော့မှာပါ။
စာမေးပွဲရာသီတွေ Intake ကျောင်းဖွင့်ချိန်တွေကတစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူနိုင်သလို၊ Awarding body တွေပေါ်မှာမူတည်ပြီး Semester တွေကွဲပြားပါလိမ့်မယ်။
ကျောင်းတွေက ယခင်လို ဗဟိုချုပ်ကိုင် ထိန်းချုပ်မှုမရှိတော့ဘဲ အရည်အချင်းစစ်၊ စံချိန်မီ မမီ စစ်ဆေးမယ့် အဖွဲ့အစည်းတွေနဲ့ အဆင့်သတ်မှတ်ချက် (ranking)ပေးမယ့် အဖွဲ့တွေ ပေါ်လာပါလိမ့်မယ်။
ဒီအချိန်မှာ ကျောင်းတွေရွေးရတာ လည်း တစ်ဖက်က ပိုလွယ်လာသလို မိဘတွေဘက်က ပညာရေးကို စိတ်ကြိုက်ရွေးချယ်ခွင့် သာလာပါလိမ့်မယ်။လောလောဆယ
ကိုယ့်ဘက်က ပြင်ဆင် ထားရမှာက အတန်းပညာရေးထက် အရည်ချင်း ပြည့်မီအောင်ပါပဲ။ မိဘကိုယ်တိုင်က သေချာစူးစမ်းပြီး ကလေးကို အဆင့်လိုက်ပြင်ဆင်နိုင်အောင် စီစဉ်သင့်ပါတယ်။
တစ်ခုပဲ အကြံပေးချင်တာက စိတ်လောပြီး တတ်ချင်လွန်းအားကြီးပြီး ကလေးကို မနိုင်မနင်း တစ်ခုပြီးတစ်ခု၊တစ်ချိန်ပြီး တစ်ချိန်၊ အနားမပေးဘဲသင်ယူနေတာမျိုးမလုပ်မိပါစေနဲ့။
အိုးနဲ့ ဆန် တန်ရုံပဲကောင်းပါတယ်၊ မှန်ကန်တဲ့ပြုစုပျိုးထောင်မှုမျိုးက အရေးကြီးပါတယ်။ အပင်မြန်မြန်ကြီးချင်တာနဲ့ ခဏခဏအဆက်မပြတ် ရေလောင်းနေလို့မှ မရတာ။
Crd
Unicode



