အခုလိုအချိန်မှာ ဘာစီးပွားရေး လုပ်ရမလဲ ဆိုသူများအတွက် အရေးကြီးတဲ့အရာ
ဘာလုပ်ရမလဲ? လို့ လာမေးကြတဲ့ မိတ်ဆွေတွေ အတွက် ပေါင်းဖြေ လိုက်တာပါ.. Business ပဲ ဖြစ်ဖြစ်၊ ဈေးရောင်းတာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်တဲ့အခါ၊ ဘာလုပ်မှာလဲ? ဆိုတာထက်၊ ဘယ်လောက် ကြာကြာ စွဲစွဲမြဲမြဲ လုပ်မှာလဲ? ဆိုတာက ပို အရေးကြီးပါတယ်။
ဘယ်အလုပ်မဆိုက အချိန်တစ်ခု ဖြတ်သန်းပြီးမှ တည်ငြိမ်တဲ့ အကျိုးအမြတ် ဆိုတာ ရလာတာပါ၊ အစောပိုင်း ကာလတွေဟာ လူအား၊ ငွေအား၊ စိတ်ခွန်အား၊ မိတ်ဆွေအား စသည် စသည် ဖြင့် အရင်းအနှီး များပါတယ်။ ရင်းတော့ ရင်းလိုက်ပေမယ့် အစောပိုင်း ကာလတွေဟာ မြတ်လား ဆိုရင် မလုပ်တတ်သေးတာ၊ မနပ်သေးတာ၊ မိတ်မရှိသေးတာ တွေကြောင့် အမြတ်အစွန်း တကယ်ရဖို့ ခက်ပါတယ်။ အဲဒီမှာ ဆက်မလုပ်ဘဲ ရပ်လိုက်ရင် အပေါ်မှာ ပြောခဲ့တဲ့ အရင်းအနှီး တွေက ဆုံးရှုံးပါတယ်။
အထူးသဖြင့် ဟိုဟာ ရောင်းလည်း အားပေး၊ ဒီ စီးပွားရေး လုပ်လည်း အားပေးနဲ့ ဘေးကနေ ဝန်းရံ ရတဲ့ “မိတ်” ဆုံးရှုံးတာဟာ ပိုဆိုးပါတယ်။
ကလေး ဘဝ တုန်းက အမေ ရွှေသွားဝယ်ရင်၊ ရွှေသွားရောင်းရင် အမြဲလိုက်ရတယ်။ နာမည်ပိုကြီးတဲ့၊ လက်ရာပိုကောင်းတဲ့၊ ပုံဆန်းတဲ့ ဆိုင်တွေထက် အမေ ဝယ်နေကျ၊ ရောင်းနေကျ ဆိုင်တစ်ဆိုင် ကိုပဲ အမြဲသွားတော့ မေးဖူးတယ်။ ဘာလို့ အဲဒီ တစ်ဆိုင်တည်း ဝယ်တာလဲ? ပေါ့နော်။
အမေ ပြန်ဖြေခဲ့တာက အဲဒီဆိုင်က နှစ်ပေါင်းများစွာ တည်တံ့နေတယ်၊ ရွှေ မှာ အဓိက အသက်က ကိုယ်ဝယ်တဲ့ ဆိုင်က ကိုယ် ပြန်ရောင်းတဲ့အချိန် ပြန်ဝယ်ဖို့ပဲတဲ့။ နောက်ပိုင်း နားလည်လာတာ အဲဒီ “ရေရှည်တည်တံ့မှု” ဟာ Brand ရဲ့ ဂုဏ်သိက္ခာပဲ၊ ဒီအချိန် လူတိုင်း တစ်ခုခု လုပ်ချင်ကြတာ၊ လုပ်ဖို့ လိုအပ်တာကို နားလည်ပါတယ်
လုပ်မှ လည်း ဖြစ်မှာကိုး။ အဲဒီတော့ ဘာပဲလုပ်လုပ် ဘာလုပ် မှာလဲ? ဆိုတာ စတွေးကြတာ ထုံးစံပေမယ့် တကယ် အရေးကြီးပြီး အဓိက အလေးပေးဖို့က.. ဘယ်လောက်ကြာကြာ လုပ်မှာလဲ? ဆိုတာကိုပါ၊ ငွေကြေး ဖြစ်စေ၊ နာမည် ဖြစ်စေ အကျိုးအမြတ် ဟာ တစိုက်မတ်မတ် လုပ်မှ နောက်က လိုက်လာမှာပါ။
ဈေးပဲရောင်းရောင်း၊ ဘာပဲလုပ်လုပ် ရေတိုပဲလုပ်ရင် အောင်မြင်မှု က မရတာများပါတယ်။ ကိုယ်ဘာလုပ်နေတာလဲ ဆိုတာကို တစိုက်မတ်မတ် လူတွေစိတ်ထဲ စွဲနေအောင် အမြဲနှစ်ပြီး လုပ်နေရင် အောင်မြင်ဖို့ ရာခိုင်နှုန်းများပါတယ်။
ဘာလုပ်လုပ် တစိုက်မတ်မတ်လုပ်၊ ကိုယ်လုပ်နေတဲ့အရာနဲ့ ကိုယ်နဲ့ တွဲပြီး လူတွေစိတ်ထဲ စွဲနေသည် အထိလုပ်၊ ခင်ဗျားဟာ ဘယ်တော့မှ ကောက်ရိုးမီး တောက်ပြီး ငြိမ်သွားမှာ မဟုတ်တဲ့သူ၊ နောက်မတွန့်ဘဲ အဆုံးထိ သွားမယ့်သူ ဆိုတာမျိုး လူတွေ ယုံကြည်သည် အထိလုပ်။ အဲဒါကြောင့် ကိုယ်ဘယ်လောက် ကြာကြာ သေချာလုပ်မလဲ? ဆိုတာကို အလေးပေး ထည့်စဥ်းစားစေချင်တာရယ်
(မျိုးအိမ်ဇန်)
zawgyi
အခုလိုအခ်ိန္မွာ ဘာစီးပြားေရး လုပ္ရမလဲ ဆိုသူမ်ားအတြက္ အေရးႀကီးတဲ့အရာ
ဘာလုပ္ရမလဲ? လို႔ လာေမးၾကတဲ့ မိတ္ေဆြေတြ အတြက္ ေပါင္းေျဖ လိုက္တာပါ.. Business ပဲ ျဖစ္ျဖစ္၊ ေဈးေရာင္းတာပဲ ျဖစ္ျဖစ္ တစ္ခုခု လုပ္တဲ့အခါ၊ ဘာလုပ္မွာလဲ? ဆိုတာထက္၊ ဘယ္ေလာက္ ၾကာၾကာ စြဲစြဲၿမဲၿမဲ လုပ္မွာလဲ? ဆိုတာက ပို အေရးႀကီးပါတယ္။
ဘယ္အလုပ္မဆိုက အခ်ိန္တစ္ခု ျဖတ္သန္းၿပီးမွ တည္ၿငိမ္တဲ့ အက်ိဳးအျမတ္ ဆိုတာ ရလာတာပါ၊ အေစာပိုင္း ကာလေတြဟာ လူအား၊ ေငြအား၊ စိတ္ခြန္အား၊ မိတ္ေဆြအား စသည္ စသည္ ျဖင့္ အရင္းအႏွီး မ်ားပါတယ္။ ရင္းေတာ့ ရင္းလိုက္ေပမယ့္ အေစာပိုင္း ကာလေတြဟာ ျမတ္လား ဆိုရင္ မလုပ္တတ္ေသးတာ၊ မနပ္ေသးတာ၊ မိတ္မရွိေသးတာ ေတြေၾကာင့္ အျမတ္အစြန္း တကယ္ရဖို႔ ခက္ပါတယ္။ အဲဒီမွာ ဆက္မလုပ္ဘဲ ရပ္လိုက္ရင္ အေပၚမွာ ေျပာခဲ့တဲ့ အရင္းအႏွီး ေတြက ဆုံးရႈံးပါတယ္။
အထူးသျဖင့္ ဟိုဟာ ေရာင္းလည္း အားေပး၊ ဒီ စီးပြားေရး လုပ္လည္း အားေပးနဲ႔ ေဘးကေန ဝန္းရံ ရတဲ့ “မိတ္” ဆုံးရႈံးတာဟာ ပိုဆိုးပါတယ္။
ကေလး ဘဝ တုန္းက အေမ ေ႐ႊသြားဝယ္ရင္၊ ေ႐ႊသြားေရာင္းရင္ အၿမဲလိုက္ရတယ္။ နာမည္ပိုႀကီးတဲ့၊ လက္ရာပိုေကာင္းတဲ့၊ ပုံဆန္းတဲ့ ဆိုင္ေတြထက္ အေမ ဝယ္ေနက်၊ ေရာင္းေနက် ဆိုင္တစ္ဆိုင္ ကိုပဲ အၿမဲသြားေတာ့ ေမးဖူးတယ္။ ဘာလို႔ အဲဒီ တစ္ဆိုင္တည္း ဝယ္တာလဲ? ေပါ့ေနာ္။
အေမ ျပန္ေျဖခဲ့တာက အဲဒီဆိုင္က ႏွစ္ေပါင္းမ်ားစြာ တည္တံ့ေနတယ္၊ ေ႐ႊ မွာ အဓိက အသက္က ကိုယ္ဝယ္တဲ့ ဆိုင္က ကိုယ္ ျပန္ေရာင္းတဲ့အခ်ိန္ ျပန္ဝယ္ဖို႔ပဲတဲ့။ ေနာက္ပိုင္း နားလည္လာတာ အဲဒီ “ေရရွည္တည္တံ့မႈ” ဟာ Brand ရဲ႕ ဂုဏ္သိကၡာပဲ၊ ဒီအခ်ိန္ လူတိုင္း တစ္ခုခု လုပ္ခ်င္ၾကတာ၊ လုပ္ဖို႔ လိုအပ္တာကို နားလည္ပါတယ္
လုပ္မွ လည္း ျဖစ္မွာကိုး။ အဲဒီေတာ့ ဘာပဲလုပ္လုပ္ ဘာလုပ္ မွာလဲ? ဆိုတာ စေတြးၾကတာ ထုံးစံေပမယ့္ တကယ္ အေရးႀကီးၿပီး အဓိက အေလးေပးဖို႔က.. ဘယ္ေလာက္ၾကာၾကာ လုပ္မွာလဲ? ဆိုတာကိုပါ၊ ေငြေၾကး ျဖစ္ေစ၊ နာမည္ ျဖစ္ေစ အက်ိဳးအျမတ္ ဟာ တစိုက္မတ္မတ္ လုပ္မွ ေနာက္က လိုက္လာမွာပါ။
ေဈးပဲေရာင္းေရာင္း၊ ဘာပဲလုပ္လုပ္ ေရတိုပဲလုပ္ရင္ ေအာင္ျမင္မႈ က မရတာမ်ားပါတယ္။ ကိုယ္ဘာလုပ္ေနတာလဲ ဆိုတာကို တစိုက္မတ္မတ္ လူေတြစိတ္ထဲ စြဲေနေအာင္ အၿမဲႏွစ္ၿပီး လုပ္ေနရင္ ေအာင္ျမင္ဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္။
ဘာလုပ္လုပ္ တစိုက္မတ္မတ္လုပ္၊ ကိုယ္လုပ္ေနတဲ့အရာနဲ႔ ကိုယ္နဲ႔ တြဲၿပီး လူေတြစိတ္ထဲ စြဲေနသည္ အထိလုပ္၊ ခင္ဗ်ားဟာ ဘယ္ေတာ့မွ ေကာက္႐ိုးမီး ေတာက္ၿပီး ၿငိမ္သြားမွာ မဟုတ္တဲ့သူ၊ ေနာက္မတြန႔္ဘဲ အဆုံးထိ သြားမယ့္သူ ဆိုတာမ်ိဳး လူေတြ ယုံၾကည္သည္ အထိလုပ္။ အဲဒါေၾကာင့္ ကိုယ္ဘယ္ေလာက္ ၾကာၾကာ ေသခ်ာလုပ္မလဲ? ဆိုတာကို အေလးေပး ထည့္စဥ္းစားေစခ်င္တာရယ္
(မ်ိဳးအိမ္ဇန္)



