(24.6.2022) မှ (30.6.2022) ထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း
(24.6.2022) မှ (30.6.2022) ထိ ၇ ရက်သားသမီး တစ်ပတ်စာ ဟောစာတမ်း
– တနင်္ဂနွေသားသမီးများအတွက်
ဒီကာလတွေအတွင်းမှာ အဘက်ဘက်က ကံဇာတာပွင့်လန်းနေပါလိမ့်မယ်။ လုပ်ငန်းစီးပွားတွေကို အရှိန်မြှင့်ပြီး လုပ်သင့်ပါတယ်။
လုပ်ငန်းသစ်စတာ၊ နေရာသစ်အစပြုတာတွေလည်း ကောင်းပါတယ်။ ရပ်ဝေးပြည်ပခရီးကောင်းတွေ ကြုံမယ်။
ရပ်ဝေးက စာ၊ ငွေ၊ အဆက်အသွယ်၊ အကူအညီတွေလည်း ရတတ်ပါတယ်။ မိတ်ဆွေ၊ ဆရာသမားတို့ရဲ့
အထင်အမြင် လွဲမှားခြင်းကိုတော့ ခံရတတ်တယ်။ မြေ၊ အမွေ၊ ဖုန်း၊ ကား၊ အထည်အလိပ်၊
လျှပ်စစ်ကိစ္စတွေမှာ အနှောက်အယှက် အထစ်အငေါ့တွေ များနေမယ်။ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊
အသီးအနှံ၊ ခရီးသွား လုပ်ငန်းတွေမှာတော့ အောင်မြင်မှုကြီးများ ရရှိနိုင်ပါတယ်။
သူတစ်ပါးရဲ့ ပြဿနာမှာ ကြားညပ်ဖြေရှင်း ရတတ်တယ်။ စပ်တူကိစ္စများ မတင်မကျတွေ ဆုံးဖြတ်ရခက် နေလိမ့်မယ်။
ကျန်းမာရေး ဝမ်းဗိုက်၊ ဦးခေါင်း၊ အကြော၊ အဆစ် သတိပြုသင့်ပါတယ်။ အိမ်ထောင်ရှင်များအတွက်
နီးတကျက်ကျက် ဝေးတသသ ဖြစ်နေလိမ့်မယ်။ ချစ်သူရည်းစားများအတွက်ကတော့
စိတ်ကောက်၊ စိတ်ဆိုးလို့ မကြာခဏ ပြန်ပြန်ချော့နေရမယ့် ကိန်းမျိုး ဖြစ်ပါတယ်။
ထီဝါသနာပါရင် (၆၄) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှာပြီး ထိုးပါ။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ သောကြာထောင့်မှာ ရှောက်သီးသုတ် (၁) ပွဲလှူပြီး လိုရာဆုတောင်းပါလေ
သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
– တနလာင်္သားသမီးများအတွက်
ဒီကာလတွေအတွင်းမှာ နာမည်ဂုဏ်သတင်း တတ်စရာတွေ ကြုံမယ်။ ရာထူးနေရာ အခွင့်အရေးကောင်းတွေ ကြုံရတတ်တယ်။
နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။
အလှူမင်္ဂလာကိစ္စအစီအစဉ်တွေ အောင်မြင်မယ်။ ကားတိုက်မှု တခုခုကို မြင်လိုက်တာနဲ့
(၇၂) အတွဲလိုက်စတဲ့ ထီးဂဏန်းကို ချက်ချင်း ထိုးပါ။ အထည်အလိပ်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊
လျှပ်စစ်ပစ္စည်း၊ ကွန်ပြူတာ၊ ကင်မရာလုပ်ငန်းတွေ အကျိုးပေး အောင်မြင်နိုင်ပါတယ်။
အိမ်အဆောက်အဦးကိစ္စလည်း အောင်မြင်မယ်။ စပ်တူကိစ္စ၊ ရွှေကိစ္စ၊ လက်အောက်ငယ်သားကိစ္စ၊
မိသားစုအတွင်းရေးကိစ္စတွေမှာတော့ စိတ်ရှုပ်စရာ ခေါင်စားရတတ်တယ်။ ငွေကိစ္စတွေမှာ အဆင်ပြေမယ်။
လုပ်ငန်းတွေ တိုးချဲ့သင့်ပါတယ်။ အိမ်ထောင်ရှင်များအတွက် မရှိမကောင်း၊ ရှိမကောင်းဆိုသလို
ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ကိန်းမျိုး ဖြစ်ပါတယ်။ ချစ်သူရည်းစားများအတွက်ကတော့ ကြည်နူးဖွယ်ရာများ
အထူးကြုံတွေ့နိုင်မယ့် ကာလပါပဲ။ ကျန်းမာရေး အရုံကြော၊ ရင်အောင့်၊ ဝမ်းကိုက်၊ လေနာ၊ လိပ်ခေါင်း။
လက်နာ ရောဂါတွေ သတိထားဂရုစိုက်သင့်ပါတယ်။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ တနင်္လာထောင့်မှာ တံခွန်(၉)လုံး၊ ကြံရည် (၂) ခွက်လှူပြီး လိုရာဆုတောင်းပါလေ
သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
– အင်္ဂါသားသမီးများအတွက်
ဒီကာလတွေအတွင်းမှာ စိတ်လေ၊ စိတ်မော၊ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရတတ်ပါတယ်။
စိတ်ရှည်ည် ခေါင်းအေးအေးထားပြီး တိုင်တိုင်ပင်ပင် လုပ်သင့်တဲ့ ကိန်းမျိုးဖြစ်တယ်။
အထင်လွဲပြီး စွပ်စွဲ ခံရတာ၊ ပြဿနာ ကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း
အဆောက်အဦးကိစ္စတွေ မတင်မကျတွေ ဖြစ်နေမယ်။ ပြည်တွင်း၊ ပြည်ပခရီးများ ဆန်၊ ဆီး၊ ဆေး၊
ဆား၊ စက်ကိစ္စ၊ အလုပ်တွေမှာ အလွဲအချောများနေမယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ အထည်အလိပ်၊
ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်၊ လုပ်ငန်းတွေမှာတော့ တိုးချ့ဲပြီး လုပ်သင့်ပါတယ်။
အလုပ်တွေ လုပ်ရပြီး ငွေမြုပ်နေတတ်တဲ့ ကိန်းမျိုး ဖြစ်ပါတယ်။ ဝန်ထမ်း၊ ရာထူး၊ နိုင်ငံခြား၊
ကိစ္စများမှာ အထူးကောင်းပါတယ်။ ကျန်းမာရေး အကြောအဆစ်၊ အစားမှား၊ ဆေးမှား။
သွားဖုံနာ၊ သွေးပေါင်ကျ ရောဂါတွေ သတိထားဖို့လိုပါတယ်။ အထူးသဖြင့် စိတ်ထောင်းကိုယ်ကြေ ဖြစ်နေတတ်တယ်။
အိမ်ထောင်ရေး ဖောက်ပြန်စွပ်စွဲ နားလည်မှု လွဲနေတာကြောင့် လမ်းခွဲရမလို အဖြစ်မျိုး ကြုံနေရတတ်တယ်။
ချစ်သူရည်းစားများအတွက်ကတော့ မောင်တစ်ရွာ၊ မယ်တစ်မြို့ ခွဲခွာနေရတာမျိုးတွေ ကြုံတွေ့ရမယ့် ကိန်းမျိုးပါပဲ။
ထီဝါသနာပါရင် (၅၇) အတွဲလိုက်စတဲ့ ဂဏန်းမျိုးရှာပြီး ရှေ့က ထားပြီး ထိုးပါ။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ ထီးဖြူ(၁၂)လက် ပေါင်မုန့်ထောပက်သုပ်(၅)ချပ် လှူပြီး လိုရာဆုတောင်းပါလေ
သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
– ဗုဒ္ဓဟူးသားသမီးများအတွက်
ဒီကာလတွေအတွင်းမှာ အိမ်၊ ဆိုင်၊ စက်၊ အသုံးအဆောင်သစ်တွေ တခုပြီးတခု ဝင်လာတတ်ပါတယ်။
တစ်ခုရှိတာက ရှိပြီးသားပစ္စည်းကတော့ ထွက်တာ၊ ပျက်တာ များနေမယ်။ ငွေများများ ကိုင်မထားသင့်ဘူး။
အဲဒီ ငွေဟာ ဆေးဖိုးဝါးခ ဖြစ်သွားတတ်တယ်။ ဆန်၊ ဆီး၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်စာတမ်း၊
အိမ်ဆောက်ပစ္စည်း၊ စပ်တူရှယ်ယာကိစ္စ၊ အဆောက်အဦးကိစ္စတွေ အောင်မြင်၊ အကျိုးပေးမယ့် အချိန်မျိုး ဖြစ်ပါတယ်။
ခရီးသွားလာရေးကိစ္စတွေ အလွဲလွဲအချောချော ဖြစ်နေတတ်တယ်။ နိုင်ငံခြား ရပ်ဝေးနဲ့ပတ်သက်လို့ မထင်မှတ်ပဲ
အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာတတ်တယ်။ မိတ်ဆွေရင်း ဆရာရင်း တို့ကြောင့် စိတ်ရှုပ်စရာ ခေါင်စားရတတ်တယ်။
ဘာမဆို မတင်မကျ၊မရေမရာ ဖြစ်နေတတ်တာ လေးကို သတိပြုပါ။ စိတ်ရှည်ပါ။
အိမ်ထောင်ရှင်များအတွက် အထစ်အငေါ့တွေ ပြေလည်သွားမယ်။ ချစ်သူရည်းစားများအတွက်ကတော့
ကံနိမ့်နေတဲ့ ကိန်းမျိုးမို့ လွမ်းသူရင်မော ဖြစ်နေတတ်ပါတယ်။ ထီဝါသနာပါရင် (၁၃) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို
ရှေ့မှာထားပြီး ထိုးပါ။ ကျန်းမာရေး ဗိုက်နာ၊ ဝမ်းပျက်၊ ခေါင်းမူး၊ ဇက်ကြောတတ်၊ ခါးနာ ရောဂါများ ဂရုစိုက်ပါ။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ တနင်္ဂနွေထောင့်မှာ အုန်းနို့ခေါက်ဆွဲ (၃) ပန်းကန် လှူပါ။
မိမိကိုယ်တိုင်လဲ စားရင်း လိုရာဆုတောင်းပါလေ သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
– ကြာသပတေးသားသမီးများအတွက်
မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်း တွေမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စ၊
စာမေးပွဲကိစ္စတွေ အထူးကောင်းပါတယ်။ စပ်တူကိစ္စတွေလည်း အောင်မြင်မယ်။ စာချုပ်စာတမ်းကိစ္စတွေလည်း အဆင်ပြေမယ်။
ပြည်တွင်း၊ ပြည်ပခရီးကောင်းများ ကြုံရမယ့်အချိန်ပါပဲ။ ငွေကံလေးလည်း ကောင်းနေမယ်။
ဘာသာရေးလုပ်ငန်းတွေ ဘုရားဖူးခရီးတွေ ပေါ်လာမယ်။ အလှူအတန်းကိစ္စ၊ မင်္ဂလာကိစ္စတွေနဲ့ ပတ်သက်ရတတ်တယ်။
အောက်လက်ငယ်သားကိစ္စ၊ အထည်အလိပ်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်၊ အိမ်နေရာကိစ္စတွေမှာတော့ ဆန္ဒမစောသင့်ဘူး။
လေထိုး၊ လေအောင့်၊ နှလုံး၊ ဒူး၊ နား၊ ရောဂါတွေ သတိထားသင့်ပါတယ်။ စက်ပစ္စည်း၊ ဆိုင်ခန်း၊ မြေ၊
အမွေ၊ ဖုန်းကိစ္စများ အကျိုးပေး အောင်မြင်နိုင်ပါတယ်။ အိမ်ထောင်ရှင်များအတွက် ကြားလေသွေးလို့
နှစ်ပါးမသွေဝေးရတဲ့ အဖြစ်မျိုးပါ။ ချစ်သူရည်းစားများအတွက်ကတော့ အဆင်မပြေမှု လေးတွေဖြစ်ပြီးမှ
ပြန်လည်သင့်မြတ် ပြေလည်သွားနိုင်ပါတယ်။ ထီဝါသနာပါရင် (၅၃) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ ကြာသပတေးထောင့်မှာ မုန့်စိမ်းပေါင်း(၅)ပန်းကန် လှူပြီး လိုရာဆုတောင်းပါလေ
သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
– သောကြာသားသမီးများအတွက်
ဒီကာလတွေအတွင်းမှာ အစစအရာရာ သတိကြီးစွာ ထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်းသလို ဖြစ်နေတယ်။
ပြဿနာကြီးတွေလဲ ဖြေရှင်းနေရတတ်တယ်။ ကိုယ့်ကိစ္စမဟုတ်ရင်လည်း သူတစ်ပါးကိစ္စမှာ ကြားညှပ်တတ်ပါတယ်။
ဆီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ အစာအိမ် ဒုက္ခပေးတတ်တယ်။ ခရီးကံ အလွန်ကောင်းသောအချိန် ဖြစ်ပါတယ်။
အဝေးကလည်း အကူအညီကောင်းတွေ ရတတ်တယ်။ အိမ်ကိစ္စ၊ အဖိုးတန်ပစ္စည်း ဝယ်ရောင်းကိစ္စတွေ အောင်မြင်မယ်။
အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သစ်၊ သံ၊ သွပ်၊ အသီးအနှံ၊ ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်းတွေ အကျိုးပေးမယ့် အချိန်ဖြစ်ပါတယ်။
မြေ၊ အမွေ၊ ဖုန်း၊ ပညာရေးကိစ္စများ ဆုံးဖြတ်ရခက်နေမယ်။ အိမ်ထောင်ရှင်များအတွက်
အိမ်ထောင်ဖက်ရဲ့ သတင်းကောင်း ကြားရတတ်ပြီး ချစ်သူရည်းစားများအတွက်ကတော့ ဝေးလေကောင်းလေဆိုတဲ့
ကိန်းမျိုး ဖြစ်နေပါတယ်။ ထီဝါသနာပါရင် (၁၆) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ စနေထောင့်မှာ ထီးနီးသက်စေ့ လှူဒါန်းပြီး လိုရာဆုတောင်းပါလေ
သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
– စနေသားသမီးများအတွက်
ဒီကာလတွေအတွင်းမှာ အဖက်ဖက်က အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ အလုပ်တွေ ချဲ့သင့်၊ တိုးသင့်
အချိန်မြှင့်သင့်တဲ့ အချိန်ပါပဲ။ ကံတရားက ကိုယ့်ကို မျက်နှာပေးတဲ့ ကိန်းမျိုး ဖြစ်ပါတယ်။ ငွေရွှင်မယ်။ ရွှေဝင်မယ်။
အနုပညာအလုပ်၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပြူတာ၊ ကင်မရာအလုပ်တွေမှာ အကျိုးအမြတ် များနိုင်ပါတယ်။
စပ်တူကိစ္စ၊ စာချုပ်စာတမ်းကိစ္စတွေတော့ သတိထားပါ။ ကိုယ့်ရဲ့ အောင်မြင်လာတဲ့အပေါ်
မနာလို အပြိုင်အဆိုင်တွေလည်း ပေါလာမယ်။ တမင် ရန်စခံရတတ်တယ်။ အမှုပတ်တတ်တယ်။
ပြည်တွင်း၊ ပြည်ပခရီးများ မရေမရာဖြစ်နေတတ်တယ်။ အောက်လက်ငယ်သား အကျိုးပေးမယ်။
အိမ်ထောင်ရှင်များအတွက် စိတ်ဝမ်းကွဲရတတ်တယ်။ ချစ်သူရည်းစားများအတွက်ကတော့ သတင်းကောင်း ကြားရတတ်တယ်။
ခရီးကောင်း သွားရမယ်။ ထီဝါသနာပါရင် (၂၄) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရအောင်ရှာပြီး ထိုးပါ။
ကျန်းမာရေး သွားနာ၊ သွေးတိုး၊ သွေးအားနည်း၊ အဆစ်အမြစ်တွေကိုက် ဖြစ်တတ်ပါတယ်။
ယတြာ – ဘုရားတစ်ဆူဆူရဲ့ ဗုဒ္ဓဟူးထောင့်မှာ လ္ဘက်ရည်(၆)ခွက်၊ ကိတ်မုန့် (၂)ချပ် လှုပြီး လိုရာဆုတောင်းပါလေ
သင်၏ အခက်အခဲများ ပြေပျောက်၍ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝလာပါလိမ့်မည်။
Respectfully Credit to ဂမ္ဘီရ စာရေးဆရာ မာန်သစ်ခိုင်
(24.6.2022) မွ (30.6.2022) ထိ ၇ ရက္သားသမီး တစ္ပတ္စာ ေဟာစာတမ္း
(24.6.2022) မွ (30.6.2022) ထိ ၇ ရက္သားသမီး တစ္ပတ္စာ ေဟာစာတမ္း
– တနဂၤေႏြသားသမီးမ်ားအတြက္
ဒီကာလေတြအတြင္းမွာ အဘက္ဘက္က ကံဇာတာပြင့္လန္းေနပါလိမ့္မယ္။ လုပ္ငန္းစီးပြားေတြကို အရွိန္ျမႇင့္ၿပီး လုပ္သင့္ပါတယ္။
လုပ္ငန္းသစ္စတာ၊ ေနရာသစ္အစျပဳတာေတြလည္း ေကာင္းပါတယ္။ ရပ္ေဝးျပည္ပခရီးေကာင္းေတြ ႀကဳံမယ္။
ရပ္ေဝးက စာ၊ ေငြ၊ အဆက္အသြယ္၊ အကူအညီေတြလည္း ရတတ္ပါတယ္။ မိတ္ေဆြ၊ ဆရာသမားတို႔ရဲ႕
အထင္အျမင္ လြဲမွားျခင္းကိုေတာ့ ခံရတတ္တယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ကား၊ အထည္အလိပ္၊
လွ်ပ္စစ္ကိစၥေတြမွာ အေႏွာက္အယွက္ အထစ္အေငါ့ေတြ မ်ားေနမယ္။ သစ္၊ သံ၊ သြပ္၊ ေရထြက္ကုန္၊
အသီးအႏွံ၊ ခရီးသြား လုပ္ငန္းေတြမွာေတာ့ ေအာင္ျမင္မႈႀကီးမ်ား ရရွိႏိုင္ပါတယ္။
သူတစ္ပါးရဲ႕ ျပႆနာမွာ ၾကားညပ္ေျဖရွင္း ရတတ္တယ္။ စပ္တူကိစၥမ်ား မတင္မက်ေတြ ဆုံးျဖတ္ရခက္ ေနလိမ့္မယ္။
က်န္းမာေရး ဝမ္းဗိုက္၊ ဦးေခါင္း၊ အေၾကာ၊ အဆစ္ သတိျပဳသင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ားအတြက္
နီးတက်က္က်က္ ေဝးတသသ ျဖစ္ေနလိမ့္မယ္။ ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့
စိတ္ေကာက္၊ စိတ္ဆိုးလို႔ မၾကာခဏ ျပန္ျပန္ေခ်ာ့ေနရမယ့္ ကိန္းမ်ိဳး ျဖစ္ပါတယ္။
ထီဝါသနာပါရင္ (၆၄) အတြဲလိုက္ပူးေနတဲ့ဂဏန္းကို ရွာၿပီး ထိုးပါ။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ ေသာၾကာေထာင့္မွာ ေရွာက္သီးသုတ္ (၁) ပြဲလႉၿပီး လိုရာဆုေတာင္းပါေလ
သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
– တနလာသၤားသမီးမ်ားအတြက္
ဒီကာလေတြအတြင္းမွာ နာမည္ဂုဏ္သတင္း တတ္စရာေတြ ႀကဳံမယ္။ ရာထူးေနရာ အခြင့္အေရးေကာင္းေတြ ႀကဳံရတတ္တယ္။
ႏိုင္ငံျခား၊ လူမ်ိဳးျခားကိစၥေတြလည္း အက်ိဳးထူးမယ္။ ခရီးေကာင္းေတြလည္း သြားရတတ္ပါတယ္။
အလႉမဂၤလာကိစၥအစီအစဥ္ေတြ ေအာင္ျမင္မယ္။ ကားတိုက္မႈ တခုခုကို ျမင္လိုက္တာနဲ႔
(၇၂) အတြဲလိုက္စတဲ့ ထီးဂဏန္းကို ခ်က္ခ်င္း ထိုးပါ။ အထည္အလိပ္၊ ထီး၊ ဖိနပ္၊ ကား၊ ေက်ာက္၊
လွ်ပ္စစ္ပစၥည္း၊ ကြန္ျပဴတာ၊ ကင္မရာလုပ္ငန္းေတြ အက်ိဳးေပး ေအာင္ျမင္ႏိုင္ပါတယ္။
အိမ္အေဆာက္အဦးကိစၥလည္း ေအာင္ျမင္မယ္။ စပ္တူကိစၥ၊ ေ႐ႊကိစၥ၊ လက္ေအာက္ငယ္သားကိစၥ၊
မိသားစုအတြင္းေရးကိစၥေတြမွာေတာ့ စိတ္ရႈပ္စရာ ေခါင္စားရတတ္တယ္။ ေငြကိစၥေတြမွာ အဆင္ေျပမယ္။
လုပ္ငန္းေတြ တိုးခ်ဲ႕သင့္ပါတယ္။ အိမ္ေထာင္ရွင္မ်ားအတြက္ မရွိမေကာင္း၊ ရွိမေကာင္းဆိုသလို
ရန္ျဖစ္လိုက္ ျပန္ခ်စ္လိုက္ ကိန္းမ်ိဳး ျဖစ္ပါတယ္။ ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ ၾကည္ႏူးဖြယ္ရာမ်ား
အထူးႀကဳံေတြ႕ႏိုင္မယ့္ ကာလပါပဲ။ က်န္းမာေရး အ႐ုံေၾကာ၊ ရင္ေအာင့္၊ ဝမ္းကိုက္၊ ေလနာ၊ လိပ္ေခါင္း။
လက္နာ ေရာဂါေတြ သတိထားဂ႐ုစိုက္သင့္ပါတယ္။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ တနလၤာေထာင့္မွာ တံခြန္(၉)လုံး၊ ႀကံရည္ (၂) ခြက္လႉၿပီး လိုရာဆုေတာင္းပါေလ
သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
– အဂၤါသားသမီးမ်ားအတြက္
ဒီကာလေတြအတြင္းမွာ စိတ္ေလ၊ စိတ္ေမာ၊ စိတ္ႏွစ္ခြျဖစ္စရာေတြ၊ ဆုံးျဖတ္ရခက္တာေတြ ႀကဳံရတတ္ပါတယ္။
စိတ္ရွည္ည္ ေခါင္းေအးေအးထားၿပီး တိုင္တိုင္ပင္ပင္ လုပ္သင့္တဲ့ ကိန္းမ်ိဳးျဖစ္တယ္။
အထင္လြဲၿပီး စြပ္စြဲ ခံရတာ၊ ျပႆနာ ၾကားညပ္တာမ်ိဳးေတြ ႀကဳံရတတ္တယ္။ ေနရာထိုင္ခင္း
အေဆာက္အဦးကိစၥေတြ မတင္မက်ေတြ ျဖစ္ေနမယ္။ ျပည္တြင္း၊ ျပည္ပခရီးမ်ား ဆန္၊ ဆီး၊ ေဆး၊
ဆား၊ စက္ကိစၥ၊ အလုပ္ေတြမွာ အလြဲအေခ်ာမ်ားေနမယ္။ ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရး၊ အထည္အလိပ္၊
ထီး၊ ဖိနပ္၊ ဓာတ္ပုံ၊ လွ်ပ္စစ္၊ လုပ္ငန္းေတြမွာေတာ့ တိုးခ်႕ဲၿပီး လုပ္သင့္ပါတယ္။
အလုပ္ေတြ လုပ္ရၿပီး ေငြျမဳပ္ေနတတ္တဲ့ ကိန္းမ်ိဳး ျဖစ္ပါတယ္။ ဝန္ထမ္း၊ ရာထူး၊ ႏိုင္ငံျခား၊
ကိစၥမ်ားမွာ အထူးေကာင္းပါတယ္။ က်န္းမာေရး အေၾကာအဆစ္၊ အစားမွား၊ ေဆးမွား။
သြားဖုံနာ၊ ေသြးေပါင္က် ေရာဂါေတြ သတိထားဖို႔လိုပါတယ္။ အထူးသျဖင့္ စိတ္ေထာင္းကိုယ္ေၾက ျဖစ္ေနတတ္တယ္။
အိမ္ေထာင္ေရး ေဖာက္ျပန္စြပ္စြဲ နားလည္မႈ လြဲေနတာေၾကာင့္ လမ္းခြဲရမလို အျဖစ္မ်ိဳး ႀကဳံေနရတတ္တယ္။
ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ ေမာင္တစ္႐ြာ၊ မယ္တစ္ၿမိဳ႕ ခြဲခြာေနရတာမ်ိဳးေတြ ႀကဳံေတြ႕ရမယ့္ ကိန္းမ်ိဳးပါပဲ။
ထီဝါသနာပါရင္ (၅၇) အတြဲလိုက္စတဲ့ ဂဏန္းမ်ိဳးရွာၿပီး ေရွ႕က ထားၿပီး ထိုးပါ။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ စေနေထာင့္မွာ ထီးျဖဴ(၁၂)လက္ ေပါင္မုန႔္ေထာပက္သုပ္(၅)ခ်ပ္ လႉၿပီး လိုရာဆုေတာင္းပါေလ
သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
– ဗုဒၶဟူးသားသမီးမ်ားအတြက္
ဒီကာလေတြအတြင္းမွာ အိမ္၊ ဆိုင္၊ စက္၊ အသုံးအေဆာင္သစ္ေတြ တခုၿပီးတခု ဝင္လာတတ္ပါတယ္။
တစ္ခုရွိတာက ရွိၿပီးသားပစၥည္းကေတာ့ ထြက္တာ၊ ပ်က္တာ မ်ားေနမယ္။ ေငြမ်ားမ်ား ကိုင္မထားသင့္ဘူး။
အဲဒီ ေငြဟာ ေဆးဖိုးဝါးခ ျဖစ္သြားတတ္တယ္။ ဆန္၊ ဆီး၊ ေဆး၊ ဆား၊ စက္မႈ၊ စာအုပ္စာတမ္း၊
အိမ္ေဆာက္ပစၥည္း၊ စပ္တူရွယ္ယာကိစၥ၊ အေဆာက္အဦးကိစၥေတြ ေအာင္ျမင္၊ အက်ိဳးေပးမယ့္ အခ်ိန္မ်ိဳး ျဖစ္ပါတယ္။
ခရီးသြားလာေရးကိစၥေတြ အလြဲလြဲအေခ်ာေခ်ာ ျဖစ္ေနတတ္တယ္။ ႏိုင္ငံျခား ရပ္ေဝးနဲ႔ပတ္သက္လို႔ မထင္မွတ္ပဲ
အခြင့္အလမ္းေကာင္းေတြ ေပၚေပါက္လာတတ္တယ္။ မိတ္ေဆြရင္း ဆရာရင္း တို႔ေၾကာင့္ စိတ္ရႈပ္စရာ ေခါင္စားရတတ္တယ္။
ဘာမဆို မတင္မက်၊မေရမရာ ျဖစ္ေနတတ္တာ ေလးကို သတိျပဳပါ။ စိတ္ရွည္ပါ။
အိမ္ေထာင္ရွင္မ်ားအတြက္ အထစ္အေငါ့ေတြ ေျပလည္သြားမယ္။ ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့
ကံနိမ့္ေနတဲ့ ကိန္းမ်ိဳးမို႔ လြမ္းသူရင္ေမာ ျဖစ္ေနတတ္ပါတယ္။ ထီဝါသနာပါရင္ (၁၃) အတြဲလိုက္ပူးေနတဲ့ဂဏန္းကို
ေရွ႕မွာထားၿပီး ထိုးပါ။ က်န္းမာေရး ဗိုက္နာ၊ ဝမ္းပ်က္၊ ေခါင္းမူး၊ ဇက္ေၾကာတတ္၊ ခါးနာ ေရာဂါမ်ား ဂ႐ုစိုက္ပါ။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ တနဂၤေႏြေထာင့္မွာ အုန္းႏို႔ေခါက္ဆြဲ (၃) ပန္းကန္ လႉပါ။
မိမိကိုယ္တိုင္လဲ စားရင္း လိုရာဆုေတာင္းပါေလ သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
– ၾကာသပေတးသားသမီးမ်ားအတြက္
မိတ္ေကာင္းေဆြေကာင္း၊ ဆရာေကာင္းသမားေကာင္း ေတြမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥ၊
စာေမးပြဲကိစၥေတြ အထူးေကာင္းပါတယ္။ စပ္တူကိစၥေတြလည္း ေအာင္ျမင္မယ္။ စာခ်ဳပ္စာတမ္းကိစၥေတြလည္း အဆင္ေျပမယ္။
ျပည္တြင္း၊ ျပည္ပခရီးေကာင္းမ်ား ႀကဳံရမယ့္အခ်ိန္ပါပဲ။ ေငြကံေလးလည္း ေကာင္းေနမယ္။
ဘာသာေရးလုပ္ငန္းေတြ ဘုရားဖူးခရီးေတြ ေပၚလာမယ္။ အလႉအတန္းကိစၥ၊ မဂၤလာကိစၥေတြနဲ႔ ပတ္သက္ရတတ္တယ္။
ေအာက္လက္ငယ္သားကိစၥ၊ အထည္အလိပ္၊ ထီး၊ ဖိနပ္၊ လွ်ပ္စစ္၊ အိမ္ေနရာကိစၥေတြမွာေတာ့ ဆႏၵမေစာသင့္ဘူး။
ေလထိုး၊ ေလေအာင့္၊ ႏွလုံး၊ ဒူး၊ နား၊ ေရာဂါေတြ သတိထားသင့္ပါတယ္။ စက္ပစၥည္း၊ ဆိုင္ခန္း၊ ေျမ၊
အေမြ၊ ဖုန္းကိစၥမ်ား အက်ိဳးေပး ေအာင္ျမင္ႏိုင္ပါတယ္။ အိမ္ေထာင္ရွင္မ်ားအတြက္ ၾကားေလေသြးလို႔
ႏွစ္ပါးမေသြေဝးရတဲ့ အျဖစ္မ်ိဳးပါ။ ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ အဆင္မေျပမႈ ေလးေတြျဖစ္ၿပီးမွ
ျပန္လည္သင့္ျမတ္ ေျပလည္သြားႏိုင္ပါတယ္။ ထီဝါသနာပါရင္ (၅၃) အတြဲလိုက္ပူးေနတဲ့ဂဏန္းကို ေရွ႕မွာထားၿပီး ထိုးပါ။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ ၾကာသပေတးေထာင့္မွာ မုန႔္စိမ္းေပါင္း(၅)ပန္းကန္ လႉၿပီး လိုရာဆုေတာင္းပါေလ
သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
– ေသာၾကာသားသမီးမ်ားအတြက္
ဒီကာလေတြအတြင္းမွာ အစစအရာရာ သတိႀကီးစြာ ထားဖို႔လိုပါတယ္။ ရန္ပတ္လည္ဝိုင္းသလို ျဖစ္ေနတယ္။
ျပႆနာႀကီးေတြလဲ ေျဖရွင္းေနရတတ္တယ္။ ကိုယ့္ကိစၥမဟုတ္ရင္လည္း သူတစ္ပါးကိစၥမွာ ၾကားညႇပ္တတ္ပါတယ္။
ဆီး၊ မ်က္စိ၊ နား၊ ႏွာေခါင္း၊ အစာအိမ္ ဒုကၡေပးတတ္တယ္။ ခရီးကံ အလြန္ေကာင္းေသာအခ်ိန္ ျဖစ္ပါတယ္။
အေဝးကလည္း အကူအညီေကာင္းေတြ ရတတ္တယ္။ အိမ္ကိစၥ၊ အဖိုးတန္ပစၥည္း ဝယ္ေရာင္းကိစၥေတြ ေအာင္ျမင္မယ္။
အိမ္ေဆာက္ပစၥည္း၊ အုတ္၊ သစ္၊ သံ၊ သြပ္၊ အသီးအႏွံ၊ ေရထြက္ကုန္၊ ခရီးသြားလုပ္ငန္းေတြ အက်ိဳးေပးမယ့္ အခ်ိန္ျဖစ္ပါတယ္။
ေျမ၊ အေမြ၊ ဖုန္း၊ ပညာေရးကိစၥမ်ား ဆုံးျဖတ္ရခက္ေနမယ္။ အိမ္ေထာင္ရွင္မ်ားအတြက္
အိမ္ေထာင္ဖက္ရဲ႕ သတင္းေကာင္း ၾကားရတတ္ၿပီး ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ ေဝးေလေကာင္းေလဆိုတဲ့
ကိန္းမ်ိဳး ျဖစ္ေနပါတယ္။ ထီဝါသနာပါရင္ (၁၆) အတြဲလိုက္ပူးေနတဲ့ဂဏန္းကို ေရွ႕မွာထားၿပီး ထိုးပါ။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ စေနေထာင့္မွာ ထီးနီးသက္ေစ့ လႉဒါန္းၿပီး လိုရာဆုေတာင္းပါေလ
သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
– စေနသားသမီးမ်ားအတြက္
ဒီကာလေတြအတြင္းမွာ အဖက္ဖက္က အခြင့္အလမ္းေကာင္းေတြ ေပၚလာမယ္။ အလုပ္ေတြ ခ်ဲ႕သင့္၊ တိုးသင့္
အခ်ိန္ျမႇင့္သင့္တဲ့ အခ်ိန္ပါပဲ။ ကံတရားက ကိုယ့္ကို မ်က္ႏွာေပးတဲ့ ကိန္းမ်ိဳး ျဖစ္ပါတယ္။ ေငြ႐ႊင္မယ္။ ေ႐ႊဝင္မယ္။
အႏုပညာအလုပ္၊ အလွကုန္၊ ကား၊ ေက်ာက္၊ ကြန္ျပဴတာ၊ ကင္မရာအလုပ္ေတြမွာ အက်ိဳးအျမတ္ မ်ားႏိုင္ပါတယ္။
စပ္တူကိစၥ၊ စာခ်ဳပ္စာတမ္းကိစၥေတြေတာ့ သတိထားပါ။ ကိုယ့္ရဲ႕ ေအာင္ျမင္လာတဲ့အေပၚ
မနာလို အၿပိဳင္အဆိုင္ေတြလည္း ေပါလာမယ္။ တမင္ ရန္စခံရတတ္တယ္။ အမႈပတ္တတ္တယ္။
ျပည္တြင္း၊ ျပည္ပခရီးမ်ား မေရမရာျဖစ္ေနတတ္တယ္။ ေအာက္လက္ငယ္သား အက်ိဳးေပးမယ္။
အိမ္ေထာင္ရွင္မ်ားအတြက္ စိတ္ဝမ္းကြဲရတတ္တယ္။ ခ်စ္သူရည္းစားမ်ားအတြက္ကေတာ့ သတင္းေကာင္း ၾကားရတတ္တယ္။
ခရီးေကာင္း သြားရမယ္။ ထီဝါသနာပါရင္ (၂၄) အတြဲလိုက္ပူးေနတဲ့ဂဏန္းကို ရေအာင္ရွာၿပီး ထိုးပါ။
က်န္းမာေရး သြားနာ၊ ေသြးတိုး၊ ေသြးအားနည္း၊ အဆစ္အျမစ္ေတြကိုက္ ျဖစ္တတ္ပါတယ္။
ယၾတာ – ဘုရားတစ္ဆူဆူရဲ႕ ဗုဒၶဟူးေထာင့္မွာ လၻက္ရည္(၆)ခြက္၊ ကိတ္မုန႔္ (၂)ခ်ပ္ လႈၿပီး လိုရာဆုေတာင္းပါေလ
သင္၏ အခက္အခဲမ်ား ေျပေပ်ာက္၍ ေကာင္းက်ိဳးလိုရာဆႏၵမ်ား ျပည့္ဝလာပါလိမ့္မည္။
Respectfully Credit to ဂမၻီရ စာေရးဆရာ မာန္သစ္ခိုင္



