အနုပညာ

အနုပညာရှင်များက မြှောက်ပေးနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုနေတဲ့အပေါ် မင်းမော်ကွန်းက လူမှုကွန်ယက်မှာ Generation Z တွေကို မေးခွန်းထုတ်လာခဲ့ပါတယ်

လတ်တလော ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဒီလို ပူးပေါင်းပါဝင်ခဲ့တဲ့ အနုပညာရှင်များက တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ရဲရဲဝံ့ဝံ့ ရှေ့တန်းမှာ လှုပ်ရှားနေကြတဲ့ ပြည်သူများအတွက် စားသောက် စရာတွေ နဲ့ ကာကွယ်ရေး ပစ္စည်းများကို တစ်ထောင့် တစ်နေရာကနေ ကူညီထောက်ပံ့ပေးတဲ့ အပြင် ကိုယ်တိုင်လည်း လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ကြတာ တွေ့ရပါတယ်။

ဒီလို လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင် လှုပ်ရှားတဲ့ အနုပညာတွေထဲမှာ သရုပ်ဆောင် မင်းမော်ကွန်း တစ်ယောက်လည်း တက်တက်ကြွကြွ ရပ်တည်ခဲ့ပါတယ်။ မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေ ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိပြည်သူ တစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မြောက်ဒဂုံမြို့နယ်က လူထုလှုပ်ရှားမှုမှာ ဒိုင်းကာ ကာနေရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်း ကိုချစ်မင်းသူရဲ့ နောက်ဆုံး ခရီးအတွက် မိသားစုများထံသို အလှူငွေများ လှူဒါန်းပေးခဲ့ပါတယ်။

ယခုမှာလည်း ဒီမီုကရေစီအရေးမှာ ရဲရဲဝံ့ဝံ့ ပါဝင် လှုပ်ရှားနေကြတဲ့ Generation Z တွေကို အနုပညာရှင်များက မြှောက်ပေးနေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုနေတဲ့အပေါ် မင်းမော်ကွန်းက လူမှုကွန်ယက်မှာ Generation Z တွေကို မေးခွန်းထုတ်လာခဲ့ပါတယ်။ “သူများမြှောက်ပေးလို့လုပ်တာလား… ကိုယ့်အသိနဲ့ စဉ်းစားချင့်ချိန်ပြီ းလုပ်တာလား….ဖြေကြပါ GZ အပေါင်းတို့” ဆိုပြီး ရေးသားထားပါတယ်။ ကဲ…ဒီမီုကရေစီအရေးလှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ Generation Z တွေက မင်းမော်ကွန်းရဲ့ မေးခွန်းကို ပြန် လည်ဖြေေ ပးခဲ့ပါဦး။

Photo Credit – Kyaw Kyaw Htay Lwin fb account

Credit

Zawgyi

လတ္တေလာ ဒီမီုကေရစီအေရးမွာ အမွန္တရားကို လိုလားၾကတဲ့ ျပည္သူေတြနဲ႔အတူ အႏုပညာရွင္မ်ားစြာကလည္း ပူးေပါင္းပါဝင္ခဲ့ၾကပါတယ္။ဒီလို ပူးေပါင္းပါဝင္ခဲ့တဲ့ အႏုပညာရွင္မ်ားက တိုင္းျပည္ရဲ့ အနာဂတ္လွပေအာင္ ရဲရဲဝံ့ဝံ့ ေရွ႕တန္းမွာ လႈပ္ရွားေနၾကတဲ့ ျပည္သူမ်ားအတြက္ စားေသာက္ စရာေတြ နဲ႔ ကာကြယ္ေရး ပစၥည္းမ်ားကို တစ္ေထာင့္ တစ္ေနရာကေန ကူညီေထာက္ပံ့ေပးတဲ့ အျပင္ ကိုယ္တိုင္လည္း လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ၾကတာ ေတြ႕ရပါတယ္။

ဒီလို လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္း ပါဝင္ လႈပ္ရွားတဲ့ အႏုပညာေတြထဲမွာ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္း တစ္ေယာက္လည္း တက္တက္ႂကြႂကြ ရပ္တည္ခဲ့ပါတယ္။ မင္းေမာ္ကြန္းက လူထုလႈပ္ရွားမႈေတြမွာ ေအာင္ျမင္မႈေတြ ေဘးခ်ိတ္ၿပီး လူငယ္ေတြရဲ့အနာဂတ္အိမ္မက္ေတြ မေပ်ာက္ေအာင္ တာဝန္သိျပည္သူ တစ္ေယာက္အနဲ႔ စိတ္အားထက္သန္စြာ ပါဝင္ခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း ေျမာက္ဒဂုံၿမိဳ႕နယ္က လူထုလႈပ္ရွားမႈမွာ ဒိုင္းကာ ကာေနရင္း အသက္ေပးလိုက္ရတဲ့ သူရဲေကာင္း ကိုခ်စ္မင္းသူရဲ့ ေနာက္ဆုံး ခရီးအတြက္ မိသားစုမ်ားထံသို အလႉေငြမ်ား လႉဒါန္းေပးခဲ့ပါတယ္။

ယခုမွာလည္း ဒီမီုကေရစီအေရးမွာ ရဲရဲဝံ့ဝံ့ ပါဝင္ လႈပ္ရွားေနၾကတဲ့ Generation Z ေတြကို အႏုပညာရွင္မ်ားက ေျမႇာက္ေပးေနတယ္ဆိုတဲ့ ေဝဖန္ေျပာဆိုေနတဲ့အေပၚ မင္းေမာ္ကြန္းက လူမႈကြန္ယက္မွာ Generation Z ေတြကို ေမးခြန္းထုတ္လာခဲ့ပါတယ္။ “သူမ်ားေျမႇာက္ေပးလို႔လုပ္တာလား… ကိုယ့္အသိနဲ႔ စဥ္းစားခ်င့္ခ်ိန္ၿပီ းလုပ္တာလား….ေျဖၾကပါ GZ အေပါင္းတို႔” ဆိုၿပီး ေရးသားထားပါတယ္။ ကဲ…ဒီမီုကေရစီအေရးလႈပ္ရွားမႈမွာ ပါဝင္ေနၾကတဲ့ Generation Z ေတြက မင္းေမာ္ကြန္းရဲ့ ေမးခြန္းကို ျပန္ လည္ေျဖေ ပးခဲ့ပါဦး။

Photo Credit – Kyaw Kyaw Htay Lwin fb account

Credit