ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက်
ဒီကနေ့ ကျွန်တော်ဟာ စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကို သစ္စာဖောက်တယ် ဆိုတာက ကျွန်တော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကျွန်တော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှုအတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုကြီးနဲ့ စွတ်စွဲနေတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ကျွန်တော်တို့[တိုင်းရင်းသား]တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မလုပ်အားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာ၊ မုဒိန်းကျင့်တာနဲ့ သတ်ဖြတ်တာတွေကို ကျွန်တော် ဘဝမှာ မြင်တွေ့ခဲ့ပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဒီကနေ့မှာ လက်နက်မဲ့ပြည်သူတွေကို တိုင်းပြည်နေရာအနှံ့အပြားက လမ်းတွေပေါ်မှာသတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးနေပါတယ်။
ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်တဲ့ ဒီစစ်အာဏာရှင်တွေဟာ ပြီးခဲ့တဲ့ နှစ်ပေါင်း ၇၀ အတွင်းမှာလည်း တိုင်းရင်းသားတွေအပေါ် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေခဲ့ကြတယ်။ ကချင်၊ ကရင်၊ ကယား၊ ရှမ်း၊ မွန်၊ ရခိုင်၊ ချင်း…. ၁၉၈၈ မှာ ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ ကျောင်းသားတွေကို ရာနဲ့ချီသတ်ဖြတ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်မှာ လက်နက်မဲ့ ပြည်သူတွေကို သတ်ခဲ့တယ်။ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ဗုဒ္ဓဘာသာ သံဃာတော်တွေကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။ ၂၀၁၇ ခုနှစ်မှာ သူတို့ကပဲ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖို့ အမိန့်ပေးခဲ့တယ်။ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး [ရပြီးနောက်]သမိုင်းတလျှောက်လုံးကို ကြည့်ရင် ပြည်သူကို ကာကွယ်ဖို့တာဝန်ယူထားတဲ့သူတွေရဲ့ ကျူးလွန်မှုတွေကြောင့်ပဲ ကျွန်တော်တို့ တနိုင်ငံလုံး သွေးထွက်သံယိုမှုတွေနဲ့ ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ကြရတယ်။

နေ့စဉ်နဲ့အမျှ နိုင်ငံတော်သစ္စာဖောက်မှုကြီးကိုကျူးလွန်နေသူတွေဟာ ဒီစစ်ဗိုလ်ချုပ်ကြီးတွေပဲ။ သူတို့လိုချင်တာမှန်သမျှ ကြိုက်သလို ယူနေကြတယ်။ လူထုရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ငြင်းပယ်နေကြတယ်။ သူတို့လမ်းမှာ အတားအဆီးဖြစ်သူတွေ ဘယ်သူ့ကိုမဆို ဖိနှိပ်နေတယ်။ ဒီကနေ့မှာ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော်သစ္စာဖောက်မှု ကြေညာချက်ဟာ ဖက်ဒရယ်ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နဲ့ တရားမျှတမှုကို စစ်ကြေညာလိုက်တာပဲ ဖြစ်တယ်။ ဒီရာဇဝတ်ကောင်တွေကို တရားခွင်ကို မပို့နိုင်မချင်း ကျွန်တော်တို့ ဘယ်တော့မှ ရပ်သွားမှာမဟုတ်ပါဘူး။
ကျွန်တော်ဟာ လွတ်လပ်မှုအတွက် ရပ်တည်တယ်။ ကျွန်တော်ဟာ ဖက်ဒရယ်ဒီမိုကရေစီအတွက် ရပ်တည်တယ်။ ကျွန်တော်ဟာ ကျွန်တော့နိုင်ငံမှာ တရားမျှတမှုရှိဖို့အတွက် ရပ်တည်တယ်။ စစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေနဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေ ရပ်တန်းကရပ်ဖို့ ကျွန်တော် ဆက်ပြီး တောင်းဆိုတယ်။ ဒီကနေ့မှာ အဲဒီတောင်းဆိုချက်တွေကို ထပ်မံတောင်းဆိုတယ်။ ကျွန်တော်ဟာ ဘယ်တော့မှ ရပ်နားသွားမှာ မဟုတ်ပါဘူး။ သူတို့ရဲ့ လွတ်လပ်မှုတွေအတွက် ဆန္ဒပြနေကြတဲ့ လက်နက်မဲ့ အရပ်သားတွေ – ရဲရင့်ကြတဲ့ မြန်မာနိုင်ငံကပြည်သူလူထုတွေ- ကို စစ်ပွဲသုံးလက်နက်တွေနဲ့ ပစ်ခတ်နေခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ နိုင်ငံတော် သစ္စာဖောက်မှုကြီးကို ရပ်ပစ်ဖို့အတွက် ဆက်ပြီးတော့လည်း နိုင်ငံတကာက အရေးယူဆောင်ရွက်လာဖို့ တောင်းဆိုသွားမယ်။ သေဒဏ်အပြစ်ပေးနိုင်တဲ့ ဒီစွဲချက်က ကျွန်တော့်ကို ကြောက်သွားအောင် မခြောက်နိုင်ပါဘူး။ မြန်မာတနိုင်ငံလုံးက လမ်းမတွေပေါ်မှာ နေ့စဉ်နဲ့အမျှ သူတို့ရဲ့ အသက်တွေကို ရင်းပြီး ဆန္ဒပြနေကြတဲ့ ရဲရင့်လှတဲ့မြန်မာပြည်သူတွေကို ဟန့်တားပိတ်ပင်လို့မရသလိုဘဲ ကျွန်တော့်ကိုလည်း ဟန့်တားပိတ်ပင်လို့ မရပါဘူး။
တကယ်ဆိုရင်တော့ ဒီစစ်ဗိုလ်ချုပ်တွေ၊ စစ်အာဏာရှင်တွေကိုသာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ နိုင်ငံတော်သစ္စာဖောက်မှုအတွက် စွဲချက်တင်ရမှာပါ။ နေ့စဉ်နဲ့အမျှ ကျွန်တော်တို့ဟာ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေရဲ့ သက်သေအထောက်အထားတွေကို စုဆောင်းရယူနေပါတယ်။ သူတို့ကို တရားခွင်တင်နိုင်တဲ့အထိ ကျွန်တော်တို့ အနားယူကြမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကို ပိတ်ပင်ဟန့်တားလို့ မရပါဘူး။ ကျွန်တော်တို့ဟာ မြန်မာပြည်သူလူထုအတွက် တရားမျှတမှု ရရှိစေဖို့အတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးကို တင်ပါမယ်။

ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်တဲ့လုပ်ရပ်ကိုကြည့်ရင် ဥပဒေနဲ့မညီညွတ်တဲ့ တရားမဝင်တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ ထိန်းချုပ်လို့ မရတော့ဘူး၊ အနိုင်မရနိုင်တော့ဘူးဆိုတာကို သိလာကြပြီး အကြီးအကျယ် ကြံရာမရဖြစ်နေတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်ရမည်
လွတ်လပ်မှုက အောင်မြင်ရမည်
တရားမျှတမှုက အောင်မြင်ရမည်
ဒေါက်တာ ဆာဆာ
www.crphmyanmar.org
Zawgyi
ျပည္ေထာင္စုလႊတ္ေတာ္၏ ကုလသမဂၢဆိုင္ရာ အထူးသံတမန္ ေဒါက္တာ ဆာဆာ၏ ထုတ္ျပန္ခ်က္
ဒီကေန႔ ကြၽန္ေတာ္ဟာ စစ္အာဏာရွင္ေတြက ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ စြဲခ်က္တင္ခံရတဲ့အတြက္ ဂုဏ္ယူပါေၾကာင္း ေျပာၾကားလိုပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္အာဏာရွင္ကို သစၥာေဖာက္တယ္ ဆိုတာက ကြၽန္ေတာ္ဟာ ျမန္မာျပည္သူေတြနဲ႔ တသားတည္းရပ္တည္ၿပီး ကြၽန္ေတာ့္ရဲ႕အသက္ကို ျပည္သူေတြရဲ႕ လြတ္လပ္ခြင့္အတြက္၊ ဖက္ဒရယ္ဒီမိုကေရစီအတြက္နဲ႔ တရားမွ်တမႈအတြက္ ေပးအပ္ထားတယ္လို႔ ဆိုလိုတာျဖစ္ပါတယ္။
ဒီကေန႔ ကြၽန္ေတာ့္ကို ႏိုင္ငံေတာ္သစၥာေဖာက္မႈႀကီးနဲ႔ စြတ္စြဲေနတဲ့ ဒီစစ္ဗိုလ္ခ်ဳပ္ႀကီးေတြကပဲ ကြၽန္ေတာ္တို႔[တိုင္းရင္းသား]ေတြကို ႏွိပ္စက္ညႇင္းပန္းတာ၊ အဓမၼလုပ္အားေပးခိုင္းေစတာ၊ ၿခိမ္းေျခာက္တာ၊ မုဒိန္းက်င့္တာနဲ႔ သတ္ျဖတ္တာေတြကို ကြၽန္ေတာ္ ဘဝမွာ ျမင္ေတြ႕ခဲ့ပါတယ္။ ဒီစစ္ဗိုလ္ခ်ဳပ္ႀကီးေတြကပဲ ဒီကေန႔မွာ လက္နက္မဲ့ျပည္သူေတြကို တိုင္းျပည္ေနရာအႏွံ႔အျပားက လမ္းေတြေပၚမွာသတ္ျဖတ္ဖို႔ စစ္တပ္ကို အမိန္႔ေပးေနပါတယ္။

ဥပေဒနဲ႔ဆန္႔က်င္တဲ့ တရားမဝင္တဲ့ ဒီစစ္အာဏာရွင္ေတြဟာ ၿပီးခဲ့တဲ့ ႏွစ္ေပါင္း ၇၀ အတြင္းမွာလည္း တိုင္းရင္းသားေတြအေပၚ အလြန္႔အလြန္ ရက္စက္ၾကမ္းၾကဳတ္မႈေတြနဲ႔ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကို ဆက္တိုက္က်ဴးလြန္ေနခဲ့ၾကတယ္။ ကခ်င္၊ ကရင္၊ ကယား၊ ရွမ္း၊ မြန္၊ ရခိုင္၊ ခ်င္း…. ၁၉၈၈ မွာ ၿငိမ္းခ်မ္းစြာဆႏၵျပၾကတဲ့ ေက်ာင္းသားေတြကို ရာနဲ႔ခ်ီသတ္ျဖတ္ခဲ့တယ္။ ၁၉၉၇ ခုႏွစ္မွာ လက္နက္မဲ့ ျပည္သူေတြကို သတ္ခဲ့တယ္။ ၂၀၀၇ ခုႏွစ္ ေ႐ႊဝါေရာင္ေတာ္လွန္ေရးမွာ ဗုဒၶဘာသာ သံဃာေတာ္ေတြကို ႐ိုက္ႏွက္သတ္ျဖတ္ခဲ့တယ္။ ၂၀၁၇ ခုႏွစ္မွာ သူတို႔ကပဲ ႐ိုဟင္ဂ်ာေတြကို လူမ်ိဳးတုန္းသတ္ဖို႔ အမိန္႔ေပးခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ လြတ္လပ္ေရး [ရၿပီးေနာက္]သမိုင္းတေလွ်ာက္လုံးကို ၾကည့္ရင္ ျပည္သူကို ကာကြယ္ဖို႔တာဝန္ယူထားတဲ့သူေတြရဲ႕ က်ဴးလြန္မႈေတြေၾကာင့္ပဲ ကြၽန္ေတာ္တို႔ တႏိုင္ငံလုံး ေသြးထြက္သံယိုမႈေတြနဲ႔ ဆင္းရဲဒုကၡေတြကို ခံစားခဲ့ၾကရတယ္။
ေန႔စဥ္နဲ႔အမွ် ႏိုင္ငံေတာ္သစၥာေဖာက္မႈႀကီးကိုက်ဴးလြန္ေနသူေတြဟာ ဒီစစ္ဗိုလ္ခ်ဳပ္ႀကီးေတြပဲ။ သူတို႔လိုခ်င္တာမွန္သမွ် ႀကိဳက္သလို ယူေနၾကတယ္။ လူထုရဲ႕ ရပိုင္ခြင့္ အခြင့္အေရးေတြကို ျငင္းပယ္ေနၾကတယ္။ သူတို႔လမ္းမွာ အတားအဆီးျဖစ္သူေတြ ဘယ္သူ႔ကိုမဆို ဖိႏွိပ္ေနတယ္။ ဒီကေန႔မွာ ထုတ္ျပန္လိုက္တဲ့ ႏိုင္ငံေတာ္သစၥာေဖာက္မႈ ေၾကညာခ်က္ဟာ ဖက္ဒရယ္ဒီမိုကေရစီ၊ လြတ္လပ္ခြင့္နဲ႔ တရားမွ်တမႈကို စစ္ေၾကညာလိုက္တာပဲ ျဖစ္တယ္။ ဒီရာဇဝတ္ေကာင္ေတြကို တရားခြင္ကို မပို႔ႏိုင္မခ်င္း ကြၽန္ေတာ္တို႔ ဘယ္ေတာ့မွ ရပ္သြားမွာမဟုတ္ပါဘူး။
ကြၽန္ေတာ္ဟာ လြတ္လပ္မႈအတြက္ ရပ္တည္တယ္။ ကြၽန္ေတာ္ဟာ ဖက္ဒရယ္ဒီမိုကေရစီအတြက္ ရပ္တည္တယ္။ ကြၽန္ေတာ္ဟာ ကြၽန္ေတာ့ႏိုင္ငံမွာ တရားမွ်တမႈရွိဖို႔အတြက္ ရပ္တည္တယ္။ စစ္တပ္ရဲ႕ ၾကမ္းၾကဳတ္ရက္စက္မႈေတြနဲ႔ ေသြးထြက္သံယို အၾကမ္းဖက္မႈေတြ ရပ္တန္းကရပ္ဖို႔ ကြၽန္ေတာ္ ဆက္ၿပီး ေတာင္းဆိုတယ္။ ဒီကေန႔မွာ အဲဒီေတာင္းဆိုခ်က္ေတြကို ထပ္မံေတာင္းဆိုတယ္။ ကြၽန္ေတာ္ဟာ ဘယ္ေတာ့မွ ရပ္နားသြားမွာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ လြတ္လပ္မႈေတြအတြက္ ဆႏၵျပေနၾကတဲ့ လက္နက္မဲ့ အရပ္သားေတြ – ရဲရင့္ၾကတဲ့ ျမန္မာႏိုင္ငံကျပည္သူလူထုေတြ- ကို စစ္ပြဲသုံးလက္နက္ေတြနဲ႔ ပစ္ခတ္ေနခဲ့တဲ့ စစ္ဗိုလ္ခ်ဳပ္ေတြရဲ႕ ႏိုင္ငံေတာ္ သစၥာေဖာက္မႈႀကီးကို ရပ္ပစ္ဖို႔အတြက္ ဆက္ၿပီးေတာ့လည္း ႏိုင္ငံတကာက အေရးယူေဆာင္႐ြက္လာဖို႔ ေတာင္းဆိုသြားမယ္။ ေသဒဏ္အျပစ္ေပးႏိုင္တဲ့ ဒီစြဲခ်က္က ကြၽန္ေတာ့္ကို ေၾကာက္သြားေအာင္ မေျခာက္ႏိုင္ပါဘူး။ ျမန္မာတႏိုင္ငံလုံးက လမ္းမေတြေပၚမွာ ေန႔စဥ္နဲ႔အမွ် သူတို႔ရဲ႕ အသက္ေတြကို ရင္းၿပီး ဆႏၵျပေနၾကတဲ့ ရဲရင့္လွတဲ့ျမန္မာျပည္သူေတြကို ဟန္႔တားပိတ္ပင္လို႔မရသလိုဘဲ ကြၽန္ေတာ့္ကိုလည္း ဟန္႔တားပိတ္ပင္လို႔ မရပါဘူး။
တကယ္ဆိုရင္ေတာ့ ဒီစစ္ဗိုလ္ခ်ဳပ္ေတြ၊ စစ္အာဏာရွင္ေတြကိုသာ လူသားထုအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈ၊ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြနဲ႔ ႏိုင္ငံေတာ္သစၥာေဖာက္မႈအတြက္ စြဲခ်က္တင္ရမွာပါ။ ေန႔စဥ္နဲ႔အမွ် ကြၽန္ေတာ္တို႔ဟာ သူတို႔က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြရဲ႕ သက္ေသအေထာက္အထားေတြကို စုေဆာင္းရယူေနပါတယ္။ သူတို႔ကို တရားခြင္တင္ႏိုင္တဲ့အထိ ကြၽန္ေတာ္တို႔ အနားယူၾကမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ကို ပိတ္ပင္ဟန္႔တားလို႔ မရပါဘူး။ ကြၽန္ေတာ္တို႔ဟာ ျမန္မာျပည္သူလူထုအတြက္ တရားမွ်တမႈ ရရွိေစဖို႔အတြက္ အျပည္ျပည္ဆိုင္ရာ ရာဇဝတ္မႈတရား႐ုံးကို တင္ပါမယ္။

ကြၽန္ေတာ့္ကို ႏိုင္ငံေတာ္သစၥာေဖာက္မႈနဲ႔ စြဲခ်က္တင္တဲ့လုပ္ရပ္ကိုၾကည့္ရင္ ဥပေဒနဲ႔မညီၫြတ္တဲ့ တရားမဝင္တဲ့ စစ္အာဏာရွင္ေတြဟာ သူတို႔ ထိန္းခ်ဳပ္လို႔ မရေတာ့ဘူး၊ အႏိုင္မရႏိုင္ေတာ့ဘူးဆိုတာကို သိလာၾကၿပီး အႀကီးအက်ယ္ ႀကံရာမရျဖစ္ေနတယ္ဆိုတာကို ျပသလိုက္တာပဲ ျဖစ္ပါတယ္။
ဖက္ဒရယ္ဒီမိုကေရစီ ေအာင္ျမင္ရမည္
လြတ္လပ္မႈက ေအာင္ျမင္ရမည္
တရားမွ်တမႈက ေအာင္ျမင္ရမည္
ေဒါက္တာ ဆာဆာ
www.crphmyanmar.org



