ၾကားသိရသမွ်

မိမိလက်ထဲရှိတဲ့ လက်နက်ခဲယမ်းတွေလာအပ်ကြဖို့ စစ်ကောင်စီ ထုတ်ပြန်


ရန်ကုန်၊ ဒီဇင်ဘာ ၁၉



ရန်ကုန်၊ ဒီဇင်ဘာ ၁၉

ပြည်သူတွေအနေနဲ့ မိမိတို့ နေအိမ်နဲ့ တိုက်ခန်းတွေမှာ လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေ အပါအဝင် မူးယစ်ဆေးဝါးတွေကို တွေ့ရှိပါက လာရောက်အပ်နှံကြဖို့ SAC က ဒီကနေ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။SAC အနေနဲ့ တရားမဝင် လက်နက်ခဲယမ်းတွေ၊ ဆက်စပ်ပစ္စည်းတွေနဲ့ တားမြစ်ပစ္စည်းတွေကို အပ်နှံသိမ်းဆည်းမှုတွေကို ဖော်ထုတ်ဖမ်းဆီးမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပြည်သူတွေကို လက်နက်ခဲယမ်းနဲ့ ပစ္စည်းတွေ လက်ဝယ်သိမ်းဆည်းထားမိပါက အုပ်ချုပ်ရေးမှူးရုံးတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဆီလာရောက် အပ်နှံကြဖို့ ထုတ်ပြန်ထားပါတယ်။သတ်မှတ်ရက်ကို ကျော်လွန်ပြီး စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူခံရမှာဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။