တပ်မဟာအားလုံးကို KNLA က ပစ်မိန့်ပေးလိုက်ပြီလို့သိရ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီးလို့ KNLA စစ်ဘက်ဆိုင်ရာထိပ်တန်း
အရာရှိနှစ်ဦးထံမှ သိရပါတယ်။
မကြာသေးခင်က KNU နှင့် KNLA ထိပ်ပိုင်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ လာမယ့်ကွန်ဂရက်
မှာဆွေးနွေးမည့်အကြောင်းအရာနှင့် တိုက်ရေး၊ မတိုက်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သည့် KNLA
အရာရှိတစ်ဦးကပြောပါတယ်။
“အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေးကို အစီအစဉ်ကိုချမှတ်ခဲ့တယ်။ ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်” ဟု
အမည်မဖော်လိုတဲ့ KNLA တပ်မဟာတစ်ခုမှ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးထားတာမှန်ကန်ကြောင်း နောက်ထပ် KNLA ထိပ်တန်းအရာရှိတစ်ဦးကလည်း အတည်ပြုပြောပါတယ်။
အခုလည်း KNU တပ်မဟာ ၆ နယ်မြေဘက်မှာ ဖလူးကြီး၊ ဖလူးလေးဒေသက ပြည်သူတွေကို ရှောင်းခိုင်းနေပြီးလို့ KNLA သတင်းရင်းမြစ်
ကပြောပါတယ်။
ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Salween Press)
Zawgyi
တပ်မဟာအားလုံးကို KNLA က ပစ်မိန့်ပေးလိုက်ပြီလို့သိရ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၇ ခုလုံးကို ပစ်မိန့်ပေးလိုက်ပြီးလို့ KNLA စစ်ဘက်ဆိုင်ရာထိပ်တန်းအရာရှိနှစ်ဦးထံမှ သိရပါတယ်။
မကြာသေးခင်က KNU နှင့် KNLA ထိပ်ပိုင်းခေါင်းဆောင်တွေအစည်းအဝေးတစ်ခုပြုလုပ်ခဲ့ပြီး အဲ့ဒီအစည်းအဝေးမှာ လာမ
ယ့်ကွန်ဂရက်မှာဆွေးနွေးမည့်အကြောင်းအရာနှင့် တိုက်ရေး၊ မတိုက်ရေးကိစ္စကိုလည်းဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့သည့် KNLA အရာရှိတစ်ဦးကပြောပါတယ်။
“အမြဲတမ်းကော်မတီအစည်းအဝေးမှာ တိုက်ရေးကို အစီအစဉ်ကိုချမှတ်ခဲ့တယ်။ ကွန်ဂရက်မှာ ဆွေးနွေးမယ့်ကိစ္စလည်းပါတယ်” ဟု အမည်မဖော်လိုတဲ့ KNLA တပ်မဟာတစ်ခုမှ ခေါင်းဆောင်တစ်ဦးကပြောပါတယ်။
တပ်မဟာ ၇ ခုလုံး ပစ်မိန့်ပေးထားတာမှန်ကန်ကြောင်း နောက်ထပ် KNLA ထိပ်တန်းအရာရှိတစ်ဦးကလည်း အတည်ပြုပြောပါတယ်။
အခုလည်း KNU တပ်မဟာ ၆ နယ်မြေဘက်မှာ ဖလူးကြီး၊ ဖလူးလေးဒေသက ပြည်သူတွေကို ရှောင်းခိုင်းနေပြီးလို့ KNLA သတင်းရင်းမြစ်ကပြောပါတယ်။
ဓာတ်ပုံ – KNLA တပ်ဖွဲ့ဝင်တချို့ကိုတွေ့ရစဉ်။ (Photo: Salween Press)