ၾကားသိရသမွ်

တိုင်းပြည် အခုလိုဖြစ်နေတာ ၂၀၂၀ ရွေးကောက်ပွဲကြောင့်ဆိုပြီး စစ်ကောင်စီဥက္ကဌပြော

ဩဂုတ် ၉

တိုင်းပြည် အခုလိုဖြစ်နေတာ ၂၀၂၀ ရွေးကောက်ပွဲကြောင့်ဆိုပြီး စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “ အဓိကအားဖြင့် မိမိတို့တာဝန်ယူခဲ့ရခြင်းမှာ ရွေးကောက်ပွဲရလဒ်အရ ဖြစ်ပေါ် လာသည့်နိုင်ငံရေးပြဿနာများဖြစ်ပေါ်လာခြင်းကြောင့်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲသည် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ၊ မှန်ကန်သည့် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့မည်ဆိုပါက ယခုကဲ့သို့သောအခြေအနေသို့ ရောက်ရှိခဲ့မည် မဟုတ်ဘူး” ဆိုပြီး ဩဂုတ် ၈ ရက်နေ့က စစ်ကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးမှာ ပြောတာပါ။

ရွေးကောက်ပွဲပြင်ဆင်ချိန်ကာလအတွင်း နိုင်ငံရေးပါတီများ၏ မေတ္တာရပ်ခံချက်အရ ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများရှိခဲ့ပြီး ပါတီခေါင်းဆောင်များအနေဖြင့် ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုတွင် အာဏာရပါတီမှ မမှန်မကန်ဆောင်ရွက်နေမှုများကို တင်ပြခဲ့ တာတွေ လည်းရှိတယ်ဆိုပြီး ထပ်ပြောပါတယ်။

ယင်းကြောင့် သက်ဆိုင်သည့်ပုဂ္ဂိုလ်များကို တိုက်ရိုက်နှင့်သွယ်ဝိုက်၍ ပြောဆိုခဲ့မှုများရှိခဲ့ ပြီးလွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေးနှင့် ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်ကို မကြာခဏပြော ကြားခဲ့သော်လည်း ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများဆောင်ရွက်ချိန်တွင် အခြား ပါတီများအပေါ် ကန့်သတ်မှုများ ပိုမိုများပြားလာခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ချိန်တွင်လည်း ကွဲလွဲမှုများ များပြားစွာဖြစ်ပေါ်ခဲ့တယ်ဆိုပြီး ပြောပါတယ်။

မဲစာရင်းများ ပြန်လည်စိစစ်ချိန်တွင်လည်း မဲစာရင်းများ လွဲမှားနေသည်ကိုတွေ့ရှိရပြီး သက်ဆိုင်ရာတာဝန်ရှိသူများကို မဲစာရင်းများပြန်လည် ရှင်းလင်းပြီးမှ လွှတ်တော် ခေါ်ယူရန်အတွက် မိမိကိုယ်တိုင် မေတ္တာရပ်ခံခဲ့သည်များရှိသကဲ့သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှတစ်ဆင့်လည်း ပြောကြားခဲ့သော်လည်း လွှတ်တော် ခေါ်ယူခဲ့ခြင်းကြောင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာ၍ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရခြင်းဖြစ်တယ်ဆိုပြီး ယင်းက ပြောပါတယ်။

source-MyanmaPlatform