ၾကားသိရသမွ်

ဆန်တို့_ဆားတို့ လုံးဝမပါသော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာပါ သူတော်ကောင်းတို့

ဆန်တို့_ဆားတို့ လုံးဝမပါသော မိုင်းဖုန်းဆရာတော်၏ မေတ္တာစာပါ သူတော်ကောင်းတို့

သာသနာတော်နှစ် ၂၅၆၄ သီတင်းကျွတ်လပြည့် (ယွန်းဂိုဏ်ပြက္ခဒိန်)၊ တော်သလင်းလပြည့် (မြန်မာပြက္ခဒိန်) (၁၊ ၁၀၊ ၂၀၂၀) အရညဝါဒီ မိုင်းဖုန်းဆရာတော်၏ တပည့်ဒကာများအား သိရှိရန် ပေးပို့သော မေတ္တာစာ

မိုင်းကျက်ဂူမှာ ဆရာတော်အဓိဋ္ဌာန်ဝင်ကာ ချမ်းမြေ့စွာဖြင့် တရားဘာဝနာ အားထုတ်လျက်ပါ။ တောတောင်သဘာဝနဲ့အတူ အေးချမ်းလှပါတယ်။ တောကြက်၊ ဂျီ၊ မျောက်၊ ကျားသစ်လေး၊ တောကြောင် စတဲ့ သားငှက်တိရစ္ဆာန်တွေ ဂူမှာ လာရောက်ကျက်စားပါတယ်။ ညနေပိုင်း ဥဒေါင်းတွန်သံတွေ ညံနေသလို မြွေလည်း ဂူထဲမှာ လာအိပ်ပါတယ်။ ဆရာတော်လည်း သူတို့တတွေကို ရင်ဝယ်သားလို မေတ္တာထားပါတယ်။ ဂူရှေ့မှာလည်း ငှက်ကလေးတွေ ကျီးတွေကို အစာကြွေးပါတယ်။ သတ္တဝါတိုင်း ဝမ်းရေးအတွက် ရှာစားနေကြရတာ အားလုံး အတူတူပါပဲ။
ဆရာတော်ကတော့ သတိတရားနဲ့ အတူနေပြီး ဝိပဿနာနဲ့ ရုပ်နာမ်ရဲ့ မမြဲတဲ့ဖြစ်မှုပျက်မှုတွေကို ရှုမှတ်ပါတယ်။ ဒီရုပ်နာမ်ကြီးကတော့ အစာစားရင်း သေနေ့ကိုစောင့်နေလျက်ပါ။ ဒီလောကကြီးထဲမှာ ဘယ်အရာမှ မမြဲပါဘူး။ တရားမှအပ ဘယ်အရာမှ အားကိုးလို့မရပါ။
နှာ (၂)တရားကသာလျင် ကိုးကွယ်အားထားရာ အစစ်ဖြစ်ပါတယ်။ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသည်သာ ကိုးကွယ်ရာအစစ်ဖြစ်ပါတယ်။ အနန္တဂုဏ်အင် ကျေးဇူးရှင်တွေပါ။အနန္တငါးပါးကို နေ့စဉ်ညစဉ်မပြတ် သဒ္ဓါတရားဖြင့် ကြည်ညိုရပါမယ်။အနန္တငါးပါးတို့ရဲ့ ဂုဏ်ကျေးဇူးဟာ ကမ္ဘာမြေကြီးထက် ကျယ်ပြန့်တယ်။ သမုဒ္ဒရာထက် နက်နဲတယ်။ဒါကြောင့် ပညာရှိသူတော်ကောင်းတွေ အနန္တငါးပါးကို ယုံကြည်လေးစားကြည်ညိုကြတယ်။


အနန္တငါးပါးကို ယုံကြည်မှုကြောင့် လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိကြတယ်။အချိန်တွေကလည်း သံလွင်မြစ်လို မရပ်မနား တသွားထဲသွားနေပြီး အချိန်တွေ ကုန်ဆုံးသွားတာနဲ့အမျှလောကထဲမှာ နေရမည့် ရက်တွေလည်း နှမျှောစွာ ကုန်ဆုံးသွားတယ်။ဒို့တတွေလည်း ကုန်ဆုံးသွားတဲ့ အချိန်နဲ့အတူ အိုသွားရင်း နာသွားရင်း သေမင်းထံကို တဖြည်းဖြည်း နီးကပ်လာပါပြီ။ဝင်လေထွက်လေတွေ ဝင်ထွက်တိုင်း အသက်က တဖြည်းဖြည်း တိုတိုသွားတယ်။ မရဏသေမင်း နိုင်ငံထံကို ချဉ်းကပ်သွားတယ်။

ဒါန သီလ ဘာဝနာ သတိပဋ္ဌာန် အလုပ် အစဉ်ကြိုစားအားထုတ်ကြပါကုန်။ရုပ်နာမ် ခန္ဓာကိုယ်ရဲ့ မမြဲတဲ့ အနိစ္စ၊ ဆင်းရဲတဲ့ ဒုက္ခ၊ အစိုးမရ အလိုမလိုက်တဲ့ အနတ္တသဘော ပရမတ်သဘောကို မြင်အောင်ရှုမှတ်ပွားများကြ။ဒီခန္ဓာကြီးဟာ အနှစ်သာရမရှိတဲ့ အသုဘပါ၊ အပုတ်ကောင်နဲ့ သရုပ်ဆောင်ထားတဲ့ ခန္ဓာကိုယ်ကြီးပါ။သတ္တဝါတွေ မွေးဖွားလာတာဟာ ဒုက္ခသဘောကို ဘယ်သူကမှ မလွှတ်နိုင်ဘူး။မွေးဖွားလာကတည်းက ကံစီမံတဲ့အတိုင်း စခန်းသွားကြရပါတယ်။

နှာ ၃ – အချိန်တွေ ကုန်ဆုံးသွားတာ သိပ်မကြာသေးသလိုလိုနဲ့ ဆရာတော် အဓိဋ္ဌာန်ဝင်လာတာ ၂ နှစ်တောင်ရှိသွားပြီ။နောက်တစ်နှစ်ပဲ ကျန်ပါတော့တယ်။ တခြား ဘာအလုပ်မှ ဆရာတော်က မလုပ်ဖြစ်ဘူး။ ဒီခန္ဓာကြီးရဲ့ ဖြစ်မှု ပျက်မှုကိုပဲ နေ့ညမပြတ် ရှုမှတ်နေရပါတယ်။ သံဝေဂတွေနဲ့အတူ ဖြစ်ပျက်ရှုမြင်တဲ့ ဝိပဿနာဉာဏ်ကို တိုးပွားစေပါတယ်။မဂ္ဂင်ဖောင်ကြီးကို ဦးဆောင်တဲ့သူအဖြစ် သတ္တဝါတွေကို မအို မနာ မသေအောင် ဆောင်ပို့ဖို့ပဲ စိတ်ဆန္ဒ ရှိပါတယ်။ကုသိုလ်လုပ်ဖို့ ရဲရင့်ကြပါကုန်။

မကောင်းမှုကို ရဲရဲရှောင်ကြဉ်ကြပါ။ကောင်းမှုကိုသိုလ်ကို ရဲရဲဝံ့ဝံ့ လုပ်ကြပါ။စိတ်သဘောထားကို အဖြူစင်ဆုံးဖြစ်အောင် ထားကြပါ။ဒို့တတွေ ကုသိုလ်ထူးလို့ မြတ်စွာဘုရားရဲ့ သာသနာတော်နဲ့ ကြုံခွင့်ရကြတာပါ။ဘုရားရှင်ရဲ့ အဆုံးအမအတိုင်း နေထိုင်ကျင့်ကြံကြပါ။သတ္တဝါတွေအပေါ် မေတ္တာ ကရုဏာ အပြည့်အဝထားကြပါ။အိုနာသေ စတဲ့ ဘေးဒုက္ခအားလုံး ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန်အတွက်ဘုရားရှင် ပေးထားတဲ့ ပဋိပတ်လမ်းစဉ်ကို ကျင့်ကြံအားထုတ်ကြပါကုန်။

သံဝေဂဉာဏ်အားနဲ့အတူ မှန်ကန်သော အမြင် သမ္မာဒိဋ္ဌိဦးဆောင်မှုဖြင့် မမေ့မလျှော့ဘဲကျင့်ကြံအားထုတ်မှ မအို မနာ မသေတဲ့ နိဗ္ဗာန် ရုပ်ဓါတ်နာမ်ဓါတ်ငြိမ်းတဲ့ နိဗ္ဗာန်ကို ရမှာပါ။ ကြိုးစားအားထုတ်ကြပါကုန်။

နှာ ၄ – ရုပ်နာမ်ဖြစ်ပျက် ဉာဏ်ဖြင့်စွက် သော့ချက်နိဗ္ဗာန်ဝင်။ဖြစ်ပျက်ဆုံးက မဂ်ဖိုလ်ရ မုချနိဗ္ဗာန်မြင်။နိဗ္ဗာန်ခရီးတာ မဝေးပါ သတိသာရှိနေရင်။နိဗ္ဗာန်ခရီးတာ မဝေးပါ ပညာရှိနေရင်။ပါရမီကုသိုလ်အတွက် ဒါနကို ဖြည့်ဆည်းပါ။ သီလကို စောင့်ထိန်းပါ။ငါးပါးသီလသည် အခရာကျပါတယ်။ သီလရှိက ချမ်းသာရပါမယ်။သတ္တဝါအားလုံးအပေါ် တူမျှသော မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဗြဟ္မစိုရ်တရားလေးပါး ထားကြပါ။ဘာဝနာအတွက် ဗုဒ္ဓါနုဿတိ ဓမ္မာနုဿတိ သံဃာနုဿတိ မရဏာနုဿတိ အာနာပါနာနုဿတိ စတာတွေကိုလည်း ပွားများကြပါ။

ဝိပဿနာအတွက် အနိစ္စဝိပဿနာ၊ ဒုက္ခဝိပဿနာ၊ အနတ္တဝိပဿနာ ပွားများကာရုပ်နာမ်ခန္ဓာရဲ့ ဖြစ်ပျက်မှုကို မြင်အောင်ရှုပါ။ဖြစ်ပျက်မြင်မှ ကိလေသာ ကင်းစင်မယ်။ကိလေသာ ကင်းစင်မှ အိုနာသေက လွတ်မယ်။တရားကို တွေ့မြင်မှ သာသနာတော်နဲ့ ကြုံရဆုံရ ကျိုးနပ်ပါမယ်။အချိန်တွေ အလဟသ မကုန်စေနဲ့။ တရားနဲ့နေ တရားနဲ့သွား တရားနဲ့စားပါ။

မအိုခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် ..မနာခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် …မသေခင် ကြိုတင်ပြီး ကုသိုလ်များများလုပ် ..ကုသိုလ်လုပ်ထားရင် နောင်တရစရာ အကြောင်းမရှိဘူး။တရားကို ဦးစားပေးပါ၊ နံပါတ်တစ်အဖြစ် ထားရှိပါ။ဘုရားရှင်က သားတော် ရာဟုလာကို ဆုံးမပါတယ်။နိဗ္ဗာန်ရောက်ချင်ရင် ပထဝီ (မြေကြီး)၊ အာပေါ (ရေ)၊ တေဇော (မီး)၊ ဝါယော (လေ)၊ အာကာသ (ကောင်းကင်) ကဲ့သို့ ကျင့်ကြံနေထိုင်ပါ။

ဆိုခဲ့တဲ့ ပထဝီ အာပေါ တေဇော ဝါယော အာကာသတွေဟာ လူတွေက ဘယ်လို ကောင်းတာပဲလုပ်လုပ် မကောင်းတာပဲလုပ်လုပ် အဲဒီပထဝီစတာတွေဟာ ဘာမှ မတုန်လှုပ်ဘူး။ (ဆိုလိုတာက လောကဓံကို ကြံ့ကြံ့ခံဖို့ပါ၊ ပထဝီမြေကြီးပေါ်မှာ အပေါ့အလေးတွေ စွန့်ချသည်ဖြစ်စေ၊ ရေမွှေးတွေ လောင်းချသည်ဖြစ်စေ မြေကြီးက ဘာမှ မတုန်လှုပ်ဘူး ဆိုတဲ့သဘောပါ)လောဘကင်းရင် သောကကင်းစင်မယ်။

နှာ ၅ ..ကပ်ရောဂါကြောင့် လူတွေ အများကြီးသေကြေကြရတာက သတ္တဝါတွေရဲ့ ဝိပါကဝဋ်တွေကြောင့်ပါ။သတိသံဝေဂနဲ့အတူ ထိတ်လန့်စရာကောင်းလှပါတယ်။သီလမြဲအောင်နေ၊ တရားနဲ့အညီစားသောက်ကြပါ။ သတ္တဝါတွေအပေါ် မေတ္တာထားကြပါ။မိခင်ဖခင်တို့ရဲ့ ဂုဏ်ကျေးဇူးကို သိရှိကြပြီး မိဖဘိုးဘွားများကို ကောင်းကောင်းမွန်မွန် အလုပ်အကျွေးပြုကြပါ။ဆရာသမားကိုလည်း ပူဇော်ပြုစုကြပါ။ ကောင်းမွန်စွာ အလုပ်အကျွေးပြုကြပါ။

စိတ်ကောင်းထား၊ အကောင်းပြော၊ အပြစ်မရှိတဲ့ အလုပ်ကိုလုပ်မှ ကောင်းတဲ့ဘုံဘဝ ကောင်းတဲ့ အခြေအနေကို ရောက်ပါမယ်။လူဖြစ်လာပြီး ဂုဏ်ကျေးဇူးမသိရင် ဘာမှ ထူးလာမှာ မဟုတ်ဘူး။သဘာဝလောကတွေအားလုံးဟာ မိမိတို့အပေါ် ဂုဏ်ကျေးဇူးတွေ ရှိတယ်။ သက်ရောက်တယ်။တောတောင်သစ်ပင် ပန်းမာလ်အသီးအနှံတွေ မြစ်ချောင်းအင်းအိုင် စတဲ့ သဘာဝတရားတွေဟာ တန်ဖိုး မဖြတ်နိုင်တဲ့ ကြီးမားတဲ့ ဂုဏ်အင်တွေရှိပါတယ်။ သဘာဝနဲ့ တည့်အောင်နေတတ်ကြပါစေ။

လောကသဘာဝတရားတွေကို ဉာဏ်မျက်စိနဲ့ ရှုမြင်တတ်ရင် အားလုံးဟာ အသိဉာဏ်ကို ပွင့်လင်းစေပါတယ်။တောတောင်ရေမြေ သစ်ပင်ပန်းပင်စတဲ့ သဘာဝတွေကို မဖျက်ဆီးကြပါနဲ့။ ထိမ်းသိမ်းစောင့်ရှောက်ကြပါ။ကမ္ဘာတည်သရွေ့ အဲဒီတောတောင်သဘာဝရေမြေကို အမှီပြုသွားရပါမယ်။ကမ္ဘာကြီးကလည်း အတော်ကို ပူပြင်းလာပါပြီ။ သဘာဝကို ထိမ်းသိမ်းကာ သဘာဝနဲ့ အတူဆက်လက် ရှင်သန်ကြပါစို့။

အနန်တ မတ်တောဖွငျ့

အရညဝါသီ မိုင်းဖုန်းဆရာတော်

(မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် ဦးသုခမိန္ဒမှ ဆီလျှော်အောင် ဘာသာပြန်ပေးထားခြင်းဖြစ်ပါတယ်။ မိုင်းဖုန်းဆရာတော်ရဲ့ ရှမ်းလက်ရေးနဲ့ ရေးလာမှ မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာ အမှန်ဖြစ်ကြောင်း ပြောလိုပါတယ်။

မိုင်းဖုန်းဆရာတော်ရဲ့ မေတ္တာစာထဲမှာ ဒါန သီလ ဘာဝနာ မေတ္တာအကြောင်းတွေ ဆည်းဖူးဖို့ပဲ ပါပါတယ်။ ဆန်တို့ ဆားတို့ ဟိုဟာ ဒီဟာ ယတြာလုပ်ခိုင်းတာတို့ မတွေ့ရပါဘူး၊ ယတြာ မလုပ်ခိုင်းပါဘူး၊ ဘာဝနာပဲ လုပ်ခိုင်းပါတယ်၊ မဟုတ်မမှန်တာတွေကို ဖြန့်တာ ရှဲတာတွေ လုပ်ခြင်းဟာ မှားတဲ့အယူကို ပြန့်ပွားအောင်လုပ်တာနဲ့တူပါတယ် အပြစ်ကြီးပါတယ်။ မလုပ်ကြဖို့ မေတ္တာရပ်ခံပါတယ်။ ရှဲထားရင်လည်း ပယ်ဖျက်ကြပါကုန် ပညာရှိသူတော်ကောင်းတို့ …)

ဘာသာပြန်သူ တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း)အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ လွယ်တိန်ခမ်းဘုရားကျောင်း၊ မူဆယ်

Saosukham

ဆန္တို႔_ဆားတို႔ လုံးဝမပါေသာ မိုင္းဖုန္းဆရာေတာ္၏ ေမတၱာစာပါ သူေတာ္ေကာင္းတို႔

သာသနာေတာ္ႏွစ္ ၂၅၆၄ သီတင္းကြၽတ္လျပည့္ (ယြန္းဂိုဏ္ျပကၡဒိန္)၊ ေတာ္သလင္းလျပည့္ (ျမန္မာျပကၡဒိန္) (၁၊ ၁၀၊ ၂၀၂၀) အရညဝါဒီ မိုင္းဖုန္းဆရာေတာ္၏ တပည့္ဒကာမ်ားအား သိရွိရန္ ေပးပို႔ေသာ ေမတၱာစာ-

မိုင္းက်က္ဂူမွာ ဆရာေတာ္အဓိ႒ာန္ဝင္ကာ ခ်မ္းေျမ့စြာျဖင့္ တရားဘာဝနာ အားထုတ္လ်က္ပါ။ ေတာေတာင္သဘာဝနဲ႔အတူ ေအးခ်မ္းလွပါတယ္။ ေတာၾကက္၊ ဂ်ီ၊ ေမ်ာက္၊ က်ားသစ္ေလး၊ ေတာေၾကာင္ စတဲ့ သားငွက္တိရစာၦန္ေတြ ဂူမွာ လာေရာက္က်က္စားပါတယ္။ ညေနပိုင္း ဥေဒါင္းတြန္သံေတြ ညံေနသလို ေႁမြလည္း ဂူထဲမွာ လာအိပ္ပါတယ္။ ဆရာေတာ္လည္း သူတို႔တေတြကို ရင္ဝယ္သားလို ေမတၱာထားပါတယ္။ ဂူေရွ႕မွာလည္း ငွက္ကေလးေတြ က်ီးေတြကို အစာေႂကြးပါတယ္။ သတၱဝါတိုင္း ဝမ္းေရးအတြက္ ရွာစားေနၾကရတာ အားလုံး အတူတူပါပဲ။

ဆရာေတာ္ကေတာ့ သတိတရားနဲ႔ အတူေနၿပီး ဝိပႆနာနဲ႔ ႐ုပ္နာမ္ရဲ႕ မၿမဲတဲ့ျဖစ္မႈပ်က္မႈေတြကို ရႈမွတ္ပါတယ္။ ဒီ႐ုပ္နာမ္ႀကီးကေတာ့ အစာစားရင္း ေသေန႔ကိုေစာင့္ေနလ်က္ပါ။ ဒီေလာကႀကီးထဲမွာ ဘယ္အရာမွ မၿမဲပါဘူး။ တရားမွအပ ဘယ္အရာမွ အားကိုးလို႔မရပါ။

ႏွာ (၂)တရားကသာလ်င္ ကိုးကြယ္အားထားရာ အစစ္ျဖစ္ပါတယ္။ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာသည္သာ ကိုးကြယ္ရာအစစ္ျဖစ္ပါတယ္။ အနႏၲဂုဏ္အင္ ေက်းဇူးရွင္ေတြပါ။အနႏၲငါးပါးကို ေန႔စဥ္ညစဥ္မျပတ္ သဒၶါတရားျဖင့္ ၾကည္ညိဳရပါမယ္။အနႏၲငါးပါးတို႔ရဲ႕ ဂုဏ္ေက်းဇူးဟာ ကမာၻေျမႀကီးထက္ က်ယ္ျပန႔္တယ္။ သမုဒၵရာထက္ နက္နဲတယ္။ဒါေၾကာင့္ ပညာရွိသူေတာ္ေကာင္းေတြ အနႏၲငါးပါးကို ယုံၾကည္ေလးစားၾကည္ညိဳၾကတယ္။

အနႏၲငါးပါးကို ယုံၾကည္မႈေၾကာင့္ လူခ်မ္းသာ နတ္ခ်မ္းသာ နိဗၺာန္ခ်မ္းသာကို ရရွိၾကတယ္။အခ်ိန္ေတြကလည္း သံလြင္ျမစ္လို မရပ္မနား တသြားထဲသြားေနၿပီး အခ်ိန္ေတြ ကုန္ဆုံးသြားတာနဲ႔အမွ်ေလာကထဲမွာ ေနရမည့္ ရက္ေတြလည္း ႏွေမွ်ာစြာ ကုန္ဆုံးသြားတယ္။ဒို႔တေတြလည္း ကုန္ဆုံးသြားတဲ့ အခ်ိန္နဲ႔အတူ အိုသြားရင္း နာသြားရင္း ေသမင္းထံကို တျဖည္းျဖည္း နီးကပ္လာပါၿပီ။ဝင္ေလထြက္ေလေတြ ဝင္ထြက္တိုင္း အသက္က တျဖည္းျဖည္း တိုတိုသြားတယ္။ မရဏေသမင္း ႏိုင္ငံထံကို ခ်ဥ္းကပ္သြားတယ္။

ဒါန သီလ ဘာဝနာ သတိပ႒ာန္ အလုပ္ အစဥ္ႀကိဳစားအားထုတ္ၾကပါကုန္။႐ုပ္နာမ္ ခႏၶာကိုယ္ရဲ႕ မၿမဲတဲ့ အနိစၥ၊ ဆင္းရဲတဲ့ ဒုကၡ၊ အစိုးမရ အလိုမလိုက္တဲ့ အနတၱသေဘာ ပရမတ္သေဘာကို ျမင္ေအာင္ရႈမွတ္ပြားမ်ားၾက။ဒီခႏၶာႀကီးဟာ အႏွစ္သာရမရွိတဲ့ အသုဘပါ၊ အပုတ္ေကာင္နဲ႔ သ႐ုပ္ေဆာင္ထားတဲ့ ခႏၶာကိုယ္ႀကီးပါ။သတၱဝါေတြ ေမြးဖြားလာတာဟာ ဒုကၡသေဘာကို ဘယ္သူကမွ မလႊတ္ႏိုင္ဘူး။ေမြးဖြားလာကတည္းက ကံစီမံတဲ့အတိုင္း စခန္းသြားၾကရပါတယ္။

ႏွာ ၃ – အခ်ိန္ေတြ ကုန္ဆုံးသြားတာ သိပ္မၾကာေသးသလိုလိုနဲ႔ ဆရာေတာ္ အဓိ႒ာန္ဝင္လာတာ ၂ ႏွစ္ေတာင္ရွိသြားၿပီ။ေနာက္တစ္ႏွစ္ပဲ က်န္ပါေတာ့တယ္။ တျခား ဘာအလုပ္မွ ဆရာေတာ္က မလုပ္ျဖစ္ဘူး။ ဒီခႏၶာႀကီးရဲ႕ ျဖစ္မႈ ပ်က္မႈကိုပဲ ေန႔ညမျပတ္ ရႈမွတ္ေနရပါတယ္။ သံေဝဂေတြနဲ႔အတူ ျဖစ္ပ်က္ရႈျမင္တဲ့ ဝိပႆနာဉာဏ္ကို တိုးပြားေစပါတယ္။မဂၢင္ေဖာင္ႀကီးကို ဦးေဆာင္တဲ့သူအျဖစ္ သတၱဝါေတြကို မအို မနာ မေသေအာင္ ေဆာင္ပို႔ဖို႔ပဲ စိတ္ဆႏၵ ရွိပါတယ္။ကုသိုလ္လုပ္ဖို႔ ရဲရင့္ၾကပါကုန္။

မေကာင္းမႈကို ရဲရဲေရွာင္ၾကဥ္ၾကပါ။ေကာင္းမႈကိုသိုလ္ကို ရဲရဲဝံ့ဝံ့ လုပ္ၾကပါ။စိတ္သေဘာထားကို အျဖဴစင္ဆုံးျဖစ္ေအာင္ ထားၾကပါ။ဒို႔တေတြ ကုသိုလ္ထူးလို႔ ျမတ္စြာဘုရားရဲ႕ သာသနာေတာ္နဲ႔ ႀကဳံခြင့္ရၾကတာပါ။ဘုရားရွင္ရဲ႕ အဆုံးအမအတိုင္း ေနထိုင္က်င့္ႀကံၾကပါ။သတၱဝါေတြအေပၚ ေမတၱာ က႐ုဏာ အျပည့္အဝထားၾကပါ။အိုနာေသ စတဲ့ ေဘးဒုကၡအားလုံး ကင္းၿငိမ္းရာမွန္ ျမတ္နိဗၺာန္အတြက္ဘုရားရွင္ ေပးထားတဲ့ ပဋိပတ္လမ္းစဥ္ကို က်င့္ႀကံအားထုတ္ၾကပါကုန္။

သံေဝဂဉာဏ္အားနဲ႔အတူ မွန္ကန္ေသာ အျမင္ သမၼာဒိ႒ိဦးေဆာင္မႈျဖင့္ မေမ့မေလွ်ာ့ဘဲက်င့္ႀကံအားထုတ္မွ မအို မနာ မေသတဲ့ နိဗၺာန္ ႐ုပ္ဓါတ္နာမ္ဓါတ္ၿငိမ္းတဲ့ နိဗၺာန္ကို ရမွာပါ။ ႀကိဳးစားအားထုတ္ၾကပါကုန္။

ႏွာ ၄ – ႐ုပ္နာမ္ျဖစ္ပ်က္ ဉာဏ္ျဖင့္စြက္ ေသာ့ခ်က္နိဗၺာန္ဝင္။ျဖစ္ပ်က္ဆုံးက မဂ္ဖိုလ္ရ မုခ်နိဗၺာန္ျမင္။နိဗၺာန္ခရီးတာ မေဝးပါ သတိသာရွိေနရင္။နိဗၺာန္ခရီးတာ မေဝးပါ ပညာရွိေနရင္။ပါရမီကုသိုလ္အတြက္ ဒါနကို ျဖည့္ဆည္းပါ။ သီလကို ေစာင့္ထိန္းပါ။ငါးပါးသီလသည္ အခရာက်ပါတယ္။ သီလရွိက ခ်မ္းသာရပါမယ္။သတၱဝါအားလုံးအေပၚ တူမွ်ေသာ ေမတၱာ က႐ုဏာ မုဒိတာ ဥေပကၡာ ျဗဟၼစိုရ္တရားေလးပါး ထားၾကပါ။ဘာဝနာအတြက္ ဗုဒၶါႏုႆတိ ဓမၼာႏုႆတိ သံဃာႏုႆတိ မရဏာႏုႆတိ အာနာပါနာႏုႆတိ စတာေတြကိုလည္း ပြားမ်ားၾကပါ။

ဝိပႆနာအတြက္ အနိစၥဝိပႆနာ၊ ဒုကၡဝိပႆနာ၊ အနတၱဝိပႆနာ ပြားမ်ားကာ႐ုပ္နာမ္ခႏၶာရဲ႕ ျဖစ္ပ်က္မႈကို ျမင္ေအာင္ရႈပါ။ျဖစ္ပ်က္ျမင္မွ ကိေလသာ ကင္းစင္မယ္။ကိေလသာ ကင္းစင္မွ အိုနာေသက လြတ္မယ္။တရားကို ေတြ႕ျမင္မွ သာသနာေတာ္နဲ႔ ႀကဳံရဆုံရ က်ိဳးနပ္ပါမယ္။အခ်ိန္ေတြ အလဟသ မကုန္ေစနဲ႔။ တရားနဲ႔ေန တရားနဲ႔သြား တရားနဲ႔စားပါ။

မအိုခင္ ႀကိဳတင္ၿပီး ကုသိုလ္မ်ားမ်ားလုပ္ ..မနာခင္ ႀကိဳတင္ၿပီး ကုသိုလ္မ်ားမ်ားလုပ္ …မေသခင္ ႀကိဳတင္ၿပီး ကုသိုလ္မ်ားမ်ားလုပ္ ..ကုသိုလ္လုပ္ထားရင္ ေနာင္တရစရာ အေၾကာင္းမရွိဘူး။တရားကို ဦးစားေပးပါ၊ နံပါတ္တစ္အျဖစ္ ထားရွိပါ။ဘုရားရွင္က သားေတာ္ ရာဟုလာကို ဆုံးမပါတယ္။နိဗၺာန္ေရာက္ခ်င္ရင္ ပထဝီ (ေျမႀကီး)၊ အာေပါ (ေရ)၊ ေတေဇာ (မီး)၊ ဝါေယာ (ေလ)၊ အာကာသ (ေကာင္းကင္) ကဲ့သို႔ က်င့္ႀကံေနထိုင္ပါ။

ဆိုခဲ့တဲ့ ပထဝီ အာေပါ ေတေဇာ ဝါေယာ အာကာသေတြဟာ လူေတြက ဘယ္လို ေကာင္းတာပဲလုပ္လုပ္ မေကာင္းတာပဲလုပ္လုပ္ အဲဒီပထဝီစတာေတြဟာ ဘာမွ မတုန္လႈပ္ဘူး။ (ဆိုလိုတာက ေလာကဓံကို ႀကံ့ႀကံ့ခံဖို႔ပါ၊ ပထဝီေျမႀကီးေပၚမွာ အေပါ့အေလးေတြ စြန႔္ခ်သည္ျဖစ္ေစ၊ ေရေမႊးေတြ ေလာင္းခ်သည္ျဖစ္ေစ ေျမႀကီးက ဘာမွ မတုန္လႈပ္ဘူး ဆိုတဲ့သေဘာပါ)ေလာဘကင္းရင္ ေသာကကင္းစင္မယ္။

ႏွာ ၅ ..ကပ္ေရာဂါေၾကာင့္ လူေတြ အမ်ားႀကီးေသေၾကၾကရတာက သတၱဝါေတြရဲ႕ ဝိပါကဝဋ္ေတြေၾကာင့္ပါ။သတိသံေဝဂနဲ႔အတူ ထိတ္လန႔္စရာေကာင္းလွပါတယ္။သီလၿမဲေအာင္ေန၊ တရားနဲ႔အညီစားေသာက္ၾကပါ။ သတၱဝါေတြအေပၚ ေမတၱာထားၾကပါ။မိခင္ဖခင္တို႔ရဲ႕ ဂုဏ္ေက်းဇူးကို သိရွိၾကၿပီး မိဖဘိုးဘြားမ်ားကို ေကာင္းေကာင္းမြန္မြန္ အလုပ္အေကြၽးျပဳၾကပါ။ဆရာသမားကိုလည္း ပူေဇာ္ျပဳစုၾကပါ။ ေကာင္းမြန္စြာ အလုပ္အေကြၽးျပဳၾကပါ။

စိတ္ေကာင္းထား၊ အေကာင္းေျပာ၊ အျပစ္မရွိတဲ့ အလုပ္ကိုလုပ္မွ ေကာင္းတဲ့ဘုံဘဝ ေကာင္းတဲ့ အေျခအေနကို ေရာက္ပါမယ္။လူျဖစ္လာၿပီး ဂုဏ္ေက်းဇူးမသိရင္ ဘာမွ ထူးလာမွာ မဟုတ္ဘူး။သဘာဝေလာကေတြအားလုံးဟာ မိမိတို႔အေပၚ ဂုဏ္ေက်းဇူးေတြ ရွိတယ္။ သက္ေရာက္တယ္။ေတာေတာင္သစ္ပင္ ပန္းမာလ္အသီးအႏွံေတြ ျမစ္ေခ်ာင္းအင္းအိုင္ စတဲ့ သဘာဝတရားေတြဟာ တန္ဖိုး မျဖတ္ႏိုင္တဲ့ ႀကီးမားတဲ့ ဂုဏ္အင္ေတြရွိပါတယ္။ သဘာဝနဲ႔ တည့္ေအာင္ေနတတ္ၾကပါေစ။

ေလာကသဘာဝတရားေတြကို ဉာဏ္မ်က္စိနဲ႔ ရႈျမင္တတ္ရင္ အားလုံးဟာ အသိဉာဏ္ကို ပြင့္လင္းေစပါတယ္။ေတာေတာင္ေရေျမ သစ္ပင္ပန္းပင္စတဲ့ သဘာဝေတြကို မဖ်က္ဆီးၾကပါနဲ႔။ ထိမ္းသိမ္းေစာင့္ေရွာက္ၾကပါ။ကမာၻတည္သေ႐ြ႕ အဲဒီေတာေတာင္သဘာဝေရေျမကို အမွီျပဳသြားရပါမယ္။ကမာၻႀကီးကလည္း အေတာ္ကို ပူျပင္းလာပါၿပီ။ သဘာဝကို ထိမ္းသိမ္းကာ သဘာဝနဲ႔ အတူဆက္လက္ ရွင္သန္ၾကပါစို႔။

အနန္တ မတ္ေတာဖြင်႕

အရညဝါသီ မိုင္းဖုန္းဆရာေတာ္

(မိုင္းဖုန္းဆရာေတာ္၏ ေမတၱာစာကို ေတာင္တန္းသာသနာျပဳ ဆရာေတာ္ ဦးသုခမိႏၵမွ ဆီေလွ်ာ္ေအာင္ ဘာသာျပန္ေပးထားျခင္းျဖစ္ပါတယ္။ မိုင္းဖုန္းဆရာေတာ္ရဲ႕ ရွမ္းလက္ေရးနဲ႔ ေရးလာမွ မိုင္းဖုန္းဆရာေတာ္ရဲ႕ ေမတၱာစာ အမွန္ျဖစ္ေၾကာင္း ေျပာလိုပါတယ္။

မိုင္းဖုန္းဆရာေတာ္ရဲ႕ ေမတၱာစာထဲမွာ ဒါန သီလ ဘာဝနာ ေမတၱာအေၾကာင္းေတြ ဆည္းဖူးဖို႔ပဲ ပါပါတယ္။ ဆန္တို႔ ဆားတို႔ ဟိုဟာ ဒီဟာ ယၾတာလုပ္ခိုင္းတာတို႔ မေတြ႕ရပါဘူး၊ ယၾတာ မလုပ္ခိုင္းပါဘူး၊ ဘာဝနာပဲ လုပ္ခိုင္းပါတယ္၊ မဟုတ္မမွန္တာေတြကို ျဖန႔္တာ ရွဲတာေတြ လုပ္ျခင္းဟာ မွားတဲ့အယူကို ျပန႔္ပြားေအာင္လုပ္တာနဲ႔တူပါတယ္ အျပစ္ႀကီးပါတယ္။ မလုပ္ၾကဖို႔ ေမတၱာရပ္ခံပါတယ္။ ရွဲထားရင္လည္း ပယ္ဖ်က္ၾကပါကုန္ ပညာရွိသူေတာ္ေကာင္းတို႔ …)

ဘာသာျပန္သူ ေတာင္တန္းသာသနာျပဳ ဆရာေတာ္ အရွင္သုခမိႏၵ (စဝ္ဆုခမ္း)အဂၢမဟာကမၼ႒ာနာစရိယ၊ လြယ္တိန္ခမ္းဘုရားေက်ာင္း၊ မူဆယ္

Saosukham