ၾကားသိရသမွ်

၂၄နာရီအတွင်း ကိုဗစ်ဓါတ်ခွဲစစ်ဆေးမှု ရှစ်ထောင်နီးပါးထဲ ၁၅၈၀ ရောဂါပိုးတွေ့

မြန်မာနိုင်ငံမှာ ဒီကနေ့ ရောဂါပိုးတွေ့သူ ၁၅၈၀ ရှိကြောင်း မြန်မာအားကစားနဲ့ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကိုဗစ်ရောဂါပိုးကူးခံရသူ တနေ့ထက်တနေ့ စံချိန်တင်မြင့်တက်လာတာပါ။ ပြည်နယ်နဲ့တိုင်းအသီးသီးက ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၈ ထောင်နီးပါးမှာ ပိုးတွေ့သူ ၁၅၀၀ ကျော်ရှိတာဖြစ်ပါတယ်။ သေဆုံးသူက ၁၄ ဦးရှိပါတယ်။

လက်ရှိချိန်ထိ ဓာတ်ခွဲစစ်ဆေးမှုပေါင်း ၂၇ သိန်း၊ ၃ သောင်းကျော်မှာ ပိုးတွေ့သူ ၁သိန်း ၅ သောင်း ၇ ထောင်ကျော်ရှိပြီး သေဆုံးသူစုစုပေါင်းက ၃ထောင့် ၃ ရာကျော်ရှိကြောင်း

ဂျွန်လ ၃၀ရက်၊ ည ၈ နာရီထုန်ပြန်ချက်မှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဂျွန်လလယ်လောက်ကစပြ့ီး ခုလိုပိုးကူးစက်မှုတွေ တရှိန်ထိုးမြင့်တက်လာတာကြောင့် ကပ်ရောဂါထိန်းချုပ်နိုင်ရေး စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ရုရှားနဲ့ တရုတ်နိုင်ငံဆီက ကိုဗစ်ကာကွယ်ဆေးတွေ ဝယ်ယူဖု့ိ ပြောဆိုဆွေးနွေးနေပြီဖြစ်ကြောင်း ရုရှား RIA သတင်းအေဂျင်စီနဲ့တွေ့ဆုံးမေးမြန်းခန်းကိုကိုးကားပြီး ရိုက်တာသတင်းတရပ်မှာ ဖော်ပြထားပါတယ်။

————————-

ျမန္မာႏိုင္ငံမွာ ဒီကေန႔ ေရာဂါပိုးေတြ႕သူ ၁၅၈၀ ရွိေၾကာင္း ျမန္မာအားကစားနဲ႔က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကိုဗစ္ေရာဂါပိုးကူးခံရသူ တေန႔ထက္တေန႔ စံခ်ိန္တင္ျမင့္တက္လာတာပါ။ ျပည္နယ္နဲ႔တိုင္းအသီးသီးက ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၈ ေထာင္နီးပါးမွာ ပိုးေတြ႕သူ ၁၅၀၀ ေက်ာ္ရွိတာျဖစ္ပါတယ္။ ေသဆုံးသူက ၁၄ ဦးရွိပါတယ္။

လက္ရွိခ်ိန္ထိ ဓာတ္ခြဲစစ္ေဆးမႈေပါင္း ၂၇ သိန္း၊ ၃ ေသာင္းေက်ာ္မွာ ပိုးေတြ႕သူ ၁သိန္း ၅ ေသာင္း ၇ ေထာင္ေက်ာ္ရွိၿပီး ေသဆုံးသူစုစုေပါင္းက ၃ေထာင့္ ၃ ရာေက်ာ္ရွိေၾကာင္း

ဂြၽန္လ ၃၀ရက္၊ ည ၈ နာရီထုန္ျပန္ခ်က္မွာ ေတြ႕ရပါတယ္။ ျမန္မာႏိုင္ငံမွာ ဂြၽန္လလယ္ေလာက္ကစျပ့ီး ခုလိုပိုးကူးစက္မႈေတြ တရွိန္ထိုးျမင့္တက္လာတာေၾကာင့္ ကပ္ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး စိုးရိမ္မႈေတြလည္းရွိေနၾကပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကလည္း ႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံဆီက ကိုဗစ္ကာကြယ္ေဆးေတြ ဝယ္ယူဖု႔ိ ေျပာဆိုေဆြးေႏြးေနၿပီျဖစ္ေၾကာင္း ႐ုရွား RIA သတင္းေအဂ်င္စီနဲ႔ေတြ႕ဆုံးေမးျမန္းခန္းကိုကိုးကားၿပီး ႐ိုက္တာသတင္းတရပ္မွာ ေဖာ္ျပထားပါတယ္။