ပေးဆပ်ခြင်းတဲ့ …

ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေမပါခဲ့ပဲ အဆင်ပြေပါစေဆိုတဲ့ဆန္ဒလေးတစ်ခုနဲ့ ကိုယ်ပေးနိုင်သမျှ အရာရာပေးခဲ့တာပါ ။ ကိုယ့်စေတနာတွေ ကိုယ့်မေတ္တာတွေ ဖြူပါတယ် ။ အဲ့ဒီအတွက် ဘာကျေးဇူးတရားမှ မလိုအပ်ပါဘူး ။ လိုလဲ မလိုချင်ခဲ့ဘူးလေ ။
ဒါပေမယ့်…ဘာများလုပ်ပေးခဲ့လို့လဲဆိုတဲ့ မေးခွန်းတွေကြားမှာတော့ စွံ့အခဲ့မိတယ် ။ မလုံလောက်ခဲ့တာလား ဒါမှမဟုတ် မမြင်တတ်ခဲ့တာလားပေါ့ ။ ၀န်ခံရရင်တော့ … ကိုယ့်စေတနာတွေ ကိုယ့်မေတ္တာတွေကို မြင်စေချင်တဲ့ စိတ်ကတော့ … ရှိပါတယ် ။
တချို့လူတွေရဲ့အတွေးထဲမှာကျ … နေရာတကာ ကိုယ်က စျေးပေါနေမိတော့ စေတနာဆိုတာ မမြင်တော့ဘူး မသိရင် ကိုယ့်တာ၀န်လို့ပဲ ထင်တတ်မြင်တတ်ကျတယ် ။ တကယ်တမ်းကျတော့ တာ၀န်ရှိလို့မှမဟုတ်ပဲ မေတ္တာရှိလို့ပါ ။ ဒါကိုတော့ နားလည်တတ်စေချင်တယ် ။
ပေးဆပ်ခြင်းတဲ့ … ကိုယ်ပေးတဲ့အတိုင်း ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေ မပါခဲ့ပါဘူး ။ ဒါပေမယ့် နာကျင်စရာတွေလဲ ပြန်လိုချင်ခဲ့တာ မဟုတ်ဘူးလေ ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်\

ပေးဆပ်ခြင်းတဲ့ …
ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေမပါခဲ့ပဲ အဆင်ပြေပါစေဆိုတဲ့ဆန္ဒလေးတစ်ခုနဲ့ ကိုယ်ပေးနိုင်သမျှ အရာရာပေးခဲ့တာပါ ။ ကိုယ့်စေတနာတွေ ကိုယ့်မေတ္တာတွေ ဖြူပါတယ် ။ အဲ့ဒီအတွက် ဘာကျေးဇူးတရားမှ မလိုအပ်ပါဘူး ။ လိုလဲ မလိုချင်ခဲ့ဘူးလေ ။
ဒါပေမယ့်…ဘာများလုပ်ပေးခဲ့လို့လဲဆိုတဲ့ မေးခွန်းတွေကြားမှာတော့ စွံ့အခဲ့မိတယ် ။ မလုံလောက်ခဲ့တာလား ဒါမှမဟုတ် မမြင်တတ်ခဲ့တာလားပေါ့ ။ ဝန်ခံရရင်တော့ … ကိုယ့်စေတနာတွေ ကိုယ့်မေတ္တာတွေကို မြင်စေချင်တဲ့ စိတ်ကတော့ … ရှိပါတယ် ။
တချို့လူတွေရဲ့အတွေးထဲမှာကျ … နေရာတကာ ကိုယ်က ဈေးပေါနေမိတော့ စေတနာဆိုတာ မမြင်တော့ဘူး မသိရင် ကိုယ့်တာဝန်လို့ပဲ ထင်တတ်မြင်တတ်ကျတယ် ။ တကယ်တမ်းကျတော့ တာဝန်ရှိလို့မှမဟုတ်ပဲ မေတ္တာရှိလို့ပါ ။ ဒါကိုတော့ နားလည်တတ်စေချင်တယ် ။
ပေးဆပ်ခြင်းတဲ့ … ကိုယ်ပေးတဲ့အတိုင်း ပြန်ရပါစေဆိုတဲ့ မျှော်လင့်ချက်တွေ မပါခဲ့ပါဘူး ။ ဒါပေမယ့် နာကျင်စရာတွေလဲ ပြန်လိုချင်ခဲ့တာ မဟုတ်ဘူးလေ



