ခိုင်ထူးရဲ့ “စစ်ကိုင်းလမ်း” သီချင်းထဲက စစ်ကိုင်းလမ်းနေရာပါ !
စစ်ကိုင်းတံတားနဲ့ဆက်ထားတဲ့ မန္တလေးဘက်ခြမ်းလမ်းနေရာဖြစ်ပြီး ဘေးမှာ သပြေတန်းခံတပ်ရှိပါတယ်
(စစ်ကိုင်းလမ်းသီချင်းရေးခဲ့တဲ့ တေးရေးကိုနေဝင်းရဲ့ အတည်ပြုချက်ရယူပြီး ဖြစ်ပါတယ်)
စစ်ကိုင်းတံတားအနီး ဥယျာဉ်လေးရွာမှာ postingတာဝန်ကျတဲ့ ချစ်သူ ကျောင်းဆရာမတစ်ယောက်ကို ရည်ရွယ်ပြီး ခံစားရေးဖွဲ့ထားတဲ့ လက်ရာလ်ု့လည်း သိရပါတယ်
* * တိုးထွက်မယ့် မနက်နေရောင် ဖြာထွန်းရင်. . . . စစ်ကိုင်းလမ်းက စောင့်နေမယ် ” ”
” အသည်းရင် လှိုင်းခတ်သံအတူဆုံရင် အပြုံးတွေ နှုတ်ဆက်မယ်လေ ”
တစ်ချိန်မှာ ကောင်မလေးကထားခဲ့လို့အသည်းကွဲကျန်ရစ်ဖြစ်ပြီး မောင့်လပြည့်ဝန်းဆိုတဲ့ သီချင်းတစ်ပုဒ်ဖြစ်လာခဲ့တယ် !
ခိုင်ထူးအတွက် စစ်ကိုင်းလမ်း နဲ့ စိုင်းထီးဆိုင်အတွက် မောင့်လပြည့်ဝန်း နှစ်ပူဒ်လူံးက ဒီနေ့အထိ အောင်မြင်နေတုန်း ဂန္တဝင်သီချင်းတွေ ဖြစ်နေဆဲပါပဲ !
ကိုနေဝင်းရဲ့အနုပညာစွမ်းရည်အတွက် ဂုဏ်ယူပါတယ်