ဘာလိုသေးလဲ….”မျှစ်လား” အပေါဆုံးပဲ(မင်းမော်ကွန်းရေးသည်)

ဘာလိုသေးလဲ….”မျှစ်လား” အပေါဆုံးပဲမိုးတွင်းဆိုတော့မျှစ်စို့ကြီးတွေကလတ်ဆတ်လို့ (မင်းမော်ကွန်းရေးသည်) ဘာလိုသေးလဲ….”မျှစ်လား” အပေါဆုံးပဲမိုးတွင်း

ဆိုတော့မျှစ်စို့ကြီးတွေကလတ်ဆတ်လို့ နုဖတ်လို့။ မန်ကျည်းသီးခူးပြီးအစိမ်းထောင်းစားစားမန်ကျည်းသီးချက်စားစားမျှစ်ပြုတ်နဲ့က လျှာလည်။ ချဉ်ပေါင်ခင်းက

လည်းအဆင်သင့်ဆိုတော့ဟင်းရည်သောက်သောက်မျှစ်နဲ့ချဉ်ပေါင်ကြော်ကြော်သိပ်မြိန်တဲ့ဟင်းတွေ။ မှိုတွေကလည်းအခင်းလိုက်ဟင်းချက်စားမလား ဟင်းချို

သောက်မလားကန်စွန်းပါချိုးကြော်လိုက်တော့ စားသောက်ဆိုင် ထိုင်ရသလို။ ဂွေးတောက်လားကြောင်လျာလားခရမ်းကဆော့သီးလားသရက်ရွက်လားအပြည့်အစုံ

ကြိုက်တာတို့ ငါးပိထောင်းလည်း ကောင်းမှကောင်း။ ငှက်ပျောတွေကအသီးပုပုလေးတွေနဲ့သီးမှသီး ချိုမှချို ငှက်ပျောအူတော့ မကိုက်ဘူးဝမ်းသာစရသတင်းကြားရင်

မွင်းငါးချက်စားပစ်လိုက်တယ်။ ငါးကလည်းရှာလို့လွယ်သေးငါးခူ ငါးကြင်းကအစ နာမည်မသိလည်း စားကောင်းတဲ့ ငါးအကောင်ကြီးကြီး အလေးပြည့်ပြည့်တွေ

ကင်စားစား ပြုတ်စားစား ဟင်းချက်မလား အခြောက်လှမ်းမလား ကြိုက်သလိုစား။ ရွာထဲဝက်ပေါ် အမဲပေါ်ရင်တော့ကိုယ့်အကြိုက် ဆုံး ဝက်လက် ဝက်ရိုးပြုတ်အမဲ

နှပ်တွေ တခါတလေကြိတ်ရသေးဒါမှမဟုတ်လို့ ရန်ကုန်လွမ်းလာရင်အသားကြိတ် အရိုးပြုတ်အသင့်စားကြာဆံတစ်ထုတ်ဖေါက်ထည့်ပြီးကြေးအိုး ဆွဲလို့ရတယ်ဗျာ။

လက်ဆောင်လာပေးတဲ့ကြက်တွေမသတ်ရက်လို့မွေးထားတာကြက်ဥကလည်းရအကောင်ကလည်းပွား။ ဆေးဝါးရှားတယ်ဆိုပေမယ့်ချွေးထွက်များတော့

ကျန်းမာရေးကဒီရောက်မှရန်ကုန်ထက်ကို ပိုမာနေသေး။ အဝတ်အစားကောင်းကောင်းမရှိပေမယ့်နှလုံးသားကောင်းကောင်းတွေဝတ်ဆင်ထားတဲ့သူတွေကိုသာ တွေ့ရ

တဲ့နေရာ။ မိတ်ဆွေဟောင်းတွေကိုအမြဲသတိရပေမယ့်ခုမှတွေ့ရတဲ့ ရဲဘော်ရဲဘက်တွေကလည်းအသက်နဲ့ရင်းပြီးချစ်ကြခင်ကြတယ်။ မိန်းမနဲ့သားသမီးတွေဟာအမြဲ

ဆင်းရဲတူတူချမ်းသာတူတူစိတ်တူကိုယ်တူအနစ်နာခံနိုင်ကြောင်းသိခွင့်ရခဲ့တယ်။ ဘဝမှာအသက်ရှင်နေထိုင်ရေးမှာဘယ်အရာတွေကအဓိကကျပြီးဘယ်အရာတွေက

အပေါ်ယံဆိုတာသတိ ထားမိလာတယ်။ အမှန်တရားဘက်ကရပ်တည်ရင်ဘယ်နေရာရောက်ရောက်ဘယ်သူနဲ့တွေ့တွေ့ဘယ်တော့မဆိုလိပ်ပြာသန့်ပြီးမျက်နာမငယ်ရ

ဘူးဆိုတာလက်တွေ့ကြုံရတယ်။ အခုထဲကအမှန်တရားအရတရားမျှတခြင်းအရ စိတ်ဓါတ်ခွန်အားအရအရွက္တရားအရပြည်သူပါဝင်မှုအရ အားလုံးပြည့်စုံစွာမတိုက်

ခင်ထဲကကြိုအောင်မြင်နေတဲ့ ကျွန်တော်တို့တော်လှန်ရေးဟာလည်း မကြာခင်အပြီး တိုင်အောင်မြင်တော့မယ်။ ကဲ…ကျွန်တော့်တို့အတွက်ဘာလိုသေးလဲ။

၃၀.၈.၂၀၂၁ ရက်ခတ်ဆူး

ဘာလိုေသးလဲ….”မွ်စ္လား” အေပါဆုံးပဲမိုးတြင္းဆိုေတာ့မွ်စ္စို႔ႀကီးေတြကလတ္ဆတ္လို႔ (မင္းေမာ္ကြန္းေရးသည္) ဘာလိုေသးလဲ….”မွ်စ္လား” အေပါဆုံးပဲမိုးတြင္း

ဆိုေတာ့မွ်စ္စို႔ႀကီးေတြကလတ္ဆတ္လို႔ ႏုဖတ္လို႔။ မန္က်ည္းသီးခူးၿပီးအစိမ္းေထာင္းစားစားမန္က်ည္းသီးခ်က္စားစားမွ်စ္ျပဳတ္နဲ႔က လွ်ာလည္။ ခ်ဥ္ေပါင္ခင္းက

လည္းအဆင္သင့္ဆိုေတာ့ဟင္းရည္ေသာက္ေသာက္မွ်စ္နဲ႔ခ်ဥ္ေပါင္ေၾကာ္ေၾကာ္သိပ္ၿမိန္တဲ့ဟင္းေတြ။ မႈိေတြကလည္းအခင္းလိုက္ဟင္းခ်က္စားမလား ဟင္းခ်ိဳ

ေသာက္မလားကန္စြန္းပါခ်ိဳးေၾကာ္လိုက္ေတာ့ စားေသာက္ဆိုင္ ထိုင္ရသလို။ ေဂြးေတာက္လားေၾကာင္လ်ာလားခရမ္းကေဆာ့သီးလားသရက္႐ြက္လားအျပည့္အစုံ

ႀကိဳက္တာတို႔ ငါးပိေထာင္းလည္း ေကာင္းမွေကာင္း။ ငွက္ေပ်ာေတြကအသီးပုပုေလးေတြနဲ႔သီးမွသီး ခ်ိဳမွခ်ိဳ ငွက္ေပ်ာအူေတာ့ မကိုက္ဘူးဝမ္းသာစရသတင္းၾကားရင္

မြင္းငါးခ်က္စားပစ္လိုက္တယ္။ ငါးကလည္းရွာလို႔လြယ္ေသးငါးခူ ငါးၾကင္းကအစ နာမည္မသိလည္း စားေကာင္းတဲ့ ငါးအေကာင္ႀကီးႀကီး အေလးျပည့္ျပည့္ေတြ

ကင္စားစား ျပဳတ္စားစား ဟင္းခ်က္မလား အေျခာက္လွမ္းမလား ႀကိဳက္သလိုစား။ ႐ြာထဲဝက္ေပၚ အမဲေပၚရင္ေတာ့ကိုယ့္အႀကိဳက္ ဆုံး ဝက္လက္ ဝက္႐ိုးျပဳတ္အမဲ

ႏွပ္ေတြ တခါတေလႀကိတ္ရေသးဒါမွမဟုတ္လို႔ ရန္ကုန္လြမ္းလာရင္အသားႀကိတ္ အ႐ိုးျပဳတ္အသင့္စားၾကာဆံတစ္ထုတ္ေဖါက္ထည့္ၿပီးေၾကးအိုး ဆြဲလို႔ရတယ္ဗ်ာ။

လက္ေဆာင္လာေပးတဲ့ၾကက္ေတြမသတ္ရက္လို႔ေမြးထားတာၾကက္ဥကလည္းရအေကာင္ကလည္းပြား။ ေဆးဝါးရွားတယ္ဆိုေပမယ့္ေခြၽးထြက္မ်ားေတာ့

က်န္းမာေရးကဒီေရာက္မွရန္ကုန္ထက္ကို ပိုမာေနေသး။ အဝတ္အစားေကာင္းေကာင္းမရွိေပမယ့္ႏွလုံးသားေကာင္းေကာင္းေတြဝတ္ဆင္ထားတဲ့သူေတြကိုသာ ေတြ႕ရ

တဲ့ေနရာ။ မိတ္ေဆြေဟာင္းေတြကိုအၿမဲသတိရေပမယ့္ခုမွေတြ႕ရတဲ့ ရဲေဘာ္ရဲဘက္ေတြကလည္းအသက္နဲ႔ရင္းၿပီးခ်စ္ၾကခင္ၾကတယ္။ မိန္းမနဲ႔သားသမီးေတြဟာအၿမဲ

ဆင္းရဲတူတူခ်မ္းသာတူတူစိတ္တူကိုယ္တူအနစ္နာခံႏိုင္ေၾကာင္းသိခြင့္ရခဲ့တယ္။ ဘဝမွာအသက္ရွင္ေနထိုင္ေရးမွာဘယ္အရာေတြကအဓိကက်ၿပီးဘယ္အရာေတြက

အေပၚယံဆိုတာသတိ ထားမိလာတယ္။ အမွန္တရားဘက္ကရပ္တည္ရင္ဘယ္ေနရာေရာက္ေရာက္ဘယ္သူနဲ႔ေတြ႕ေတြ႕ဘယ္ေတာ့မဆိုလိပ္ျပာသန႔္ၿပီးမ်က္နာမငယ္ရ

ဘူးဆိုတာလက္ေတြ႕ႀကဳံရတယ္။ အခုထဲကအမွန္တရားအရတရားမွ်တျခင္းအရ စိတ္ဓါတ္ခြန္အားအရအ႐ြကၱရားအရျပည္သူပါဝင္မႈအရ အားလုံးျပည့္စုံစြာမတိုက္

ခင္ထဲကႀကိဳေအာင္ျမင္ေနတဲ့ ကြၽန္ေတာ္တို႔ေတာ္လွန္ေရးဟာလည္း မၾကာခင္အၿပီး တိုင္ေအာင္ျမင္ေတာ့မယ္။ ကဲ…ကြၽန္ေတာ့္တို႔အတြက္ဘာလိုေသးလဲ။

၃၀.၈.၂၀၂၁ ရက္ခတ္ဆူး

Leave a Comment