ဗဟုသုတ

သိသူနည်းတဲ့ အပင်တွေကို ထုံးဖြူသုတ်တဲ့ အကြောင်းအရင်း

(ထုံးဘာလို့သုတ်သင့်လဲ?)

အခေါက်ရှိသော အသီးသီးသည့် နှစ်ရှည်ပင်အများစုအား အပင်ခြေမှ ၄ပေ (သို့မဟုတ်) ပထမကိုင်းခွဲအထိ အခေါက်ပတ်လည်အား

ထုံးသုတ်ပေးခြင်းသည် ရှေးအစဉ်အလာကတည်းက လုပ်ဆောင်ခဲ့ကြပေသည်။

ထုံးသုတ်ခြင်းကို အနောက်တိုင်းမှ စိုက်ပျိုးသူများလည်း လုပ်ဆောင်လေ့ရှိသည်။ ၎င်းတို့က Whitewash ဟု သုံးနှုန်းသည်။

Whitewash သည် ထုံးအပြင် တခြားသော ရွံ့စေးဖြူကဲ့သို့သော သဘာ၀ဓာတ်ပေါင်းတို့ဖြင့် အပင်များကို သုတ်လေ့ရှိသည်။ ထုံးသုတ်

ခြင်းတွင်

ပင် ထုံးတဆ ရေတဆ ရောပြီး စေးပြစ်စေရန် တခြားသော ရောစပ်မှုများကို ပြုလုပ်လေ့ရှိသည်။ဟင်းရွက်ဆီ၊ တမာဆီကဲ့သို့ အဆီတမျိုး

မျိုး ကျောက်ချဉ်၊ Sulfur ဆာလဖာပါသော ကန့်၊ ဘိုရွန်ပါသော လက်ချား၊ ဆားဓာတ်ပါသော ဇ၀က်သာ၊ စသော သဘာ၀ဓာတ်

ပေါင်းတမျိုးမျိုး ထည့်နိုင်သည်

ထည့်သွင်းသော အမယ်တိုင်းတွင် တိကျသော ရည်ရွယ်ချက်တို့ ရှိသည်။ အပင်ကို ထုံးသုတ်ရာတွင် တကြိမ်တည်း အပြီးသုတ်ခြင်း

ထက် ခပ်ပါးပါး အရင်သုတ်ပြီး အရည်ပြစ်ပြစ်ကို ပထမသုတ်ထားခြင်းမှ ခြောက်သည့်အခါ ထပ်လိုက်၍ သုတ်ခြင်းက ကြာရှည်ခံစေသည်။

ထုံးကိုသုံးရာတွင် သက်သာလွယ်ကူပြီး ပေါပေါများများရနိုင်သော အိမ်ဆောက်ထုံးမှုန့်မဖောက်ထုံးမှုန့်ကို ရေ၂ဆဖြင့်ရောပြီး ပထမအကြိမ်သုတ်၍ ခြောက်သောအခါ ဒုတိယအကြိမ်တွင် ရေနှင့်ဆတူရောပြီး သုတ်နိုင်ပါသည်။

ကပ်စေးတမျိုးမျိုးသုံးပြီး သုတ်ခြင်းဖြင့် ပိုမိုစွဲမြဲစေပါသည်။ယခုဆောင်းပါးတွင်း ထုံးတမျိုးတည်း၏ အကျိုးကျေးဇူးများကိုသာ ထုတ်နှုတ်

ဖော်ပြပေမည်။နှစ်ရှည်သီးပင်တို့တွင် အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် အခြားသော နေရာတို့ထက် အပင်၏ပြင်ပ၀န်းကျင်နှင့် ပိုမိုဆက်စပ်လျက်ရှိသည်။

ဆိုလိုသည်မှာ အပင်၏ ပြင်ပ၀န်းကျင် အပူချိန်၊ စိုထိုင်းဆ၊ ရောဂါ၀င်ရောက်နိုင်မှု၊ ဖိအား၊ ဒဏ် စသော အကြောင်းတရားများစွာ

တို့သည် အပင်၏ အခြားနေရာများထက် ထိုထိုသော အခေါက်နှင့် ကပ်ရပ်ရှိသော အစာကြော ရေကြောတို့သည် သက်ရောက်မှုကို ပိုမိုခံစားရလေ့ရှိသည်။

နေရောင်၏ အပူချိန်ကြောင့် နေ့ဘက်တွင်ပူပြီး ညဘက်တွင် အေးသည်ကို လူတိုင်း သိရှိပြီးဖြစ်သည်။ ထိုသို့ နေ့နှင့် ည အပူချိန် ကွာခြားချက်သည် သဘာ၀သတ္တ ဇီဝလောကကြီးတခုလုံး မည်သို့မည်ပုံ ထိန်းကျောင်းမောင်းနှင်နေသည်ကိုတော့ လူတိုင်း မသိရှိနိုင်ပေ။

ဆောင်တွင်းကဲ့သို့ နေ့နှင့် ည အပူချိန်ကွာခြားချက် အမြင့်ဆုံးနေ့ရက်များတွင် အပင်များတွင် များစွာသော သက်ရောက်မှုကို ဖြစ်ပေါ်စေသည်။ နေ့ဘက်တွင် နေရောင်၏ အပူချိန်ကြောင့် အခေါက်နှင့် ကပ်ရပ် အစာကြော ရေကြောတို့တွင် အောင်းအပူဖြစ်ပေါ်စေပြီး ည

ပိုင်းတွင် တခြားနေရာများနှင့် ပြင်ပအပူချိန်နီးပါးအေးနေသော်လည်း ၎င်းအခေါက်နှင့်ကပ်ရပ်နေရာတို့တွင် အောင်းအပူကြောင့် ပုံမှန်ကဲ့သို့ မအေးနိုင်ဘဲရှိနေသည်။

ထိုသို့ဖြစ်နေခြင်း ၎င်းနေရာတဝိုက် အပင်အတွက် အစာကြော ရေကြော ပို့လွှတ်ထောက်ပံ့ခြင်း ဖြစ်စဉ်ကို အနှောင့်အယှက်ဖြစ်စေသည်။ ၎င်း နေ့ညအပူကွာဟချက် မြင့်မားမှုသည် ဆက်တိုက်ဆိုသလို ဖြစ်လာပါက ထို အခေါက်နှင့်ကပ်ရပ် အစာကြော ရေကြော များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်စေသည်။

ထိုမှတဆက်တည်း အခေါက်များ ကွဲအက်ကာ အက်ကြောင်းများ ဆက်တိုက်ဖြစ်ပေါ်လာစေသည်။ လေ့လာတွေ့ရှိချက်အရ

အီကွေတာ မြောက်ပိုင်းဒေသများတွင် ထိုဖြစ်ရပ်ဖြစ်ပေါ်သော အပင်တို့သည် အနောက်တောင်ဘက်အခြမ်းတွင် အဖြစ်များ၏ အီကွေတာ၏ တောင်ပိုင်း ဒေသများတွင်မူ အပင်၏ အနောက်မြောက်အခြမ်းတွင် အဖြစ်များသည်။

မြန်မာနိုင်ငံသည် အီကွေတာ မြောက်ခြမ်းတွင် တည်ရှိသောကြောင့် ထိုသို့ နေ့ည အပူကွာခြားချက် လွန်ကဲမှုကြောင့် ဖြစ်ပေါ်သော နောက်ဆက်တွဲ အခေါက်ကွဲအက်ရာများသည် အပင်၏ အနောက်တောင်ဘက်အခြမ်းတွင် ဖြစ်လေ့ရှိသည်။

ထိုသို့သော အခေါက်ကွဲအက်ရာများသည် အင်းဆက်ပိုးကောင်များ ခိုအောင်ပေါက်ဖွားရှင်သန်ဖို့ရာ နေအိမ်သဖွယ် ဖြစ်ပေါ်စေတော့သည်။ သဘာ၀တရားအရ အင်းဆက်ပိုးများတွင် အပင်အတွက် ကောင်းကျိုးပေးမှုရှိသလို ဆိုးကျိုးပေးမှုလည်း ရှိသည်။

တချို့အင်းဆက် များသည် အချိန်ကာလအလိုက် အပင်ကို ကောင်းကျိုး ဆိုးကျိုးကို ဖြစ်ပေါ်စေသည်။ ဆိုးကျိုးပေးသော အင်းဆက်များ သို့မဟုတ် အချိန်ကာလအလိုက် ဆိုးကျိုးပေးသော အင်းဆက်များအနေဖြင့် အပင်အတွင်း ၀င်ရောက်နေထိုင်ရာမှ ကပ်ပါးတွယ်ကပ်

နေသော ရောဂါပိုး၊ မှိုနှင့် ဘက်တီးရီးယားများကို အပင်တွင်း ပျံ့နှံစေတော့သည်။ ထိုမှတဆင့် အပင်ရောဂါ၀င်ပြီး သေဆုံးခြင်းသို့ ဖြစ်စေတော့သည်။၎င်းဖြစ်စဉ်ကို လေ့လာတွေ့ရှိပြီးနောက် ကာကွယ်ရန်အတွက် နည်းလမ်းများကို အောက်ပါအတိုင်း စဉ်းစားမိသည်။

၁။ နေ့ည အပူချိန် ကွာဟမှု မြင့်မားကို ထိန်းချုပ်စေခြင်း။

၂။ အင်းဆက်ပိုးတို့ အပင်သို့ မလာရောက်စေရန် ကာကွယ်ခြင်း။

၃။ အင်းဆက်တို့ လာရောက်ခဲ့လျှင်လည်း ၎င်းတို့ ဆက်လက်ရှင်သန်နိုင်မှု နည်းပါးစေရန် ဆောင်ရွက်ခြင်း။ စသည်တို့ဖြစ်သည်။

ပူခြင်းနှင့် အေးခြင်း ဖြစ်စဉ်တွင် သမပိုင်းဇုန် အပင်အများစု ရှင်သန်သော ဇုန်အတွက် အေးခြင်းသည် ပူခြင်းလောက် အပင်ကို ဒုက္ခ

မပေးနိုင်ပေ။ အပူချိန် မြင့်မားခြင်းကသာ အပင်အတွက် ဆိုးသောသက်ရောက်မှု ဖြစ်စေသည်။ ထို့ကြောင့် နေ့ဘက်တွင် အပူချိန်ကို ကာကွယ်ရန်အတွက်ကို ဦးစားပေး စဉ်းစားရမည်။

ထို့ကြောင့် လိုအပ်ချက်ပေါ်မူတည်၍ အရိပ်ပင်များ ကြားညှပ်စိုက်ပျိုးခြင်းကို အလျင်းသင့်သလို ပြုလုပ်ပေးသင့်သည်။ ၎င်းထက် ငွေကုန်ကြေးကျသက်သာပြီး ထိရောက်သော နည်းလမ်းတခုမှာ ထုံးသုတ်ခြင်းဖြစ်သည်။

ထုံးသည် အဖြူရောင် ဖြစ်သောကြောင့် နေ၏အလင်းရောင် ရာနှုန်းပြည့်နီးပါး အလင်းပြန်နိုင်စွမ်းရှိသည်။ ထို့ကြောင့် အပူစုပ်ယူမှုနည်းပြီး အပူထုတ်လုပ်မှုကို ဖြစ်စေသည်။ ပုံမှန်အတိုင်းဆိုလျှင် အပင်၏အခေါက်မှာ အညိုရောင် အမဲဘက်လိုက်ပြီး အလင်းကို ရာနှုန်းပြည့် နီးပါး စုပ်ယူရာမှ အပူဓာတ်ကို စုပ်ယူရစေသည်။

ထိုနေရာကို ထုံးသုတ်လိုက်ခြင်းဖြင့် အပူစုပ်ယူမှု နည်းစေပြီး အလင်းပြန်စေကာ အပူသက်သာစေသည်။ ၎င်းမှ တဆက်တည်း နေ့ ည အပူချိန်ကွားခြားချက် မြင့်မားခြင်း နောက်ဆက်တွဲ အခေါက်ကွဲခြင်းကို သက်သာစေသည်။ (ဥပမာအားဖြင့် ပူပြင်းသည့်နေ့များ

တွင် လူများအပြင်ထွက်ရာ၌ အင်္ကျီအဖြူ၀တ်ဆင်သကဲ့သို့ဖြစ်သည်။) ထိုအချက်သည် ထုံးသုတ်ခြင်း၏ အကျိုးကျေးဇူးတစ်ရပ်ဖြစ်သည်။

အပင်များကိုင်းချိုင်ပြီးချိန်တွင် အပင်ခြေသည် ယခင်ကထက် ပိုမိုရှင်းလင်းသွားကာ အလင်းကျရောက်မှု ပိုမိုလာနိုင်သည်။ ထိုသို့ အလင်းကျရောက်မှု များခြင်းသည် အပူချိန်မြင့်တက်လာနိုင်စေသောကြောင့် ကိုင်းချိုင်ပြီးချိန်များတွင် ထုံးသုတ်ပေးခြင်းကို တဆက်တည်း ဆောင်ရွက်သင့်ပေသည်။ သို့မှသာ အပင်ကို အပူဒဏ်မှ ကာကွယ်သက်သာစေသည်။

သမပိုင်းဇုန်တွင် အပင်သည် အပူနှင့် အအေးနှိုင်းယှဉ်ရာ၌ အအေးတွင် ပို၍ ခံနိုင်ရည်ရှိကြပြီး အရွက်မှလေပေါက်များ Stomata ဖွင့်

ချိန်ပိုမိုကြာမြင့်သောကြောင့် အပင်အတွက် အဓိကလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပိုမိုရရှိစေသည်။ ထုံးသုတ်ခြင်းဖြင့် အပင်၏ အပူချိန်လျော့ကျစေခြင်းကြောင့် အထက်ပါ အကျိုးကို ရရှိစေနိုင်သည်။

ထို့ပြင် တခြားသော အရေးကြီးသည့် အကြောင်းအရာများလည်း ရှိသေးသည်။ ၎င်းကား ထုံးသည် အဖန်ဓာတ်ဖြစ်၍ အက်ဆစ်ဓာတ် အချဉ်ဓာတ်ကို နိုင်သည်။ သဘာ၀၏ ပုံမှန် ဓာတ်ပြယ်အနေအထား pH သည် ၇.၀ ဖြစ်သည်။ အပင်၊ မှို၊ အင်းဆက် အများစုသည် ၆.၅ မှ ၇.၀ အတွင်း ပေါက်ပွားရှင်သန်ကြသည်။

အခေါက်မျက်နှာပြင်သည် ပုံမှန်အားဖြင့်၆.၅ မှ ၇.၀ ကြား ၀န်းကျင်တွင် ရှိနေသောကြောင့် အင်းဆက်တို့ ရှင်သန်ပေါက်ဖွားနိုင်ရန် ဖိတ်ခေါ်သလို ဖြစ်နေသည်။

၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် pH တန်ဖိုးမြင့်စေကာ ၇.၀ အထက် ရောက်စေပြီး ပိုးမွှား၊ မှို အချို့ကို သေစေပြီး အများစုကို မျိုးဆက်ပွား ရှင်သန်စေဖို့ အခက်အခဲများစွာ ဖြစ်စေသည်။

စိုက်ပျိုးရေးလောက၏ ကြောက်စရာကောင်းလှသည့် ခြ၊ ပုရွက်ဆိတ်၊ ပင်စည်ထိုးပိုး (Stem Borer)၊ အခေါက်ထိုးပိုး (Skin Borer)၊ များကို ထုံးသုတ်ခြင်းဖြင့် များစွာမကာကွယ်နိုင်ပေမယ့် ၎င်းတို့၏ ဘ၀စက်၀န်းကိုမူ ဟန်ချက်ပျက်စေသည်။ ၎င်းတို့ မျိုးပွားရှင်သန်စေဖို့အတွက် လိုအပ်သော အချဉ်ဓာတ်ကို ထုံးသုတ်ခြင်းဖြင့် တားဆီးဟန့်တားနိုင်သည်။

ထိုအချက်ကပင် ထုံးသုတ်ခြင်း၏ များစွာသော ကျေးဇူးတရားပင်ဖြစ်သည်။ လူတို့၏ မျက်စိသည် အနီရောင်မှ ခရမ်းရောင်အထိ မြင်ရ

ပြီး အင်းဆက်အများစုမှာမူ အစိမ်းရောင်မှ အပြာရောင် ခရမ်းလွန်ရောင်ခြည်အထိ ကောင်းစွာမြင်ရသည်။ အင်းဆက်များ၏ အမြင်ပိုင်းဆိုင်ရာနှင့် ပတ်သတ်၍ လေ့လာကြည့်ရာ အများစုသည် ခရမ်းလွန်ရောင်ခြည် မြင်ရမှုသည် အကောင်းဆုံးအနေထားဖြစ်သည်။

မီးခိုးရောင်၊ သစ်ခေါက် ကဲ့သို့သော အရာများသည် ခရမ်းလွန်ရောင်ခြည်အဖြစ် မြင်ရခြင်းကြောင့် ၎င်းတို့သည် အင်းဆက်တို့ အကြိုက်ဆုံး အစွဲဆောင်ဆုံးသော အရောင်ဖြစ်သည်။

အဝါရောင် သည် အင်းဆက်တို့ကို စွဲဆောင်မှု အနဲဆုံးအရောင်ဖြစ်ပြီး အနီရောင်ကိုကား အင်းဆက်အားလုံးအနေဖြင့် မမြင်နိုင်ပေ။ အဖြူရောင် နှင့် အညို (သို့မဟုတ်) အနက်ရောင် တို့ကို နှိုင်းယှဉ်လျှင် အင်းဆက်အနေဖြင့် အညို (သို့မဟုတ်) အနက်ရောင်ကိုသာ ပို၍မြင်ရပြီး စွဲဆောင်စေသည်။

သစ်ပင်၏ အခေါက်အရောင်မှာ အညိုရောင်ဖြစ်သောကြောင့် အင်းဆက်တို့ အကြိုက်ဖြစ်ကာ စွဲဆောင်မှု ရှိစေသည်။ ၎င်းကို ထုံးသုတ်ပေးခြင်းဖြင့် အင်းဆက်တို့အား စွဲဆောင်မှုလျော့နည်းစေကာ လာရောက်အသိုက်ဖွဲ့ ပေါက်ဖွားခြင်းမှ လျော့ပါးစေသည်။ ဤအချက်သည်လည်း ထုံးသုတ်ခြင်းမှ အကျိုးရလဒ်ကောင်း တခုဖြစ်ပေသည်။

အခြားသော အကျိုးရလဒ်များကား ထုံးသည် ကယ်ဆီယမ်ဓာတ်ဖြစ်ကာ အပင်အတွက် လိုအပ်သော အဟာရဓာတ်များတွင် တခု အပါအ၀င်ဖြစ်သည်။ အပင်ကို ထုံးသုတ်ထားခြင်းဖြင့် အနည်းအများ ဆိုသလို အပင်က စုပ်ယူရနိုင်သည်။ ထုံးသုတ်ခြင်းတွင် အထက်ကဖော်ပြခဲ့သည့်အတိုင်း ဆာလဖာခေါ် ကန့်မှုန့် အနည်းငယ်ထည့်ပေးခြင်းဖြင့် မှိုသတ်အာနိသင်အပြင် အနည်းငယ်ဝါစေခြင်းက အင်းဆက်တို့ကို စွဲဆောင်မှု လျော့နည်းစေသည်။

တမာဆီကဲ့သို့ ပိုးသတ်ဆီတမျိုးပါ ထည့်သွင်း သုတ်လိမ်းပါက အပင်အခေါက်တွင် တွယ်ညှိကပ် ရောက်နိုင်သော အင်းဆက်တို့ကို

နှိမ်းနင်းပြီးဖြစ်သည်။အမြင် ပသာဒအားဖြင့် သစ်တောစိုက်ခင်းတွင် ထုံးဖြူဖြူဖွေးဖွေး ညီညာစွာ သုတ်ထားခြင်းဖြင့် လှပသောရှုခင်းတခု ဖြစ်စေတော့သည်။

ထိုကဲ့သို့ များစွာသော အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော နှစ်ရှည်သီးပင် ထုံးသုတ်ခြင်းကား ရှေးမိရိုးဖလာ လုပ်ဆောင်မှုမှသည် ခေတ်သစ် သိပ္ပံနည်းကျ လေ့လာဖော်ထုတ်ရာမှ ဆန်းသစ်သော အတွေး၊ လျှို့ဝှက်သော သဘာ၀တည်ရှိမှု၊ ယုတ္တိကျသော

သဘာဝဂေဟ၏ အပြန်အလှန် သဟဇီ၀နကျစွာ ဖြစ်တည်နေမှု၊ လှပသော အမြင်တို့ကို ရရှိခံစား မှတ်သား လေ့လာနိုင်ပါစေကြောင်း

အကျိုးငှာ မိမိတွေ့ကြုံသိရှိသမျှ ဖော်ထုတ်ရေးသားလိုက်ရပါသည်။

ကိုဝေအောင်