ကရင္နယ္ျခားေစာင့္တပ္ဖြဲ႕(BGF)တပ္မ်ားအေနျဖင့္ လာမည့္ ဇန္နဝါရီ ၁၅ရက္မွစ၍ စစ္ေကာင္စီကို ပူးေပါင္းကူညီပံ့ပိုးျခင္းမျပဳရန္
ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU/KNLA) တပ္မဟာ(၅) တပ္မဟာမႉး ဗိုလ္မႉးခ်ဳပ္ ေစာမူဟဲက
လက္မွတ္ေရးထိုးထုတ္ျပန္လိုက္ၿပီး ဆက္လက္ပံ့ပိုးေနပါက ကရင္အခ်င္းခ်င္း မတိုက္လိုေသာ္လည္း
ကရင္BGFကို တိုက္ခိုက္ရေတာ့မည္ဟု ေဖာ္ျပထားသည္။
လက္ရွိတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ လက္ေအာက္ခံ ကရင္BGFအေနျဖင့္
စစ္ေကာင္စီခိုင္းေစသည့္အတိုင္း လုပ္ေဆာင္ေနေၾကာင္း၊ ဇန္နဝါရီ ၁၅ရက္မွစ၍
ကရင္BGFတပ္မ်ားအေနျဖင့္ အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားအား လုံး၀ ပူးေပါင္းကူညီပံ့ပိုးျခင္းမျပဳရန္၊
လမ္းလုံၿခဳံေရး၊ လက္နက္ခဲယမ္းႏွင့္ စားနပ္ရိကၡာမ်ား သယ္ယူပို႔ေဆာင္ေနသည့္
အာဏာသိမ္းစစ္ေကာင္စီတပ္မ်ားအား ၀ိုင္းဝန္း ကူညီတာဝန္ယူေပးျခင္းမ်ား မျပဳလုပ္ရန္ တပ္မဟာ (၅)က ထုတ္ျပန္ သည္။
ကရင္ BGF မ်ားအေနျဖင့္ ကရင္လူထုႏွင့္ တိုင္းရင္းသားျပည္သူ တစ္ရပ္လုံးအက်ိဳးကို
ေရွးရႈ၍ တိုင္းျပည္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႕မ်ားကို ၀ိုင္းဝန္းကူညီပံ့ပိုးမႈ မျပဳဘဲ
မိမိတို႔ သက္ဆိုင္ရာ တပ္ရင္းတပ္ဖြဲ႕ စခန္းမ်ားတြင္သာ ေအးခ်မ္းစြာ ေနထိုင္ၿပီးသြားလာလႈပ္ရွားရန္ အသိေပးထားသည္။
အကယ္၍ BGFမ်ားသည္ ကရင္လူထု တစ္ရပ္လုံးႏွင့္ ျမန္မာႏိုင္ငံတိုင္းရင္းသားျပည္သူ
တစ္ရပ္လုံးအက်ိဳးကို လ်စ္လ်ဴရႈၿပီး တိုင္းျပည္အာဏာသိမ္းစစ္အာဏာရွင္ စစ္ေကာင္စီ အဖြဲ႕၏
အက်ိဳးကိုသာေရွ႕ရႈ၍ အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႕မ်ားအား ဆက္လက္ ၀ိုင္းဝန္းကူညီပံ့ပိုးေနမည္ဆိုလွ်င္ကရင္လူမ်ိဳးအခ်င္းခ်င္းျဖစ္သည့္
ကရင္ BGF တပ္မ်ားအား မတိုက္ခိုက္ခ်င္ေသာ္လည္း ၎တို႔ကို တိုင္းျပည္အာဏာသိမ္း
စစ္ေကာင္စီ တပ္ဖြဲ႕မ်ားႏွင့္ စာရင္းတစ္ခုထဲတြင္ထား၍ တပ္မဟာ(၅) ေဒသအတြင္း မည္သည့္ ေနရာမဆို တိုက္ခိုက္ရေတာ့မည္ျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့သည္။
ထို႔အျပင္ ေက်း႐ြာေန ျပည္သူမ်ားျဖစ္သည့္ ေက်း႐ြာသူ ၊ေက်း႐ြာသားမ်ားအေနျဖင့္လည္း စစ္ေကာင္စီတပ္ဖြဲ႕မ်ားႏွင့္ ၎၏ လက္ေအာ
က္ခံ ကရင္နယ္ျခားေစာင့္တပ္ BGF တပ္မ်ားႏွင့္ လုံး၀ေရာေႏွာေနထိုင္ျခင္း ၊ ေရေႏွာ သြားလာျခင္းမျပဳရန္ သတိေပးထားသည္။
ေက်း႐ြာေန ျပည္သူမ်ားအေနျဖင့္တိုင္းျပည္အာဏာသိမ္းစစ္အာဏာရွင္ စစ္ေကာင္စီအဖြဲ႕မွ ခန႔္အပ္ တာဝန္ေပးမည့္ အဆင့္ဆင့္ေသာ
အုပ္ခ်ဳပ္ေရးတာဝန္မ်ားကို လုံး၀ လက္ခံတာဝန္ယူျခင္း မျပဳရန္ KNLA တပ္မဟာ(၅)က တားျမစ္ခဲ့သည္။
KNLA အမွတ္ (၅) တပ္မေတာ္ထိန္းခ်ဳပ္ရာ နယ္ေျမအတြင္းရွိ ေက်း႐ြာမ်ားေန ျပည္သူ တစ္ရပ္လုံး အေနျဖင့္ KNU ဗဟို၏လမ္းၫႊန္ခ်က္အတိုင္း KNUခ႐ိုင္ အဆ
င့္မွ ရွိေနၿပီးေသာ စည္းမ်ဥ္းဥပေဒမ်ားႏွင့္ စည္းမ်ဥ္းစည္းကမ္းမ်ားကိုလိုက္နာၿပီး ေက်း႐ြာျပည္သူ မ်ားမွ ေ
႐ြးေကာက္တင္ေျမႇာက္ထားသည့္ ေက်း႐ြာ၊ ၿမိဳ႕နယ္ ခ႐ိုင္ တို႔မွ ေခါင္းေဆာင္မ်ား၏ ဦးေဆာင္မႈကို ေလးစားလိုက္နာၾကရန္လည္း ထုတ္ျ
ပန္ခ်က္၌ ေဖာ္ျပထားသည္။
KNU တပ္မဟာ(၅)သည္ စစ္ေကာင္စီတပ္ကို စဥ္ဆက္မျပတ္ ခုခံတိုက္ခိုက္ေနသည့္ တပ္မဟာျဖစ္ၿပီး အဆိုပါေဒသ၌ တိုက္ပြဲမ်ားေန႔စ
ဥ္လိုလို ျဖစ္ပြားကာ စစ္ေကာင္စီတပ္မွ ေသဆုံးထိခိုက္မႈမ်ားျပားလ်က္ရွိသည္။
(BGF ေခါင္းေဆာင္ ဗိုလ္မႉးႀကီးေစာခ်စ္သူႏွင့္ စစ္ေကာင္စီတပ္ တာဝန္ရွိသူတို႔ အတူေတြ႕ရစဥ္)
ကရင်အချင်းချင်း မတိုက်လိုသော်လည်း စစ်ကောင်စီကို ဆက်ကူညီနေပါက ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု KNU တပ်မဟာ(၅)ထုတ်ပြန်
–People’s Spring
ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF)တပ်များအနေဖြင့် လာမည့် ဇန်နဝါရီ ၁၅ရက်မှစ၍ စစ်ကောင်စီကို ပူးပေါင်းကူညီပံ့ပိုးခြင်းမပြုရန်
ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) တပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက လက်မှတ်ရေးထိုးထုတ်ပြန်လိုက်ပြီး ဆက်လက်ပံ့ပိုးနေပါက
ကရင်အချင်းချင်း မတိုက်လိုသော်လည်း ကရင်BGFကို တိုက်ခိုက်ရတော့မည်ဟု ဖော်ပြထားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီတပ် လက်အောက်ခံ ကရင်BGFအနေဖြင့် စစ်ကောင်စီခိုင်းစေသည့်အတိုင်း လုပ်ဆောင်နေကြောင်း၊ ဇန်နဝါရီ ၁၅ရက်မှစ၍ ကရင်BGFတပ်များအနေဖြင့် အာဏာသိမ်းစစ်ကောင်စီတပ်များအား လုံး၀ ပူးပေါင်းကူညီပံ့ပိုးခြင်းမပြု
ရန်၊ လမ်းလုံခြုံရေး၊ လက်နက်ခဲယမ်းနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်များအား ဝိုင်းဝန်း ကူညီတာဝန်ယူပေးခြင်းများ မ
ပြုလုပ်ရန် တပ်မဟာ (၅)က ထုတ်ပြန် သည်။
ကရင် BGF များအနေဖြင့် ကရင်လူထုနှင့် တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကျိုးကို ရှေးရှု၍ တိုင်းပြည် အာဏာသိမ်းစစ်ကောင်စီ
တပ်ဖွဲ့များကို ဝိုင်းဝန်းကူညီပံ့ပိုးမှု မပြုဘဲ မိမိတို့ သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့ စခန်းများတွင်သာ အေးချမ်းစွာ နေထိုင်ပြီးသွားလာလှုပ်ရှားရန် အသိပေးထားသည်။
အကယ်၍ BGFများသည် ကရင်လူထု တစ်ရပ်လုံးနှင့် မြန်မာနိုင်ငံတိုင်းရင်းသားပြည်သူ တစ်ရပ်လုံးအကျိုးကို လျစ်လျူရှုပြီး တိုင်းပြည်အာဏာသိမ်းစစ်အာဏာရှင်
စစ်ကောင်စီ အဖွဲ့၏ အကျိုးကိုသာရှေ့ရှု၍ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့များအား
ဆက်လက် ဝိုင်းဝန်းကူညီပံ့ပိုးနေမည်ဆိုလျှင်ကရင်လူမျိုးအချင်းချင်းဖြစ်သည့် ကရင် BGF တပ်များအား မတိုက်ခိုက်ချင်
သော်လည်း ၎င်းတို့ကို တိုင်းပြည်အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့များနှင့် စာရင်းတစ်ခုထဲတွင်ထား၍ တပ်မဟာ(၅) ဒေသအတွင်း မည်သည့် နေရာမဆို တိုက်ခိုက်ရ
တော့မည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ကျေးရွာနေ ပြည်သူများဖြစ်သည့် ကျေးရွာသူ ၊ကျေးရွာသားများအနေဖြင့်လည်း စစ်ကောင်စီတပ်ဖွဲ့များနှင့် ၎င်း၏
လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် BGF တပ်များနှင့် လုံးဝရောနှောနေထိုင်ခြင်း ၊ ရေနှော သွားလာခြင်းမပြုရန် သတိပေးထားသည်။
ကျေးရွာနေ ပြည်သူများအနေဖြင့်တိုင်းပြည်အာဏာသိမ်းစစ်အာဏာရှင် စစ်ကောင်စီအဖွဲ့မှ ခန့်အပ် တာဝန်ပေးမည့် အဆင့်ဆင့်သော အုပ်ချုပ်ရေးတာဝန်များကို
လုံး၀ လက်ခံတာဝန်ယူခြင်း မပြုရန် KNLA တပ်မဟာ(၅)က တားမြစ်ခဲ့သည်။
KNLA အမှတ် (၅) တပ်မတော်ထိန်းချုပ်ရာ နယ်မြေအတွင်းရှိ ကျေးရွာများနေ ပြည်သူ တစ်ရပ်လုံး အနေဖြင့် KNU ဗဟို၏လမ်းညွှန်ချက်အတိုင်း KNUခရိုင်
အဆင့်မှ ရှိနေပြီးသော စည်းမျဉ်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကိုလိုက်နာပြီး ကျေးရွာပြည်သူ များမှ
ရွေးကောက်တင်မြှောက်ထားသည့် ကျေးရွာ၊ မြို့နယ် ခရိုင် တို့မှ ခေါင်းဆောင်များ၏ ဦးဆောင်မှုကို လေးစားလိုက်နာကြရန်လည်း
ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
KNU တပ်မဟာ(၅)သည် စစ်ကောင်စီတပ်ကို စဉ်ဆက်မပြတ် ခုခံတိုက်ခိုက်နေသည့် တပ်မဟာဖြစ်ပြီး အဆိုပါဒေသ၌ တိုက်ပွဲများ
နေ့စဉ်လိုလို ဖြစ်ပွားကာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားလျက်ရှိသည်။
(BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် စစ်ကောင်စီတပ် တာဝန်ရှိသူတို့ အတူတွေ့ရစဉ်)



