ၾကားသိရသမွ်

သိန်းထောင်ချီတဲ့ ရှေးခေတ် ဒင်္ဂါးပြားများကို တူးဖော်တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားများ

သိန်းထောင်ချီတဲ့ ရှေးခေတ် ဒင်္ဂါးပြားများကို တူးဖော်တွေ့ရှိခဲ့တဲ့ ဆောက်လုပ်ရေးလုပ်သားများ

၄၀၀ ကျော်ကီလိုဂရမ်အလေးချိန်ရှိ ရှေးဟောင်းမင်းဆက်ခေတ် ဒင်္ဂါးပြားကို ဆောက်လုပ်ရေးလုပ်သားများက ရှာဖွေတွေ့ရှိခဲ့ပြီး ရှေးဟောင်းတရုတ်ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ပိုင်ဆိုင်မှုလို့ ယုံကြည်ရပါတယ် ။ Baishui County ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ တရုတ်အလုပ်သမားများက ရှေးဟောင်းဒင်္ဂါးပြားများစွာကို တူးဖော်တွေ့ရှိခဲ့ကြောင်း တရုတ်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့ပါတယ် ။

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း Shaanxi ပြည်နယ်၊ Weinan မြို့မှာ ၎င်းရှေးဟောင်းဒင်္ဂါးပြားများက Song မင်းဆက်မှ ဖြစ်တယ်လို့ ရှေးဟောင်းသုတေသနပညာရှင်များက ပြောကြားခဲ့ပါတယ် ။

Baishui ကောင်တီရှေးဟောင်းပစ္စည်းများရုံးမှ ညွှန်ကြားရေးမှူး Zhao Zhangfeng က “ ရဲတွေက နိုဝင်ဘာ ၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တွေ့ရှိချက်တွေကို သတင်းပို့ပြီး ဝိုင်းထားတဲ့နေရာကိုချက်ချင်းရောက်ခဲ့တယ် ။ ” လို့ ဆိုခဲ့ပါတယ် ။

ရှေးဟောင်းသုတေသနပညာရှင်များက ထိုနေရာသို့ ရောက်ရှိလာပြီး ၎င်းဒင်္ဂါးပြားဟာ စုစုပေါင်းအလေးချိန် ၄၆၀ ကီလိုဂရမ်နဲ့ ဒင်္ဂါး ၁၀၀၀၀၀ ခန့် ရှိတယ်လို့ ဆိုပါတယ် ။

အချို့သော ဒင်္ဂါးများကို Tang မင်းဆက် (၆၁၈-၉၀၇) အတွင်း သွန်းလောင်းခဲ့ကြသော်လည်း အများစုမှာ Song မင်းဆက်ဒင်္ဂါးများဖြစ်ပါတယ် ။ ၎င်းဒင်္ဂါပြားတွေကို မည်သူပိုင်မယ်ဆိုတာ မသိရသေးပေမဲ့ ၎င်းရှေးဟောင်းမင်းဆက်ခေတ် ဒင်္ဂါးပြားကို ရှေးဟောင်းတရုတ်ပုဂ္ဂလိကဘဏ်တစ်ခုရဲ့ ပိုင်ဆိုင်မှုလို့ ဆိုကြပါတယ် ။

credit

Zawgyi

သိန္းေထာင္ခ်ီတဲ့ ေရွးေခတ္ ဒဂၤါးျပားမ်ားကို တူးေဖာ္ေတြ႕ရွိခဲ့တဲ့ ေဆာက္လုပ္ေရးလုပ္သားမ်ား

၄၀၀ ေက်ာ္ကီလိုဂရမ္အေလးခ်ိန္ရွိ ေရွးေဟာင္းမင္းဆက္ေခတ္ ဒဂၤါးျပားကို ေဆာက္လုပ္ေရးလုပ္သားမ်ားက ရွာေဖြေတြ႕ရွိခဲ့ၿပီး ေရွးေဟာင္းတ႐ုတ္ပုဂၢလိကဘဏ္တစ္ခုရဲ႕ ပိုင္ဆိုင္မႈလို႔ ယုံၾကည္ရပါတယ္ ။ Baishui County ရွိ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ တ႐ုတ္အလုပ္သမားမ်ားက ေရွးေဟာင္းဒဂၤါးျပားမ်ားစြာကို တူးေဖာ္ေတြ႕ရွိခဲ့ေၾကာင္း တ႐ုတ္ဆင္ဟြာသတင္းဌာနက ေဖာ္ျပခဲ့ပါတယ္ ။

တ႐ုတ္ႏိုင္ငံအေနာက္ေျမာက္ပိုင္း Shaanxi ျပည္နယ္၊ Weinan ၿမိဳ႕မွာ ၎ေရွးေဟာင္းဒဂၤါးျပားမ်ားက Song မင္းဆက္မွ ျဖစ္တယ္လို႔ ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ေျပာၾကားခဲ့ပါတယ္ ။ Baishui ေကာင္တီေရွးေဟာင္းပစၥည္းမ်ား႐ုံးမွ ၫႊန္ၾကားေရးမႉး Zhao Zhangfeng က “ ရဲေတြက ႏိုဝင္ဘာ ၉ ရက္ေန႔ မနက္ ၁၁ နာရီေလာက္မွာ ေတြ႕ရွိခ်က္ေတြကို သတင္းပို႔ၿပီး ဝိုင္းထားတဲ့ေနရာကိုခ်က္ခ်င္းေရာက္ခဲ့တယ္ ။ ” လို႔ ဆိုခဲ့ပါတယ္ ။ေရွးေဟာင္းသုေတသနပညာရွင္မ်ားက ထိုေနရာသို႔ ေရာက္ရွိလာၿပီး ၎ဒဂၤါးျပားဟာ စုစုေပါင္းအေလးခ်ိန္ ၄၆၀ ကီလိုဂရမ္နဲ႔ ဒဂၤါး ၁၀၀၀၀၀ ခန႔္ ရွိတယ္လို႔ ဆိုပါတယ္ ။

အခ်ိဳ႕ေသာ ဒဂၤါးမ်ားကို Tang မင္းဆက္ (၆၁၈-၉၀၇) အတြင္း သြန္းေလာင္းခဲ့ၾကေသာ္လည္း အမ်ားစုမွာ Song မင္းဆက္ဒဂၤါးမ်ားျဖစ္ပါတယ္ ။ ၎ဒဂၤါျပားေတြကို မည္သူပိုင္မယ္ဆိုတာ မသိရေသးေပမဲ့ ၎ေရွးေဟာင္းမင္းဆက္ေခတ္ ဒဂၤါးျပားကို ေရွးေဟာင္းတ႐ုတ္ပုဂၢလိကဘဏ္တစ္ခုရဲ႕ ပိုင္ဆိုင္မႈလို႔ ဆိုၾကပါတယ္ ။

credit