သားကြီးမယားကြီးရှိရဲ့သားနဲ့Facebookပေါ်တတ် ရည်းစားထားနေကြသော ချီးထုပ်များကိုဒဲ့ပြောပါတယ်
သားကြီးမယားကြီးရှိရဲ့သားနဲ့Facebookပေါ်တတ် ရည်းစားထားနေကြသော ချီးထုပ်များကိုဒဲ့ပြောပါတယ်၊ ငါ့များလားမသိဘူးလို့မတွေးပါနဲ့ခင်ဗျားကို ပြောတယ်လို့ပဲ မှတ်ပါ ။
မနက်လင်းတာနဲ့ ဖုန်းကောက်ကိုင် … မောနင်းချစ်
မောနင်းသဲလေး ဘာလုပ်။ အိမ်က မိန်းမ ချက်စရာ ဆန်ရှိရဲ့လားကျ မမေးဘူး။ ညက ကိုကို့ကို အိမ်မက်ထဲ ထည့်မက်ရဲ့လားလုပ် ။ အိမ်က မိန်းမညက ကလေးဂျီလို့တစ်ညလုံး မအိပ်လိုက် ရတာကျ မသနားဘူး
ချစ်ကလေး နေမကောင်းဘူးလား ဘာစားထားလဲ …
ဆေးကောသောက်ပြီးပြီလား မသက်သာရင် ဆေးခန်း လိုက်ပြပေး မယ်နော် ဘာမှ စိတ်မပူနဲ့ ကိုကိုရှိတယ်။
အိမ်က မိန်းမနေမကောင် းဖြစ်လို့ ဆေးသောက် ပီးပီလား မေးဖော် မရဘူး သက်သာလား နည်းနည်းလေးမှမေးဖော်မရဘူး။
အားတာနဲ့ဖုန်းကောက်ကိုင်။ Screen ကြီးကြည့် မျက်ခွပ်က စပ်ဖြီးဖြီး ပြီတီတီဖြစ်။ အာဘွားမွမွ ပလွတ်ပလွတ် ပလပ်ပလပ်တွေ အရမ်းချစ်တယ် မခွဲချင် ဘူးတွေ့ချင်တယ် ရူးတော့မှာ ပဲတွေလုပ်။
ဒင်းတို့ မျိုဖို့ဆို့ဖို့ ချက်ပြုတ်လျှော်ဖွတ်နေ ရတဲ့ မိန်းမကျတော့မေနေလား တစ်ခွန်း မမေးဘူး။
Facebook ပေါ်က ကောင်မ Photo ကို အသည်းပုံတွေ ဘာတွေ ထည့် Couple Photo လုပ်။ အေးအတူပူအမျှနေပေး ခဲ့တဲ့ မိန်းမ ဓာတ်ပုံကျတော့ ဖုန်းထဲတောင် ထည့် မထားဘူး
ခင်ဗျားတို့ ကိုယ့်ဘာသ ာကိုယ် သိပ်လည် လှပြီ မှတ်မနေနဲ့။
အခုခေတ် မိန်းကလေးတွေ Facebook ပေါ်က တချို့တချို့သော မိန်းကလေးတွေက လေပဲ ရှိတာ။
တကယ် ပျက်စီး ရမှာက ခင်ဗျားတို့ မိသားစု ဘဝ။
အရေးဟယ် အကြောင်းဟယ် ဆို ခင်ဗျားမိန်းမ ကပဲ ခင်ဗျားဘေး ရှိနေမှာ။ ဟိုကောင်မလေးတွေကရှောင် ထွက်သွားကြ မှာ။
ငါတို့က ယောက်ကျာ်းလေးတွေပဲ ဗိုက်မကြီး ပါဘူး အရှုံ းမရှိပါဘူး ရရင်တော့ ယူမှာပဲ ဆိုတဲ့ စကား အလွယ် မပြောနဲ့။ ခင်ဗျားတို့ သား ခင်ဗျားတို့ သမီး ဖေဖေလို့ လေးလေးစားစားခေါ်နိုင် ဖို့ရာ ခင်ဗျားတို့ကလည်း လေးစားထိုက်အောင်နေ ရတယ်ဗျ
ခဏတာစိတ်သာယာမူကို မလိုချင်ကြ ပါနဲ့ … ။ ဖခင်ကောင်းဖခင်မြတ်တွေ ဖြစ်နိုင်ကြ ပါစေလို့ … ။
လေးစားစွာဖြင့် ပေသီး။
credit to Kurneair Zion
Zawgyi
လေးစားစွာဖြင့် ပေသီး။