Zawgyi
လုပ္ရက္လိုက္ၾကတာဗ်ာ.. ေဖာ္ေ႐ြျပဴငွာတတ္တဲ့ ဓမၼစကူးလ္ ဆရာမေလးကိုမွ ရက္ရက္စက္စက္ဗ်ာ..
သူလိုလူမ်ိဳးမွ လုပ္ရက္ၾကတယ္ ရက္စက္မႈေတြကမ္းကုန္ၿပီး လူစိတ္ကင္းမဲ့ကုန္ၾကၿပီလား …ဓမၼစကူးလ္မိသားစုဝင္မ်ားနဲ႔ ပညာေရးမိသားစုမ်ား သိရွိၾကေစရန္ အတြက္
မေန႔ညေနပိုင္းေလာက္က ပိုးစာကုန္း႐ြာႏွင့္မန္ေမာ္ ႐ြာၾကား လမ္းမႀကီးနံေဘးမွာအသတ္ခံလိုက္ရတာပါျပဳက်င့္သတ္ျဖတ္ခံရသည္ဟုထင္ရပါသည္။ည ၉နာရီေလာက္မွ ဆရာမေလးအေလာင္းကိုျပန္ရွာ ေတြ႕ပါသည္။ လက္ဝတ္ပစၥည္းမ်ားတစ္ခုမွယူမသြားပဲ

ဆရာမေလးကို အၿငိဳးႀကီးစြာ သတ္ျဖတ္သြားသည္ဟု ထင္ျမင္ယူဆရပါသည္ခင္ဗ်ာ။ယမန္ေန႔တြင္လုပ္ႀကံသတ္ျဖတ္ခံရေသာ သီရိရာဇာဓမၼစကူးလ္ဆရာေလး အ.လ.က (မန္ေမာ္)တြင္တာဝန္ထမ္းေဆာင္ေနတဲ့ ဆရာမေလးပါ။
ေဖာင္းျပင္ၿမိဳ႕နဲ႔ မန္ေမာ္ေက်း႐ြာ မိုင္တိုင္အကြာအေဝး ေလး မိုင္ခန႔္ကြာေဝးပါတယ္။ ေဖာင္းျပင္ၿမိဳ႕မွ လာေရာက္မည့္ လုပ္ေဖာ္ကိုင္ဖက္ဆရာမတစ္ဦးအားဆိုင္ကယ္ ျဖင့္သြားေရာက္ ႀကိဳဆိုရန္အတြက္ ႐ြာမွညေန ၃ နာရီခြဲခန႔္ ေနအိမ္မွထြက္ခြာအသြား လမ္းခုလပ္မွာ မသမာသူ ေတြရဲ႕ လုပ္ႀကံသတ္ျဖတ္ျခင္း ခံလိုက္ရျခင္းပါ။
ဆရာမေလး၏႐ုပ္အေလာင္းကို ည ၉ နာရီခြဲေလာက္မွပဲ ရွာေဖြေတြ႕ရွိရတာျဖစ္ပါတယ္။အမႈအခင္းနဲ႔ပတ္သက္ ေသာ သဲလြန္စမ်ားကိုအေျခခံၿပီး ၿမိဳ႕နယ္စခန္းမႈး နဲ႔ ပိုးစာကုန္း မန္ေမာ္ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉမ်ားပူးေပါင္းၿပီး

အမႈမွန္ေပၚေပါက္ေရးအတြက္ အမႈဖြင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း အသိေပးအေၾကာင္းၾကားသိေစအပ္အပ္ပါသည္။ အမႈအခင္းနဲ႔ပတ္သက္၍ ထူးျခားသတင္းမ်ားအား ထပ္မံ သိရွိရပါကေဖာ္ျပေပးပါမည္။
ဓါတ္ပုံ – သီရိရာဇာဓမၼစကူလ္း
Unicode
လုပ်ရက်လိုက်ကြတာဗျာ.. ဖော်ရွေပြူငှာတတ်တဲ့ ဓမ္မစကူးလ် ဆရာမလေးကိုမှ ရက်ရက်စက်စက်ဗျာ..
သူလိုလူမျိုးမှ လုပ်ရက်ကြတယ် ရက်စက်မှုတွေကမ်းကုန်ပြီး လူစိတ်ကင်းမဲ့ကုန်ကြပြီလား …ဓမ္မစကူးလ်မိသားစုဝင်များနဲ့ ပညာရေးမိသားစုများ သိရှိကြစေရန် အတွက်
မနေ့ညနေပိုင်းလောက်က ပိုးစာကုန်းရွာနှင့်မန်မော် ရွာကြား လမ်းမကြီးနံဘေးမှာအသတ်ခံလိုက်ရတာပါပြုကျင့်သတ်ဖြတ်ခံရသည်ဟုထင်ရပါသည်။ည ၉နာရီလောက်မှ ဆရာမလေးအလောင်းကိုပြန်ရှာ တွေ့ပါသည်။ လက်ဝတ်ပစ္စည်းများတစ်ခုမှယူမသွားပဲ
ဆရာမလေးကို အငြိုးကြီးစွာ သတ်ဖြတ်သွားသည်ဟု ထင်မြင်ယူဆရပါသည်ခင်ဗျာ။ယမန်နေ့တွင်လုပ်ကြံသတ်ဖြတ်ခံရသော သီရိရာဇာဓမ္မစကူးလ်ဆရာလေး အ.လ.က (မန်မော်)တွင်တာဝန်ထမ်းဆောင်နေတဲ့ ဆရာမလေးပါ။
ဖောင်းပြင်မြို့နဲ့ မန်မော်ကျေးရွာ မိုင်တိုင်အကွာအဝေး လေး မိုင်ခန့်ကွာဝေးပါတယ်။ ဖောင်းပြင်မြို့မှ လာရောက်မည့် လုပ်ဖော်ကိုင်ဖက်ဆရာမတစ်ဦးအားဆိုင်ကယ် ဖြင့်သွားရောက် ကြိုဆိုရန်အတွက် ရွာမှညနေ ၃ နာရီခွဲခန့် နေအိမ်မှထွက်ခွာအသွား လမ်းခုလပ်မှာ မသမာသူ တွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံလိုက်ရခြင်းပါ။
ဆရာမလေး၏ရုပ်အလောင်းကို ည ၉ နာရီခွဲလောက်မှပဲ ရှာဖွေတွေ့ရှိရတာဖြစ်ပါတယ်။အမှုအခင်းနဲ့ပတ်သက် သော သဲလွန်စများကိုအခြေခံပြီး မြို့နယ်စခန်းမှုး နဲ့ ပိုးစာကုန်း မန်မော် ကျေးရွာအုပ်ချုပ်ရေးမှူများပူးပေါင်းပြီး
အမှုမှန်ပေါ်ပေါက်ရေးအတွက် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးအကြောင်းကြားသိစေအပ်အပ်ပါသည်။ အမှုအခင်းနဲ့ပတ်သက်၍ ထူးခြားသတင်းများအား ထပ်မံ သိရှိရပါကဖော်ပြပေးပါမည်။
ဓါတ်ပုံ – သီရိရာဇာဓမ္မစကူလ်း



