အချိန် နှစ်လအတွင်း ဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် ၇၀၀ ကျပ်ခန့် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ပြည်ပတွင် စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၁၅၀၀ နီးပါးအထိမြင့်တက်လာကြောင်းသိရပါတယ်။
ပြည်ပက တင်သွင်းတဲ့ စားသုံးဆီ ဈေးနှုန်းတွေမြင့်တက်နေတာကြောင့် ဈေးဆိုင်ငယ်အချို့ရပ်နားထားရတယ်လို့ အခြေခံ စားသောက်ကုန် ရောင်းချသူတွေကပြောပါတယ်။
အခုလို ဆိုင်ငယ်တွေပိတ်လိုက်တာဟာ အခြားဆက်စပ် လုပ်ငန်းတွေကို ထိခိုက်ခဲ့ရသလို စားသုံးသူတွေကိုလည်း ထိခိုက်နေတယ်လို့လည်း ဆိုင်ငယ် ပိုင်ရှင်အချို့က ပြောပါတယ်။ ဆိုင်တွေပိတ်ရတာကြောင့် နေထိုင်ရေးစာရိတ်တွေ အတွက် အခြားအလုပ်ကိုင်တွေ လုပ်ကိုင်ပြီး ဖြေရှင်းနေ တယ်လို့ ဆိုင်ငယ်ပိုင်ရှင်တွေက ပြောပါတယ်။
ပြည်ပက တင်သွင်းတဲ့ စားဆီးဈေးနှုန်းတွေဟာ ပြီးခဲတဲ့ ၂၀၂၀ ခုနှစ်က တစ်ပိဿာကို ကျပ် ၂၀၀၀ ဝန်းကျင်၊ ၂၀၂၁ မတ်လမှာ ကျပ်၃၀၀၀ နဲ့ စက်တင်ဘာမှာ ကျပ် ၄၀၀၀ အထိ တရိပ်ရိပ်တက်လာခဲ့တာလို့ စားဆီရောင်းချ သူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ လအတွင်း ကျပ် ၅၀၀၀ နီးပါးအထိ ဖြစ်လာခဲ့ရာကနေ လက်ရှိ ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ ကျပ် ၆၀၀၀ ကျော်အထိ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ပြင်ပဈေးကွက်ရှိ လက်ရှိပေါက်ဈေးမှာတင်ပို့သည့် နိုင်ငံနှင့်ဆီအမျိုးအစားအလိုက် တစ်ပိဿာလျှင် ၆၃၀၀ ကျပ်မှ ၇၅၀၀ ကျပ်ဈေးအထိရောင်းချကြောင်း ဈေးကွက်အတွင်း သိရပါတယ်။ ဈေးကွက်အတွင်း ရောင်းချရာတွင်လည်း တဦးလျှင် တပိဿာနှုန်းထားကဲ့သို့ ကန့်သတ်ပြီး ရောင်းချနေကြတယ်လို့ သိရပါတယ်။
ထိုသို့ ဈေးနှုန်းမြင့်မားလာရခြင်းမှာ တင်ပို့သည့်နိုင်ငံမှ မူရင်းဈေးနှုန်းမြင့်မားလာခြင်းအပြင် ရန်ကုန်ဆိပ်ကမ်းအရောက် တင်ပို့ဈေးနှုန်းများမြင့်မားလာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရသိရပါတယ်။
နိုင်ငံတကာ အခြေအနေတွေမှာလည်း ယူကရိန်းကို ရုရှား က ဝင်ရောက် တိုက်ခိုက်ခြင်းကြောင့် နေကြာဆီ ထုတ်လုပ်နိုင်တဲ့ ပမာဏ လျော့ကျသွားလို့ မတ်လ ၁ ရက် အင်္ဂ်ါနေ့မှာ စားအုန်းဆီ ဝယ်လိုအား မြင့်တက်ပြီး ဈေးတွေ စံချိန်သစ် တင်သွားပပါတယ်။
ယူကရိန်းက နေကြာဆီ ကမ္ဘာ့အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်ပြီး ကမ္ဘာ့အများဆုံး တင်ပို့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကမ္ဘာ့နေကြာဆီ တင်ပို့မှုမှာ ဈေးကွက်ဝေစု ၄၇% က ယူကရိန်းမှ တင်ပို့တာ ဖြစ်ပါတယ်။
ကမ္ဘာ့နေကြာဆီတင်ပို့မှုရဲ့ ၂၉.၉% ကို ရုရှားက တင်ပို့ပါတယ်။ ၂၀၂၀ နှင့် ၂၀၂၁ တို့မှာ ရုရှားနှင့် ယူကရိန်း ၂ နိုင်ငံ စုစုပေါင်းတင်ပို့မှုက ကမ္ဘာ့နေကြာဆီတင်ပို့မှုရဲ့ ၇၀% ကျော်မှာ ရှိခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်ဆီအမျိုးမျိုးမှာ နေကြာဆီက ကမ္ဘာ့တတိယအများဆုံး ရောင်းဝယ်တဲ့ဆီ ဖြစ်ပြီး စားအုန်းဆီက ပထမ၊ ပဲပုပ်ဆီက ဒုတိယ အများဆုံး ဖြစ်ပါတယ်။
ယခု အချိန်တွင် နေကြာဆီ အများဆုံး ထုတ်လုပ်တဲ့ နှစ်နိုင်ငံ စစ်ဖြစ်နေတာကြောင့် နိုင်ငံခြားသို့ တင်ပို့မှု လျော့နည်းသွားမှာ ဖြစ်ပါတယ်။ နေကြာဆီ မရတော့တဲ့ လစ်ဟာချက်ကို စားအုန်းဆီနှင့် ပဲပုပ်ဆီတို့ဖြင့် ယာယီအစားထိုးဖို့ အတွက် အများအပြား ဝယ်ယူနေကြတာ ဖြစ်ပါတယ်။
ရုရှားက ကမ္ဘာ့ ဓာတ်မြေဩဇာ တင်ပို့မှုမှာ ဓာတ်မြေဩဇာအကြမ်း ၁၃% ၊ ဓာတ်မြေဩဇာ အပြီးသတ်အချော ၁၆% တင်ပို့နေတဲ့ နိုင်ငံဖြစ်တာကြောင့် စိုက်ခင်းသမားများအနေဖြင့် ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်ခြင်း အပါအဝင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာတာကို ၂၀၂၂ ဒုတိယနှစ်ဝက်မှာ ကြုံရဖွယ် ရှိတယ်လို့ ဆိုပါတယ်။
ညောင်ဦး ကမ်းပါးပြိုတာ စမ္ပနဂိုရ်က နွားမ ပေါင်ကျိုးဆိုသလို ပြည်တွင်းစားသုံးဆီ ထုတ်လုပ်မှု မလုံလောက်လို့ ပြည်ပက တင်သွင်းနေရတဲ့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတကာဈေးကွက်ရဲ့ ရိုက်ခတ်မှုကြောင့် စားသုံးဆီဈေးများ ပိုမိုမြင့်တက်လာတော့မှာ ဖြစ်ပါတယ်။
ကျပ်ငွေတန်ဖိုး လျော့နည်းလာခြင်း၊ စီးပွားရေး နလံမထူနိုင်ခြင်းနဲ့ နိုင်ငံရေး မတည်ငြိမ်ခြင်းများကြောင့် ပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုနဲ့ ကြုံတွေနေရချိန်မှာ နောက်ထပ် သောက လှိုင်းလုံး တလုံး ရိုက်ခတ်လာဦးမယ်ဆိုတဲ့ အကြောင်းကို ဖော်ပြ လိုက်ရပါတယ်။
Crd
zawgyi
အခ်ိန္ ႏွစ္လအတြင္း ဆီေဈးႏႈန္းမွာ တစ္ပိႆာလွ်င္ ၇၀၀ က်ပ္ခန႔္ ေဈးႏႈန္းျမင့္တက္ခဲ့ၿပီး ျပည္ပတြင္ စားအုန္းဆီတစ္ပိႆာလွ်င္ ေငြက်ပ္ ၁၅၀၀ နီးပါးအထိျမင့္တက္လာေၾကာင္းသိရပါတယ္။
ျပည္ပက တင္သြင္းတဲ့ စားသုံးဆီ ေဈးႏႈန္းေတြျမင့္တက္ေနတာေၾကာင့္ ေဈးဆိုင္ငယ္အခ်ိဳ႕ရပ္နားထားရတယ္လို႔ အေျခခံ စားေသာက္ကုန္ ေရာင္းခ်သူေတြကေျပာပါတယ္။
အခုလို ဆိုင္ငယ္ေတြပိတ္လိုက္တာဟာ အျခားဆက္စပ္ လုပ္ငန္းေတြကို ထိခိုက္ခဲ့ရသလို စားသုံးသူေတြကိုလည္း ထိခိုက္ေနတယ္လို႔လည္း ဆိုင္ငယ္ ပိုင္ရွင္အခ်ိဳ႕က ေျပာပါတယ္။ ဆိုင္ေတြပိတ္ရတာေၾကာင့္ ေနထိုင္ေရးစာရိတ္ေတြ အတြက္ အျခားအလုပ္ကိုင္ေတြ လုပ္ကိုင္ၿပီး ေျဖရွင္းေန တယ္လို႔ ဆိုင္ငယ္ပိုင္ရွင္ေတြက ေျပာပါတယ္။
ျပည္ပက တင္သြင္းတဲ့ စားဆီးေဈးႏႈန္းေတြဟာ ၿပီးခဲတဲ့ ၂၀၂၀ ခုႏွစ္က တစ္ပိႆာကို က်ပ္ ၂၀၀၀ ဝန္းက်င္၊ ၂၀၂၁ မတ္လမွာ က်ပ္၃၀၀၀ နဲ႔ စက္တင္ဘာမွာ က်ပ္ ၄၀၀၀ အထိ တရိပ္ရိပ္တက္လာခဲ့တာလို႔ စားဆီေရာင္းခ် သူေတြက ေျပာပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီ လအတြင္း က်ပ္ ၅၀၀၀ နီးပါးအထိ ျဖစ္လာခဲ့ရာကေန လက္ရွိ ေဖေဖာ္ဝါရီလကုန္ပိုင္းမွာေတာ့ က်ပ္ ၆၀၀၀ ေက်ာ္အထိ ျဖစ္ေပၚေနတာ ျဖစ္ပါတယ္။
ျပင္ပေဈးကြက္ရွိ လက္ရွိေပါက္ေဈးမွာတင္ပို႔သည့္ ႏိုင္ငံႏွင့္ဆီအမ်ိဳးအစားအလိုက္ တစ္ပိႆာလွ်င္ ၆၃၀၀ က်ပ္မွ ၇၅၀၀ က်ပ္ေဈးအထိေရာင္းခ်ေၾကာင္း ေဈးကြက္အတြင္း သိရပါတယ္။ ေဈးကြက္အတြင္း ေရာင္းခ်ရာတြင္လည္း တဦးလွ်င္ တပိႆာႏႈန္းထားကဲ့သို႔ ကန႔္သတ္ၿပီး ေရာင္းခ်ေနၾကတယ္လို႔ သိရပါတယ္။
ထိုသို႔ ေဈးႏႈန္းျမင့္မားလာရျခင္းမွာ တင္ပို႔သည့္ႏိုင္ငံမွ မူရင္းေဈးႏႈန္းျမင့္မားလာျခင္းအျပင္ ရန္ကုန္ဆိပ္ကမ္းအေရာက္ တင္ပို႔ေဈးႏႈန္းမ်ားျမင့္မားလာျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ားအသင္း၏ ထုတ္ျပန္ခ်က္အရသိရပါတယ္။
ႏိုင္ငံတကာ အေျခအေနေတြမွာလည္း ယူကရိန္းကို ႐ုရွား က ဝင္ေရာက္ တိုက္ခိုက္ျခင္းေၾကာင့္ ေနၾကာဆီ ထုတ္လုပ္ႏိုင္တဲ့ ပမာဏ ေလ်ာ့က်သြားလို႔ မတ္လ ၁ ရက္ အဂၤ္ါေန႔မွာ စားအုန္းဆီ ဝယ္လိုအား ျမင့္တက္ၿပီး ေဈးေတြ စံခ်ိန္သစ္ တင္သြားပပါတယ္။
ယူကရိန္းက ေနၾကာဆီ ကမာၻ႔အမ်ားဆုံး ထုတ္လုပ္တဲ့ ႏိုင္ငံ ျဖစ္ၿပီး ကမာၻ႔အမ်ားဆုံး တင္ပို႔တဲ့ ႏိုင္ငံလည္း ျဖစ္ပါတယ္။ ကမာၻ႔ေနၾကာဆီ တင္ပို႔မႈမွာ ေဈးကြက္ေဝစု ၄၇% က ယူကရိန္းမွ တင္ပို႔တာ ျဖစ္ပါတယ္။
ကမာၻ႔ေနၾကာဆီတင္ပို႔မႈရဲ႕ ၂၉.၉% ကို ႐ုရွားက တင္ပို႔ပါတယ္။ ၂၀၂၀ ႏွင့္ ၂၀၂၁ တို႔မွာ ႐ုရွားႏွင့္ ယူကရိန္း ၂ ႏိုင္ငံ စုစုေပါင္းတင္ပို႔မႈက ကမာၻ႔ေနၾကာဆီတင္ပို႔မႈရဲ႕ ၇၀% ေက်ာ္မွာ ရွိခဲ့ပါတယ္။ ဟင္းသီးဟင္း႐ြက္ဆီအမ်ိဳးမ်ိဳးမွာ ေနၾကာဆီက ကမာၻ႔တတိယအမ်ားဆုံး ေရာင္းဝယ္တဲ့ဆီ ျဖစ္ၿပီး စားအုန္းဆီက ပထမ၊ ပဲပုပ္ဆီက ဒုတိယ အမ်ားဆုံး ျဖစ္ပါတယ္။
ယခု အခ်ိန္တြင္ ေနၾကာဆီ အမ်ားဆုံး ထုတ္လုပ္တဲ့ ႏွစ္ႏိုင္ငံ စစ္ျဖစ္ေနတာေၾကာင့္ ႏိုင္ငံျခားသို႔ တင္ပို႔မႈ ေလ်ာ့နည္းသြားမွာ ျဖစ္ပါတယ္။ ေနၾကာဆီ မရေတာ့တဲ့ လစ္ဟာခ်က္ကို စားအုန္းဆီႏွင့္ ပဲပုပ္ဆီတို႔ျဖင့္ ယာယီအစားထိုးဖို႔ အတြက္ အမ်ားအျပား ဝယ္ယူေနၾကတာ ျဖစ္ပါတယ္။
႐ုရွားက ကမာၻ႔ ဓာတ္ေျမဩဇာ တင္ပို႔မႈမွာ ဓာတ္ေျမဩဇာအၾကမ္း ၁၃% ၊ ဓာတ္ေျမဩဇာ အၿပီးသတ္အေခ်ာ ၁၆% တင္ပို႔ေနတဲ့ ႏိုင္ငံျဖစ္တာေၾကာင့္ စိုက္ခင္းသမားမ်ားအေနျဖင့္ ဓာတ္ေျမဩဇာ ေဈးႏႈန္းမ်ား ျမင့္တက္ျခင္း အပါအဝင္ ထုတ္လုပ္မႈ ကုန္က်စရိတ္မ်ား ျမင့္တက္လာတာကို ၂၀၂၂ ဒုတိယႏွစ္ဝက္မွာ ႀကဳံရဖြယ္ ရွိတယ္လို႔ ဆိုပါတယ္။
ေညာင္ဦး ကမ္းပါးၿပိဳတာ စမၸနဂိုရ္က ႏြားမ ေပါင္က်ိဳးဆိုသလို ျပည္တြင္းစားသုံးဆီ ထုတ္လုပ္မႈ မလုံေလာက္လို႔ ျပည္ပက တင္သြင္းေနရတဲ့ ျမန္မာႏိုင္ငံမွာလည္း ႏိုင္ငံတကာေဈးကြက္ရဲ႕ ႐ိုက္ခတ္မႈေၾကာင့္ စားသုံးဆီေဈးမ်ား ပိုမိုျမင့္တက္လာေတာ့မွာ ျဖစ္ပါတယ္။
က်ပ္ေငြတန္ဖိုး ေလ်ာ့နည္းလာျခင္း၊ စီးပြားေရး နလံမထူႏိုင္ျခင္းနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္ျခင္းမ်ားေၾကာင့္ ျပည္သူမ်ား ကုန္ေဈးႏႈန္းႀကီးျမင့္မႈနဲ႔ ႀကဳံေတြေနရခ်ိန္မွာ ေနာက္ထပ္ ေသာက လႈိင္းလုံး တလုံး ႐ိုက္ခတ္လာဦးမယ္ဆိုတဲ့ အေၾကာင္းကို ေဖာ္ျပ လိုက္ရပါတယ္။
Crd