ၾကားသိရသမွ်

မြို့မတူရိယာအသင်း စစ်ကောင်စီအတွက်ဖျော်ဖြေမယ်လို့ သတင်းတွေထွက်

မန္တလေးမြို့က နာမည်ကျော် မြို့မတူရိယာအသင်းဟာ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုကို မလွန်ဆန်နိုင်လို့ စစ်တပ်အတွင်းက ခန်းမတခုဖွင့်ပွဲအတွက် ဖျော်ဖြေဖို့ လက်ခံခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့မအသင်းနဲ့ နီးစပ်သူတဦးက RFA ကို အတည်ပြုချက်ပေးပါတယ်။

မန္တလေးမြို့ ၃၈လမ်းနဲ့ ၇၈လမ်းထောင့်မှာရှိတဲ့ မျက်ပါးရပ် စစ်တပ်ဝင်းအတွင်း ရတနာပုံခန်းမ ဖွင့်ပွဲကို အခုရက်ပိုင်းမှာ ကျင်းပဖို့ရှိပြီး အဲဒီဖွင့်ပွဲမှာ မြို့မတူရိယာကို ဖျော်ဖြေပေးဖို့ မန္တလေးတိုင်း စစ်ကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက မြို့မအသင်းဥက္ကဋ္ဌကို တယ်လီဖုန်းနဲ့ဆက်ပြီး ဖိအားပေးသလို

မဖျော်ဖြေရင် မြို့မအသင်းကို အရေးယူမယ်ဆိုပြီး မန္တလေးတိုင်းစစ်ကောင်စီရဲ့အကြံပေး ဦးကျော်ဝင်းကလည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလိုအကြပ်ကိုင် ခြိမ်းခြောက်ဖိအားပေးမှုတွေကြောင့် မြို့မအသင်းခေါင်းဆောင်တွေက ဖျော်ဖြေပေးဖို့ လက်ခံလိုက်ပေမယ့် မြို့မအသင်းဝင် တော်တော်များများကတော့ လက်မခံဘဲ ကန့်ကွက်ကြတယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေကို အသေးစိတ်သိနိုင်ဖို့ မြို့မအသင်းခေါင်းဆောင်တွေဆီကို RFA က ဆက်သွယ်ခဲ့ပေမယ့်လည်း အကြောင်းမပြန်ပါဘူး။

မြို့မအသင်း စစ်ကောင်စီကို ဖျော်ဖြေမယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေတာကြောင့် အထူးသဖြင့် မြို့မရဲ့ အမာခံပရိတ်သတ်တွေဖြစ်တဲ့ မန္တလေးဒေသခံတွေ အတွင်းမှာတော့ ဝေဖန်မှုတွေ ရှိနေပါတယ်။

မြို့မတူရိယာအသင်းဟာ ပြီးခဲ့တဲ့ သင်္ကြန်မှာကာလအတွင်း ဖျော်ဖြေပေးဖို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့ပေမယ့် လက်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။

– Unicode

မႏၲေလးၿမိဳ႕က နာမည္ေက်ာ္ ၿမိဳ႕မတူရိယာအသင္းဟာ စစ္ေကာင္စီရဲ့ ၿခိမ္းေျခာက္မွုကို မလြန္ဆန္နိုင္လို႔ စစ္တပ္အတြင္းက ခန္းမတခုဖြင့္ပြဲအတြက္ ေဖ်ာ္ေျဖဖို႔ လက္ခံခဲ့ရတယ္လို႔ လုံျခဳံေရးအရ အမည္မေဖာ္လိုတဲ့ ၿမိဳ႕မအသင္းနဲ႔ နီးစပ္သူတဦးက RFA ကို အတည္ျပဳခ်က္ေပးပါတယ္။

မႏၲေလးၿမိဳ႕ ၃၈လမ္းနဲ႔ ၇၈လမ္းေထာင့္မွာရွိတဲ့ မ်က္ပါးရပ္ စစ္တပ္ဝင္းအတြင္း ရတနာပုံခန္းမ ဖြင့္ပြဲကို အခုရက္ပိုင္းမွာ က်င္းပဖို႔ရွိၿပီး အဲဒီဖြင့္ပြဲမွာ ၿမိဳ႕မတူရိယာကို ေဖ်ာ္ေျဖေပးဖို႔ မႏၲေလးတိုင္း စစ္ေကာင္စီဥကၠ႒ ဦးေမာင္ကိုက ၿမိဳ႕မအသင္းဥကၠ႒ကို တယ္လီဖုန္းနဲ႔ဆက္ၿပီး ဖိအားေပးသလို မေဖ်ာ္ေျဖရင္ ၿမိဳ႕မအသင္းကို အေရးယူမယ္ဆိုၿပီး မႏၲေလးတိုင္းစစ္ေကာင္စီရဲ့အႀကံေပး ဦးေက်ာ္ဝင္းကလည္း ၿခိမ္းေျခာက္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒီလိုအၾကပ္ကိုင္ ၿခိမ္းေျခာက္ဖိအားေပးမွုေတြေၾကာင့္ ၿမိဳ႕မအသင္းေခါင္းေဆာင္ေတြက ေဖ်ာ္ေျဖေပးဖို႔ လက္ခံလိုက္ေပမယ့္ ၿမိဳ႕မအသင္းဝင္ ေတာ္ေတာ္မ်ားမ်ားကေတာ့ လက္မခံဘဲ ကန႔္ကြက္ၾကတယ္လို႔ ဆိုပါတယ္။ ဒီအေျခအေနေတြကို အေသးစိတ္သိနိုင္ဖို႔ ၿမိဳ႕မအသင္းေခါင္းေဆာင္ေတြဆီကို RFA က ဆက္သြယ္ခဲ့ေပမယ့္လည္း အေၾကာင္းမျပန္ပါဘူး။

ၿမိဳ႕မအသင္း စစ္ေကာင္စီကို ေဖ်ာ္ေျဖမယ္ဆိုတဲ့သတင္းေတြ လူမွုကြန္ရက္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ ပ်ံ႕ႏွံ့ေနတာေၾကာင့္ အထူးသျဖင့္ ၿမိဳ႕မရဲ့ အမာခံပရိတ္သတ္ေတြျဖစ္တဲ့ မႏၲေလးေဒသခံေတြ အတြင္းမွာေတာ့ ေဝဖန္မွုေတြ ရွိေနပါတယ္။
ၿမိဳ႕မတူရိယာအသင္းဟာ ၿပီးခဲ့တဲ့ သၾကၤန္မွာကာလအတြင္း ေဖ်ာ္ေျဖေပးဖို႔ စစ္ေကာင္စီက ကမ္းလွမ္းခဲ့ေပမယ့္ လက္မခံဘဲ ျငင္းဆန္ခဲ့ပါတယ္။

ဓာတ်ပုံ – မြို့မတူရိယာအသင်း-မန္တလေး