ေရွ႕တန္းမွာ သေဘၤာသီးစားၿပီး တိုက္ပြဲဝင္ေနတဲ့ PRA(႐ုပ္/သံ)
ဧရာဝတီတိုင္းမ္
ဒီဇင္ဘာ ၂၀ ရက္
ေရွ႕တန္းက ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္-PRA မွ ရဲေဘာ္မ်ားထံသို႔ ေနာက္တန္းမွ ရိကၡာမပို႔ႏိုင္ေသာေၾကာင့္ မနက္စာနဲ႔ ေန႔လည္စာကို သေဘၤာသီးမ်ားစားကာ ဝမ္းဝေအာင္ေျဖရွင္းခဲ့ရတယ္လို႔ PRA ကဆိုပါတယ္။
“ေရွ႕တန္းမွာ တိုက္ပြဲျပင္းထန္ေနလို႔ ေနာက္တန္းက ရိကၡာမပို႔ႏိုင္ေပမယ္လည္း ေတာထဲက သေဘာသီး ကိုစားရင္း မနက္စာ/ေန႔လည္စာကို အန္တုႏိုင္ခဲ့ၾကတယ္”လို႔ ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္ – PRA က ၎တို႔ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာမွ တဆင့္ ေရးသားေဖာ္ျပထားပါတယ္။
ျပည္သူ႔ေတာ္လွန္ေရးတပ္မေတာ္-PRA မွာ ဒီဇင္ဘာလ ၁၅ ရက္ေန႔မွ ၁၈ ရက္ေန႔အထိ ၄ရက္အတြင္း စစ္ေကာင္စီတပ္ကို မိုင္းဆြဲတိုက္ခိုက္မႈ ၄ႀကိမ္၊တိုက္ပြဲ ၁၀ ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္မွ ၅၄ ဦး ေသဆုံးခဲ့ကာ အမ်ားအျပား ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း PRA ၏ ထုတ္ျပန္ခ်က္မ်ားအရ သိရပါတယ္။
႐ုပ္သံ – PRA
ရှေ့တန်းမှာ သင်္ဘောသီးစားပြီး တိုက်ပွဲဝင်နေတဲ့ PRA(ရုပ်/သံ)
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၀ ရက်
ရှေ့တန်းက ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှ ရဲဘော်များထံသို့ နောက်တန်းမှ ရိက္ခာမပို့နိုင်သောကြောင့် မနက်စာနဲ့ နေ့လည်စာကို သင်္ဘောသီးများစားကာ ဝမ်းဝအောင်ဖြေရှင်းခဲ့ရတယ်လို့ PRA ကဆိုပါတယ်။
“ရှေ့တန်းမှာ တိုက်ပွဲပြင်းထန်နေလို့ နောက်တန်းက ရိက္ခာမပို့နိုင်ပေမယ်လည်း တောထဲက သဘောသီး ကိုစားရင်း မနက်စာ/နေ့လည်စာကို အန်တုနိုင်ခဲ့ကြတယ်”လို့ ပြည်သူ့တော်လှန်ရေးတပ်မတော် – PRA က ၎င်းတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ရေးသားဖော်ပြထားပါတယ်။
ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၄ရက်အတွင်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ၄ကြိမ်၊တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၅၄ ဦး သေဆုံးခဲ့ကာ အများအပြား ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း PRA ၏ ထုတ်ပြန်ချက်များအရ သိရပါတယ်။
ရုပ်သံ – PRA