ရန်ကုန်၊ ဗိုလ်တထောင်တွင် အသက် ၁၉ နှစ်အရွယ် မောင်ဘုန်းမြင့်အောင်ကို စစ်တပ်က ဖမ်းဆီးပြီး စစ်ကြောရေးတွင် သတ်ဖြတ်
၂၂.၁၁.၂၁ မှာ ၅၄ လမ်းနေ ဦးထင်ဝင်းနဲ့သား ဖြစ်သူ ဘုန်းမြင့်အောင် ၁၉နှစ်ကို စစ်ကား ၃စီး နဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါသည်။
ည၁၂နာရီမှာ အဖေကိုပြန်လွှတ်ပေးပြီး နောက်တနေ့ နေ့လည်မှာတော့ စစ်တပ်က ဖခင်ကို သားဖြစ်တဲ့ ဘုန်းမြင့် အောင်ကွယ်လွန်သွားကြောင်း လာပြောသွားပါသည်။
နောက်ဆုံးထွက်သက်ထိ မေးသမျှကို ဘူးခံ အသက်ပေးသွားတဲ့ ကိုယ်ကြီးပြင်းခဲ့တဲ့ လမ်းကလေးထဲက သူရဲကောင်းလေးကို အဝေးကနေ ဝမ်းနည်းစိတ်မကောင်းစွာ ဦးညွတ်လိုက်ပါတယ်။
မိဘတွေရဲ့ရင်ကဖြစ်သောသားငယ်လေး
၂၂ ရက်နေ့နေခင်း ၂ နာရီကစစ်အုပ်စုအဖွဲ့အစည်းတချို့ကလာရောက်ဖမ်းခေါ်သွားပြီ ၂၃ ရက်နေ့မှာတော့ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ သတင်းဆိုးကြားရလို လူတိုင်းရင်ထဲထိနာကျင်နေကြရတယ်
ဒီအသက်ရွယ်ကလေးကိုမိဘတွေမွေးလာတာကိုယ်ချင်းမစာရက်စက်ကြမ်းတမ်းယုတ်မာစွာသတ်ပစ်လိုက်တာလုပ်ရက်ကြတာလူတွေမှဟုတ်ရဲ့လားတောင်ထင်မိပါရဲ့ဒီသတင်းကိုကြားရသူတိုင်းမျက်ရည်မစဲနိုင်ဘူး
ဒီလိုအသက်ပေးလိုက်ရတဲ့လူငယ်တွေလူမသိသူမသိပျောက်ဆုံးနေတဲ့လူငယ်တွေရဲ့မိသားစုတွေရဲ့ရင်ထဲအပူမီးမျက်ရည်တွေဘယ်တော့မှမေ့ပျောက်မှမဟုတ်တော့သလိုတန်ပြန်သကရောက်ဖို့ကိုလဲကျိန်စာတိုက်နေကြအုံးမှာပါ။
အရေးတော်ပုံအောင်ရမည်။
ပေးသွားတဲ့အသက် တိုင်း အတွက် လေးစား ဂုဏ်ယူလျက်
ရန်ကုန်၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ ၅၄ လမ်းတွင် နေထိုင်သော အသက် ၁၉ နှစ် အရွယ်မောင်ဘုန်းမြင့်အောင်ကို စစ်တပ်က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင်
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် သတ်ဖြတ်လိုက် ကြောင်း မိသားစုဝင်များနှင့်နီးစပ်သော မိတ်ဆွေများက အတည်ပြုပြောဆိုသည်။
နိုဝင်ဘာလ ၂၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် ဗိုလ်တထောင်မြို့နယ်၊ ၅၄ လမ်းတွင် နေထိုင်သော မောင်ဘုန်းမြင့်အောင်နှင့် ဖခင်ဦးထင်ဝင်းတို့ကို အကြမ်း ဖက်စစ်ကောင်စီတပ်များက
စစ်ကား ၃ စီးဖြင့် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ နိုဝင်ဘာလ ၂၂ ရက်နေ့ ည ၁၂ နာရီတွင် ဖခင်ဖြစ်သူ ဦးထင်ဝင်းကို ပြန် လွှတ်ပေးလိုက်သော်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့တွင်
စစ်တပ်က ဖမ်းဆီးသွားသော မောင်ဘုန်းမြင့်အောင် သေဆုံးသွားပြီးဟု စစ်တပ်က မိသားစုကို အကြောင်းကြားလာကြောင်း သိရှိရသည်။
“သူတို့ နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီမှာ ရပ်ကွက်ကို စစ်ကားတွေနဲ့ ပိတ်ပြီးဖမ်းတယ်။ အဖေရော သားရောကို ဖမ်းတာ။ ညကျတော့ အဖေကို ပြန်လွှတ်ပေးလိုက်တယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ ညပိုင်းမှာ မောင်ဘုန်းမြင့်အောင် ဆုံးသွားပြီဆိုပြီး စစ်တပ်က အကြောင်းကြားလာတယ်။ စစ်ကြောရေးမှာ စစ်တပ်က သတ်ပစ်လိုက်တာ” ဟု ၅၄ လမ်းအတွင်းနေထိုင်ပြီး
မောင်ဘုန်းမြင့်အောင်မိသားစုနှင့်ရင်းနှီးသူ မိတ်ဆွေတစ်ဦးက ပြောသည်။
ဗိုလ်တထောင် ၅၄ လမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးကလည်း မောင်ဘုန်းမြင့်အောင်ကို စာတော်သော လူငယ်လေးအဖြစ် ရပ်ကွက်က သိရှိထားပြီး လူချစ်လူခင်ပေါများသည်ဟုဆိုသည်။
“သူက စာအရမ်းတော်တယ်။ ရပ်ကွက်ထဲမှာ ကလေးတွေကို အင်္ဂလိပ်စာ ပြန်ပြပေးတယ်။ တက္ကသိုလ်တက်နေတာတော့ သိတယ်။ ဘယ်တက္ကသိုလ်လဲမသိဘူး။ လူချစ်လူခင်ပေါတယ်။ အဲဒီကလေးက ။
သူ့ကြည့်ရင် အမြဲတမ်း ပြုံးနေတဲ့ ကလေး” ဟု ၅၄လမ်းမှ ပြည်သူတစ်ဦးက ဆိုသည်။
မောင်ဘုန်းမြင့်အောင်၏ မိခင်ဖြစ်သူမှာ ကျန်းမာရေး မကောင်းမွန်ဘဲ အိမ်ရာထဲ လဲနေသူဖြစ်ကြောင်း၊ သားဖြစ်သူ ဆုံးပါးသည့် သတင်းကြောင့် ကျန်းမာ ရေးပိုမို ထိခိုက်လာကြောင်း သိရှိရသည်။
မောင်ဘုန်းမြင့်အောင်၏ နာရေးကို နိုဝင်ဘာလ ၂၄ ရက်နေ့ ယနေ့ ရေဝေးသုဿာန်တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။
crd