မန္တလေးကျောင်းတိုက် ဆရာတော်အား သဘာ၀ဘေး/စီ ပုဒ်မ (၂၅) ဖြင့် တရားစွဲတင်
မတ် ၁၇
မြစ်ကြီးနားမြို့၊ မန္တလေးကျောင်းတိုက်က ဆရာတော်ပညာကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲတင်ခဲ့ပြီး အပြီးသတ် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို မတ်လ (၁၆)ရက်နေ့ နံနက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
တရားလိုရဲအုပ်ကျော်ဇေယျက မြစ်ကြီးနားမြို့ ၊ မြို့နယ်တရားရုံးတွင် မတ်လ(၅)ရက်နေ့ တွင် တရားစွဲတင်ခဲ့ပြီး (၉) ရက်နေ့က ပထမကြိမ်မှုခင်းစီမံခန့်ခွဲရေးအစည်းအဝေးကို ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
လာမည့် မတ်လ (၂၃) ရက်နေ့တွင် တရားလိုရဲအုပ်ကျော်ဇေယျကို စတင်စစ်ဆေးမည်ဖြစ် ကြောင်း စွပ်စွဲခံရသူ၏ ရှေ့နေဦးသက်ထွန်းဦးကပြောသည်။
ဆရာတော်ကို ဆန္ဒပြသည်ဟု ဆိုကာ ဖေဖော်ဝါရီလ (၁၈) ရက်နေ့ညက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး မြစ်ကြီးနားမြို့အကျဉ်းထောင်တွင် အကျဉ်းချထားကြောင်း သိရသည်။
Source : Myitkyina News Journal