ၾကားသိရသမွ်

“တွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မီလုပ်စားနေကြတဲ့အတု တွေအားလုံးကို အံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ရတဲ့” ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်

“တြတ္ပီနဲ႔ပတ္သက္သမၽွ ခါေတာ္မီလုပ္စားေနၾကတဲ့အတု ေတြအားလုံးကို အံ့ဩျခင္းႀကီးစြာနဲ႔ ေဒါသထြက္ရတဲ့” ေရမြန္၏ မိခင္ေဒၚခင္ျမတ္မြန္-

ကိုယ့္အိမ္က တြတ္ပီအခန္းေလးထဲမွာေတာ့..

တြတ္ပီရဲ့အရာရာဟာေနရာတကာျပန႔္က်ဲေနတာသူ႔အခန္းထဲဝင္လ္ိုက္တိုင္း ရင္ဘတ္ေတြေအာင့္တက္၊မ်က္ရည္ေတြပိုးပိုးေပါက္ေပါက္က်လာတတ္လို့ တတ္နိုင္သေလာက္မဝင္ဘူး

ဒါေပမဲ့ဒီတိုင္းထားလို့လဲမရေတာ့ဖုံေတြသဲေတြဝင္ရွင္း၊ဘီဒိုထဲကမွိုတက္စျပဳလာတဲ့ေလၽွာ္ၿပီးသားအဝတ္အစားေတြျပန္ေလၽွာ္မီးပူတိုက္၊ပ႐ုပ္လုံးလွိုင္လွိုင္ထည့္ၿပီးအျမတ္တနိုးသိမ္းဆည္းခဲ့တာ.

တန္ဖိုးႀကီး၊ေဈးႀကီးလို့ သိမ္းတာမဟုတ္ဘဲသူသုံးခဲ့တဲ့ပစၥည္းေလးေတြဆိုတဲ့စိတ္နဲ႔ပါ.

သူေရာက္သြားခ်ိန္ကေနေသဆုံးခ်ိန္ထိ စြဲစြဲျမဲျမဲသုံးခဲ့တာေလးေတြဆိုပိုတန္ဖိုးထားတယ္.

ရန္ကုန္မွာေခတ္ေကာင္းစဥ္ Cele ႀကီးဘယ္ေတာ့မွသုံးစြဲဖို့ စိတ္မကူးေပမဲ့

ဟိုမွာေငြေၾကးအေျခအေနအရ ေသဆုံးခ်ိန္ထိသုံးခဲ့တဲ့အေပါစားေခါင္းအုံးအေပအတူးအစုတ္ေလး

သူအျမဲျခဳံခဲ့တဲ့ေစာင္အႏြမ္းေလး၊အေပါစား shower cream ဘူးခြံေလးရႊံ့ေတြေပပြေနတဲ့ဝတ္စုံ၊‌

မိုးေရေတြစိုရႊဲေနတဲ့ Towel Big Cele မို့အိမ္မွာအေကာင္းစားဖိနပ္ေတြေအာတိုက္ေနတာေတာင္ တစ္ရံမွသယ္မသြားဘဲ

ေနာက္ဆုံးခ်ိန္ထိ စီးခဲ့တဲ့ေခြးကိုက္ထားလို့သဲႀကိဳးျပတ္ကာနီးေဖါ့ဖိနပ္တစ္ရံ၊နိုင္ငံေက်ာ္ Cele ႀကီးရဲ့ေနာက္ဆုံးလက္က်န္ ေငြသုံးေသာင္းေတာင္မျပည့္ေတာ့တဲ့ မွိုတက္ေနတဲ့ Wallet ေလး..

အဲ့ဒါေတြအားလုံး က်န္တဲ့ပစၥည္းေတြထက္ပိုမိုတန္ဖိုးထား၊အဖိုးမျဖတ္နိုင္လို့အေသအခ်ာထုတ္ပိုး ဂ႐ုစိုက္သိမ္းဆည္းခဲ့တယ္

က်န္ သူ႔အမွတ္တယေတြကိုနီးစပ္သလို လွူခဲ့တယ္

ေပးခဲ့တယ္.လက္ခံရရွိသူေတြအသိဆုံးပါ

တစ္ခါမၽွ ေရာင္းစားဖို့မႀကံစည္ခဲ့ဖူးပါ.မိသားစုကရင္ကြဲၿပီး ခံစားေနရခ်ိန္..

တြတ္ပီကိုဘယ္လိုခ်စ္တာဘယ္ေလာက္လြမ္းတာလို့ တြင္တြင္ေျပာၿပီး..

တြတ္ပီနဲ႔ပတ္သက္သမၽွ ခါေတာ္မီလုပ္စားကိုင္စားေနၾကတဲ့အတု ေတြအားလုံးကိုအံ့ဩျခင္းႀကီးစြာနဲ႔ ေဒါသထြက္ပါတယ္

စက္ဆုတ္ပါတယ္တစ္နည္းနည္းနဲ႔တြတ္ပီ သိခဲ့ရင္လဲအေတာ္ေလးစိတ္မေကာင္းျဖစ္မွာပါ.

ေခတ္ၾကပ္ႀကီးထဲမွာ လူတိုင္းစားဝတ္ေနေရးအဆင္ေျပမေနၾကပါဘူးကိုယ္ေတြသားအမိလဲ Online မွာေဈးေရာင္းစားေနၾကရတာပါ.

စားဝတ္ေနေရးအဆင္မေျပတာ Reasonေပးၿပီး တြတ္ပီကိုခုတုံးလုပ္ အသုံးမခ်ၾကပါနဲ႔

ငတ္ေနရင္အက်ိဳးေၾကာင္းေျပာၿပီးလာေတာင္းၾကပါ.လွူဒါန္းေပးကမ္းပါ့မယ္.

တစ္ခုသိထားၾကဖို့က..တြတ္ပီဟာ သူယုံၾကည္ရာလမ္းကို‌ေလၽွာက္လွမ္းေနရင္း အေနဆင္းရဲအစားဆင္းရဲ၊အစာ ငတ္တဲ့ဒဏ္အေၾကာင္းျပဳၿပီး ေသဆုံးသြားရတယ္ဆိုတာ ပါဘဲ…

ငတ္ေနတယ္လို့ အသက္ရွင္ေနေသးသူေတြကသိပ္မၿငီးတြားၾကပါနဲ႔အသက္ေပးသြားသူကို အားနာၾကပါဦး!!!

unicode versison

“တွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မီလုပ်စားနေကြတဲ့အတု တွေအားလုံးကို အံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ရတဲ့” ရေမွန်၏ မိခင်ဒေါ်ခင်မြတ်မွန်-

ကိုယ့်အိမ်က တွတ်ပီအခန်းလေးထဲမှာတော့..

တွတ်ပီရဲ့အရာရာဟာနေရာတကာပြန့်ကျဲနေတာသူ့အခန်းထဲဝင်လ်ိုက်တိုင်း ရင်ဘတ်တွေအောင့်တက်၊မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာတတ်လို့ တတ်နိုင်သလောက်မဝင်ဘူး

ဒါပေမဲ့ဒီတိုင်းထားလို့လဲမရတော့ဖုံတွေသဲတွေဝင်ရှင်း၊ဘီဒိုထဲကမှိုတက်စပြုလာတဲ့လျှော်ပြီးသားအဝတ်အစားတွေပြန်လျှော်မီးပူတိုက်၊ပရုပ်လုံးလှိုင်လှိုင်ထည့်ပြီးအမြတ်တနိုးသိမ်းဆည်းခဲ့တာ.

တန်ဖိုးကြီး၊ဈေးကြီးလို့ သိမ်းတာမဟုတ်ဘဲသူသုံးခဲ့တဲ့ပစ္စည်းလေးတွေဆိုတဲ့စိတ်နဲ့ပါ.

သူရောက်သွားချိန်ကနေသေဆုံးချိန်ထိ စွဲစွဲမြဲမြဲသုံးခဲ့တာလေးတွေဆိုပိုတန်ဖိုးထားတယ်.

ရန်ကုန်မှာခေတ်ကောင်းစဉ် Cele ကြီးဘယ်တော့မှသုံးစွဲဖို့ စိတ်မကူးပေမဲ့

ဟိုမှာငွေကြေးအခြေအနေအရ သေဆုံးချိန်ထိသုံးခဲ့တဲ့အပေါစားခေါင်းအုံးအပေအတူးအစုတ်လေး

သူအမြဲခြုံခဲ့တဲ့စောင်အနွမ်းလေး၊အပေါစား shower cream ဘူးခွံလေးရွှံ့တွေပေပွနေတဲ့ဝတ်စုံ၊‌

မိုးရေတွေစိုရွှဲနေတဲ့ Towel Big Cele မို့အိမ်မှာအကောင်းစားဖိနပ်တွေအောတိုက်နေတာတောင် တစ်ရံမှသယ်မသွားဘဲ

နောက်ဆုံးချိန်ထိ စီးခဲ့တဲ့ခွေးကိုက်ထားလို့သဲကြိုးပြတ်ကာနီးဖေါ့ဖိနပ်တစ်ရံ၊နိုင်ငံကျော် Cele ကြီးရဲ့နောက်ဆုံးလက်ကျန် ငွေသုံးသောင်းတောင်မပြည့်တော့တဲ့ မှိုတက်နေတဲ့ Wallet လေး..

အဲ့ဒါတွေအားလုံး ကျန်တဲ့ပစ္စည်းတွေထက်ပိုမိုတန်ဖိုးထား၊အဖိုးမဖြတ်နိုင်လို့အသေအချာထုတ်ပိုး ဂရုစိုက်သိမ်းဆည်းခဲ့တယ်

ကျန် သူ့အမှတ်တယတွေကိုနီးစပ်သလို လှူခဲ့တယ်

ပေးခဲ့တယ်.လက်ခံရရှိသူတွေအသိဆုံးပါ

တစ်ခါမျှ ရောင်းစားဖို့မကြံစည်ခဲ့ဖူးပါ.မိသားစုကရင်ကွဲပြီး ခံစားနေရချိန်..

တွတ်ပီကိုဘယ်လိုချစ်တာဘယ်လောက်လွမ်းတာလို့ တွင်တွင်ပြောပြီး..

တွတ်ပီနဲ့ပတ်သက်သမျှ ခါတော်မီလုပ်စားကိုင်စားနေကြတဲ့အတု တွေအားလုံးကိုအံ့ဩခြင်းကြီးစွာနဲ့ ဒေါသထွက်ပါတယ်

စက်ဆုတ်ပါတယ်တစ်နည်းနည်းနဲ့တွတ်ပီ သိခဲ့ရင်လဲအတော်လေးစိတ်မကောင်းဖြစ်မှာပါ.

ခေတ်ကြပ်ကြီးထဲမှာ လူတိုင်းစားဝတ်နေရေးအဆင်ပြေမနေကြပါဘူးကိုယ်တွေသားအမိလဲ Online မှာဈေးရောင်းစားနေကြရတာပါ.

စားဝတ်နေရေးအဆင်မပြေတာ Reasonပေးပြီး တွတ်ပီကိုခုတုံးလုပ် အသုံးမချကြပါနဲ့

ငတ်နေရင်အကျိုးကြောင်းပြောပြီးလာတောင်းကြပါ.လှူဒါန်းပေးကမ်းပါ့မယ်.

တစ်ခုသိထားကြဖို့က..တွတ်ပီဟာ သူယုံကြည်ရာလမ်းကို‌လျှောက်လှမ်းနေရင်း အနေဆင်းရဲအစားဆင်းရဲ၊အစာ ငတ်တဲ့ဒဏ်အကြောင်းပြုပြီး သေဆုံးသွားရတယ်ဆိုတာ ပါဘဲ…

ငတ်နေတယ်လို့ အသက်ရှင်နေသေးသူတွေကသိပ်မငြီးတွားကြပါနဲ့အသက်ပေးသွားသူကို အားနာကြပါဦး!!!