ၾကားသိရသမွ်

အိမ်ထဲမှာ အဝတ်လှန်းခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကြောက်မက်ဖွယ် ကျန်းမာရေး ဆိုးကျိုးများ

အိမ်ထဲမှာ အဝတ်လှန်းခြင်းကြောင့် ဖြစ် လာနိုင်တဲ့ ကြောက်မက်ဖွယ် ကျန်းမာရေး ဆိုးကျိုးများ-လျှော်ပြီးသားအဝတ်တွေကဖြစ်စေတဲ့ ရေငွေ့ပြန်ခြင်းက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် အိမ်ထဲမှာ အ ဝတ်မလှန်းဖို့ကို ပညာရှင်များက တိုက် တွန်းထားပါတယ်။အသက် ၄၃ နှစ်အရွယ် ရှိ ကလေး ၃ ယောက်အဖေဖြစ်သူ Craig Mather က အိမ်ထဲမှာ အဝတ်မလှန်းဖို့ သ

တိပေးချက်တွေကို သတိမမူမိဘဲအဝတ်လှန်းတဲ့အကျင့်ကြောင့် အဆုတ်ကူးစက် ရောဂါဖြစ်လာပါတယ်။အိမ်ထဲမှာ အဝတ်လှန်းခြင်း-အခန်းထဲမှာ အဝတ်လှန်းခြင်းကြောင့် စိုထိုင်းထိုင်းဖြစ်ခြင်းက မှိုပေါက် ပွားစေပြီး ပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ဖြစ်စေပါတယ်။Craig Mather က နာ တာရှည် အဆုတ်ရောဂါ ဖြစ်ပွားနေတာကို

တွေ့ရှိခဲ့ပြီး မှိုပိုးကြောင့်ဖြစ်တဲ့ကူးစက်ပိုး

ဖြစ်တယ်လို့ ဆရာဝန်များက သတ်မှတ်ခဲ့ပါတယ်။ဆရာဝန်ဖြစ်သူက သူ့ကို အိမ်ထဲမှာအဝတ်လှန်းတာကို မရပ်ဘူးဆိုရင်တော့ ရောဂါပိုဆိုး လာနိုင်တယ်လို့ သတိပေးစ ကားပြောကြားခဲ့တဲ့အတွက် အိမ်ထဲမှာ အ ဝတ်မလှန်းတော့ဘဲ၁၂ လလောက်အကြာမှာ ရောဂါလုံးဝပျောက်ကင်းသွားတာကို တွေ့ရှိရပါတယ်။ဒီလိုအခြေအနေမျိုးကြုံ တွေ့ရတာက သူတစ်ယောက်တည်းမဟုတ်ပါဘူး။

ပညာရှင်တွေရဲ့အဆိုအရ အခန်းထဲမှာအဝတ်စိုများကိုလှန်းခြင်းကြောင့်ပြင်း ထန်တဲ့ရောဂါတွေဖြစ်စေနိုင်ပါတယ်။အိမ်ထဲမှာ အဝတ်လှန်းခြင်း-အဝတ်စိုတွေကြောင့် အခန်းတွင်း စိုထိုင်းမှုကို ၃၀%အထိတိုးစေပြီး မှိုပေါက်ပွားဖို့အတွက် အ ကောင်းဆုံးအခြေအနေကို ဖန်တီးပေးသလိုဖြစ်စေပါတယ်။ လျှော်ပြီးသားအဝတ်တစ်ဇလုံက ထွက်တဲ့ရေငွေ့က နှစ်လီတာကျော်လောက်ရှိပါတယ်။

ဒီနှုန်းက မှိုတွေကို ပေါက်ပွားမှုမြန်စေပြီး ရောဂါဖြစ်ဖို့အလား အလာတွေကို ဖန်တီးပေးနိုင်ပါတယ်။ လူအများစုရဲ့ခုခံအားစနစ်က ဒီမှိုကြောင့်ဖြစ်တဲ့ ကူးစက်ပိုးတွေကို ခံနိုင်ရည်ရှိတတ်ပါတယ် ။ဒါပေမဲ့ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ၊ အ သက်ရှူလမ်းကြောင်းရောဂါနဲ့ ချောင်းဆိုး ရောဂါရှိသူတွေအတွက် ပိုဆိုးတဲ့အခြေအ နေတွေဖြစ်စေနိုင်ပါတယ်။ခုခံအားစနစ်

အားနည်းသူတွေ၊ အေအိုင်ဒီအက်စ်ရောဂါဝေဒနာရှင်တွေ၊ကင်ဆာရောဂါကုထုံး ခံယူနေသူတွေက မှိုပိုးကြောင့်ဖြစ်တဲ့အဆုတ်ရောဂါကို ခံစားရဖို့ပိုလွယ်ပါတယ်။ဒီရော ဂါက ပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး အဆုတ်ပျက်စီးပြီးသေစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပညာရှင်များက လျှော်ပြီးသားအဝတ်တွေကို အိမ်ခန်းတွင်းမှာ မလှန်းဘဲ အပြင်မှာလှန်းဖို့အကြံပြုထားတာ ဖြစ်ပါတယ်။

Credit with respect