Wifi အင်တာနက်လိုင်းတွေကို မနက်ဖြန် မတ်လ (၁၈)ရက်နေ့ကစပြီး ပိတ်မည်
မြန်မာနိုင်ငံက Wifi အင်တာနက် ဝန်ဆောင်မှုတွေကို မနက်ဖြန် မတ်လ ၁၈ ရက်နေ့က စပြီးတားဆီး ပိတ်ပင်သွားဖို့ ညွှန်ကြားမှုတွေရထားကြောင်း အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီတွေ ကတစ်ဆင့်သိရပါတယ်။
ဘယ်နှစ်ရက် ကန့်သတ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ မတ်လကုန်လောက်အထိ ဖြစ်နိုင်မယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်ကလည်း မိုဘိုင်းအင်တာနက်တွေကို ဖြတ်တောက်ထားခဲ့ပြီးတော့ ဘယ်တော့ပြန်ရမယ်ဆိုတာကို မသိရသေးပါဘူး။
အရင်ရက်တွေက နေ့စဉ် မနက် ၁ နာရီကနေ ၉ နာရီအထိ အချိန်ပိုင်း မိုဘိုင်းအင်တာနက်တွေ ဖြတ်တောက်ထားခဲ့ပါတယ်။
သတင်းစီးဆင်းမှုတွေနှေးအောင်အခုလို ဖြတ်တောက်တာလို့ ယူဆရကြောင်း ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။
Source : #BBC
(မှတ်ချက် : ဒါကနောက်ထပ် Admin ကြားတဲ့သတင်းပါ Fiber တွေ မဖြတ်ဘူးလို့ကြားပါတယ် ဟုတ်မဟုတ်တော့ မနက်ဖြန်မှစောင့်ကြည့်ရမှာပါပဲ)
မြန်မာပြည်မှာ အင်တာနက် ဝန်ဆောင်မှုပေးတဲ့အခါ အောက်ပါ စနစ်တွေ နှင့် ပေးကြပါတယ်။
၁- Fiber နှင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း (FTTH)
၂- LTE နည်းပညာနှင့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုပေးခြင်း ( Wireless Broadband- WBB)
၃- လုပ်ငန်းသုံးအတွက် Direct Internet Access ( DIA)
၄- Wifi နည်းပညာဖြင့် Area များအား လွှမ်းခြုံ၍ ဝန်ဆောင်မှု ပေးခြင်း
၅- Mobile SIM ကဒ် ဖြင့် အင်တာနက် ပေးခြင်း
ယနေ့ အချိန်မှာ ပိတ်ထားတဲ့ အင်တာနက် ဝန်ဆောင်မှု များဟာ နံပါတ် ၄ နှင့် နံပါတ် ၅ ပါ။ ၁၊ ၂၊ ၃ မပါသေးပါ။