ၾကားသိရသမွ်

အနုပညာရှင်ဦးဇာဂနာက ယနေ့ မတ်လ ၁၇ ရက် facebook မှာ ရေးလိုက်တဲ့စာ

အနုပညာရှင်ဦးဇာဂနာက ယနေ့ မတ်လ ၁၇ ရက် facebook မှာ ရေးလိုက်တဲ့စာ

လုပ်စရာကိုပဲ လုပ်တယ်။ပြော သင့် တဲ့ အချိန်မှာပြောတယ်။မီဒီယာ က အင်တာဗျူးရင်တောင် ဖြေဖို့ ငြင်းတတ်တယ်။

ဆိုလိုတာ က အားအားလျားလျား လျောက်ပြောမနေဘူး။ဒီပွဲစကထဲက ၊ဇာဂနာ့ နာမည်ကို အမျိုးမျိုးသုံးပြီး ရေးချင်ရာရေးခဲ့ကြတာ အများကြီးပါ။တခါမှမရှင်းဘူး။ကိုယ်မရေးတာကိုယ်သိတယ်။

ဇာဂနာဘောမ တို့၊ငကြောက်တို့၊စသဖြင့်ရေးနေစော်ကားနေတာတွေလဲ သိတယ်။ ခွေးဟောင်လို့ တောင်မရွေ့ဘူး ဆိုပြီး၊တခါမှပြန်မရေးဘူး။

ခုတခါလဲ တိုင်းရင်းသားအရေးဆိုပြီးရေးပြန်ရော၊share ကြသူတွေရော၊Likeကြသူတွေရော၊ဇာဂနာ ဂတုန်း မသေသေးဘူးလားဆိုတာတွေရော၊ကျွန်တော့ CB လာလာပို့တာမြင်ရတယ်။ဇာဂနာ့ပုံကိုယူသုံးပြီး pageထောင်တာလဲ တွေ့ရတယ်။

ဇာဂနာဆိုတာ

တနိုင်ငံလုံး အပေါက်ပိတ်နေချိန် မှာ လူရှေ့ထွက်ဝေဖန်ခဲ့သူပါ။ခိုးကြောင်ခိုးဝှက် ရေးနေပြောနေတတ်သူမဟုတ်။

ကိုယ်လုပ်တာလူသိအောင် ဆိုင်းဘုတ်မထောင်ပါ။

အခု ဇာဂနာ့နာမည်အလွဲသုံးစားလုပ်ရေးနေ၊ပြောနေ၊ရှယ်နေကြသူများလဲ၊ဆက်လုပ်ကြပါ။ခင်ဗျားတို့မှာ ကိုယ်ပိုင်သတ္တိ၊ကိုယ်ပိုင်အရည်အချင်းမရှိလို့၊ကျွန်တော့နာမယ်သုံးနေရရှာတာကိုး။

နောက်မှ ဇာဂနာ ရေလည် ကြွမ့်တယ် လာမလုပ်နဲ့။

Credit

Zawgyi

အႏုပညာရွင္ဦးဇာဂနာက ယေန႔ မတ္လ ၁၇ ရက္ facebook မွာ ေရးလိုက္တဲ့စာ

လုပ္စရာကိုပဲ လုပ္တယ္။ေျပာ သင့္ တဲ့ အခ်ိန္မွာေျပာတယ္။မီဒီယာ က အင္တာဗ်ဴးရင္ေတာင္ ေျဖဖို႔ ျငင္းတတ္တယ္။

ဆိုလိုတာ က အားအားလ်ားလ်ား ေလ်ာက္ေျပာမေနဘူး။ဒီပြဲစကထဲက ၊ဇာဂနာ့ နာမည္ကို အမ်ိဳးမ်ိဳးသုံးၿပီး ေရးခ်င္ရာေရးခဲ့ၾကတာ အမ်ားႀကီးပါ။တခါမွမရွင္းဘူး။ကိုယ္မေရးတာကိုယ္သိတယ္။

ဇာဂနာေဘာမ တို႔၊ငေၾကာက္တို႔၊စသျဖင့္ေရးေနေစာ္ကားေနတာေတြလဲ သိတယ္။ ေခြးေဟာင္လို႔ ေတာင္မေ႐ြ႕ဘူး ဆိုၿပီး၊တခါမွျပန္မေရးဘူး။

ခုတခါလဲ တိုင္းရင္းသားအေရးဆိုၿပီးေရးျပန္ေရာ၊share ၾကသူေတြေရာ၊Likeၾကသူေတြေရာ၊ဇာဂနာ ဂတုန္း မေသေသးဘူးလားဆိုတာေတြေရာ၊ကြၽန္ေတာ့ CB လာလာပို႔တာျမင္ရတယ္။ဇာဂနာ့ပုံကိုယူသုံးၿပီး pageေထာင္တာလဲ ေတြ႕ရတယ္။

ဇာဂနာဆိုတာ

တႏိုင္ငံလုံး အေပါက္ပိတ္ေနခ်ိန္ မွာ လူေရွ႕ထြက္ေဝဖန္ခဲ့သူပါ။ခိုးေၾကာင္ခိုးဝွက္ ေရးေနေျပာေနတတ္သူမဟုတ္။

ကိုယ္လုပ္တာလူသိေအာင္ ဆိုင္းဘုတ္မေထာင္ပါ။

အခု ဇာဂနာ့နာမည္အလြဲသုံးစားလုပ္ေရးေန၊ေျပာေန၊ရွယ္ေနၾကသူမ်ားလဲ၊ဆက္လုပ္ၾကပါ။ခင္ဗ်ားတို႔မွာ ကိုယ္ပိုင္သတၱိ၊ကိုယ္ပိုင္အရည္အခ်င္းမရွိလို႔၊ကြၽန္ေတာ့နာမယ္သုံးေနရရွာတာကိုး။

ေနာက္မွ ဇာဂနာ ေရလည္ ႂကြမ့္တယ္ လာမလုပ္နဲ႔။

Credit