သူရယ် ကျွန်မရယ် အေးစက်မှုတွေရယ်
သူနဲ့ကျွန်မကြားမှာ အရင်က နွေးထွေးမှုလေးပဲရှိခဲ့တာပါ … ကိုယ်မရီနိုင်လောက်အောင် ဖြစ်နေတဲ့အချိန်တွေဆို သူက ရီအောင်အမြဲစပြီး ဟာသတွေပြောခဲ့ဖူးတယ်လေ … သူ အဆင်မပြေတဲ့အချိန်တွေဆိုရင်တော့ သူ့အလိုကျ တိတ်ဆိတ်နေခဲ့ပြီးတော့ ကျွန်မ အလိုက်သိပေးခဲ့တယ်
စကားတွေ ပြောစရာမရှိရင်တောင် တစ်ယောက်မျက်နှာ တစ်ယောက်ငေးရင်း ကျွန်မတို့ အချိန်တွေ ကျော်ဖြတ်ခဲ့ဖူးတယ် အဲ့ဒီအချိန်တွေမှာတော့ ကျွန်မ အချစ်ကံကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ထင်ခဲ့ဖူးတဲ့အထိကို ပျော်ရွှင်ခဲ့ရဖူးပါတယ်
ပျော်စေခဲ့တာတွေအတွက် ကျေးဇူးတင်သလို အနားမှာရှိပေးခဲ့တဲ့အချိန်တွေအတွက်ကျေးဇူးတင်ပါတယ် … ခုလောလောဆယ်တော့ ကိုယ့်အနားကျန်ခဲ့တာဆိုလို့အေးစက်မှုလေးတွေရယ် အထီးကျန်မှုလေးတွေရယ် မျက်ရည်တွေပဲ ကျန်နေခဲ့တော့တယ် သူ အရင်လို ကျွန်မအနားမရှိတော့ဘူး
ပြောစရာတွေရှိလာရင်တောင် ကျွန်မခေါ်နေကျ သူ့ဖုန်းလေးတွေ မအားတော့ဘူးလေ .. ကျွန်မ လွမ်းနေတဲ့အခါ အရင်ကလို လွမ်းတိုင်းပြေးတွေ့မယ်ဆိုတဲ့သူက ကိုယ်မျှော်နေမလားလို့မတွေးတတ်တော့ဘူး အမှတ်မရတော့ဘူးထင်ပါတယ် ဘာတွေကြောင့် ပြောင်းလဲသွားတာလဲဆိုတာ အဖြေတွေရှာပေမယ့် မရခဲ့ပါဘူး
ကျွန်မအရှေ့ရှိနေပေမယ့် သူ့အတွေးတွေမှာ ကျွန်မရှိမနေတော့တာ သိပ်သိသာတာပဲ အရင်ကဆို အဲ့ဒီမျက်လုံးတွေက ကျွန်မကို စိုက်ကြည့်နေတတ်သလောက် ခုဆို တစ်နေရာရာကို သွားဖို့ ဟန်ပြင်နေသလို ဂနာမငြိမ်ခဲ့ဘူးလေ .. ကျွန်မနဲ့စကားပြောရင် ပြုံးလာတတ်တဲ့ နှုတ်ခမ်းတွေက ခု မဲ့နေသယောင် ….
သိပ်ချစ်ပေးခဲ့ဖူးတဲ့အချစ်တွေအတွက်တော့ ကျေးဇူးတင်ပါတယ် … လိမ်ညာပြီးပဲ ချစ်ချစ် တကယ်ပဲ ချစ်ချစ် ဘာပဲဖြစ်ဖြစ်ပါ အပြစ်လို့တော့ မမှတ်ပါဘူး … အဲ့တာကို အမြဲတမ်းရနေလိမ့်မယ်လို့ထင်ခဲ့တဲ့ ကျွန်မလဲ မှားသွားတယ်ထင်ပါတယ် ….
ခုတော့ … သူရယ် ကျွန်မရယ် ပြီးတော့ အေးစက်မှုတွေရယ် အဆုံးသတ်ဖို့အချိန်တွေ နီးနေသယောင် ခံစားလာရတယ် …
မိန်းမသားတို့အတွက်
သျှင်ယွန်း
သူရယ္ ကြ်န္မရယ္ ေအးစက္မႈေတြရယ္
သူနဲ႕ကြ်န္မၾကားမွာ အရင္က ေႏြးေထြးမႈေလးပဲရွိခဲ့တာပါ … ကုိယ္မရီနုိင္ေလာက္ေအာင္ ျဖစ္ေနတဲ့အခ်ိန္ေတြဆို သူက ရီေအာင္အျမဲစျပီး ဟာသေတြေျပာခဲ့ဖူးတယ္ေလ … သူ အဆင္မေျပတဲ့အခ်ိန္ေတြဆုိရင္ေတာ့ သူ့အလိုက် တိတ္ဆိတ္္ေနခဲ့ျပီးေတာ့ ကြ်န္မ အလုိက္သိေပးခဲ့တယ္
စကားေတြ ေျပာစရာမရွိရင္ေတာင္ တစ္ေယာက္မ်က္နွာ တစ္ေယာက္ေငးရင္း ကြ်န္မတို့ အခ်ိန္ေတြ ေက်ာ္ျဖတ္ခဲ့ဖူးတယ္ အဲ့ဒီအခ်ိန္ေတြမွာေတာ့ ကြ်န္မ အခ်စ္ကံေကာင္းတယ္လို့ ကိုယ့္ကိုယ္ကို ထင္ခဲ့ဖူးတဲ့အထိကို ေပ်ာ္ရႊင္ခဲ့ရဖူးပါတယ္
ေပ်ာ္ေစခဲ့တာေတြအတြက္ ေက်းဇူးတင္သလုိ အနားမွာရွိေပးခဲ့တဲ့အခ်ိန္ေတြအတြက္ေက်းဇူးတင္ပါတယ္ … ခုေလာေလာဆယ္ေတာ့ ကိုယ့္အနားက်န္ခဲ့တာဆိုလုိ ့ေအးစက္မႈေလးေတြရယ္ အထီးက်န္မႈေလးေတြရယ္ မ်က္ရည္ေတြပဲ က်န္ေနခဲ့ေတာ့တယ္ သူ အရင္လုိ ကြ်န္မအနားမရွိေတာ့ဘူး
ေျပာစရာေတြရွိလာရင္ေတာင္ ကြ်န္မေခၚေနက် သူ့ဖုန္းေလးေတြ မအားေတာ့ဘူးေလ .. ကြ်န္မ လြမ္းေနတဲ့အခါ အရင္ကလို လြမ္းတိုင္းေျပးေတြ့မယ္ဆုိတဲ့သူက ကိုယ္ေမွ်ာ္ေနမလားလုိ ့မေတြးတတ္ေတာ့ဘူး အမွတ္မရေတာ့ဘူးထင္ပါတယ္ ဘာေတြေၾကာင့္ ေျပာင္းလဲသြားတာလဲဆိုတာ အေျဖေတြရွာေပမယ့္ မရခဲ့ပါဘူး
ကြ်န္္မအေရွ႕ရွိေနေပမယ့္ သူ့အေတြးေတြမွာ ကြ်န္မရွိမေနေတာ့တာ သိပ္သိသာတာပဲ အရင္ကဆို အဲ့ဒီမ်က္လံုးေတြက ကြ်န္မကို စိုက္ၾကည့္ေနတတ္သေလာက္ ခုဆို တစ္ေနရာရာကို သြားဖုိ့ ဟန္ျပင္ေနသလို ဂနာမျငိမ္ခဲ့ဘူးေလ .. ကြ်န္မနဲ႕စကားေျပာရင္ ျပံဳးလာတတ္တဲ့ နႈတ္ခမ္းေတြက ခု မဲ့ေနသေယာင္ ….
သိပ္ခ်စ္ေပးခဲ့ဖူးတဲ့အခ်စ္ေတြအတြက္ေတာ့ ေက်းဇူးတင္ပါတယ္ … လိမ္ညာျပီးပဲ ခ်စ္ခ်စ္ တကယ္ပဲ ခ်စ္ခ်စ္ ဘာပဲျဖစ္ျဖစ္ပါ အျပစ္လို့ေတာ့ မမွတ္ပါဘူး … အဲ့တာကို အျမဲတမ္းရေနလိမ့္မယ္လို ့ထင္ခဲ့တဲ့ ကြ်န္မလဲ မွားသြားတယ္ထင္ပါတယ္ ….
ခုေတာ့ … သူရယ္ ကြ်န္မရယ္ ျပီးေတာ့ ေအးစက္မႈေတြရယ္ အဆံုးသတ္ဖို့အခ်ိန္ေတြ နီးေနသေယာင္ ခံစားလာရတယ္ …
မိန္းမသားတို့အတြက္
သွ်င္ယြန္း