အခ်စ္ေရး

စတွေ့တုန်းက အပြုံး စတွေ့တုန်းက အလေးထားမှု စတွေ့တုန်းက ဂရုစိုက်မှုမျိုး စတွေ့တုန်းက အချိုးအတိုင်းဆို ကိုယ်တို့ ဝေးစရာအကြောင်းမရှိဘူး ။

စတွေ့တုန်းက အပြုံး စတွေ့တုန်းက အလေးထားမှု စတွေ့တုန်းက ဂရုစိုက်မှုမျိုး စတွေ့တုန်းက အချိုးအတိုင်းဆို ကိုယ်တို့ ဝေးစရာအကြောင်းမရှိဘူး ။

မင်းက ချယ်ရီပင်နဲ့တူတယ် ခဏပဲ ဖြတ်လျှောက်သူတွေအတွက် သိပ်ကိုလှတဲ့ ချယ်ရီပင်လေး ။ ဓါတ်ပုံထဲမှာ ကဗျာထဲမှာ အရမ်းလှတဲ့ ချယ်ရီပင်လေးပေါ့ ။

တကယ့်တကယ် စိုက်ပျိုးထိန်းသိမ်းရသူအတွက်ကျ ခူယားကောင်တွေ အရမ်းများတယ် အရွက်ကြွေတွေ အရမ်းများတယ် ။ ဟုတ်တယ် မင်းက ခဏပဲ ရပ်ငေးလို့ကောင်းပြီး အိမ်မှာ အမြဲစိုက်ထားလို့မရတဲ့ ချယ်ရီ ။ မင်းကိုမှ ရင်နဲ့ရင်းပြီး စိုက်ပျိုးမိတယ်…..

ကိုယ့်ဘေးမှာ မင်းမရှိရင် အထီးကျန်တယ် ကိုယ့်ဘေးမှာ မင်းရှိပေမယ့် နွေးထွေးမှု မရှိရင်လည်း အထီးကျန်တာပဲ ဘာထူးလို့လည်းအချစ်ရယ် ကိုယ် အထီးကျန်နေတယ် ။

ဝဋ်ကြွေး ကြီးတော့လည်း မင်းကိုပဲ တုန်နေအောင်ချစ်ရ ဝဋ်ကြွေးရှိတော့လည်း မင်းကိုပဲ မုန်းမရမေ့မရ ။ သူများချစ်မှ ပျော်ရမယ့်ဘဝကြီး သူများဖုန်းဆက်မှ ပျော်ရမယ့်ဘဝကြီးနဲ့ မနေချင်တော့ဘူး ။ သူ မအားလို့ပါ သူ ဒေါသထွက်နေလို့ပါ သူ စိတ်မကြည်လို့ပါ ဖြည့်တွေးပေးခြင်းများစွာလည်း မရှိတော့ဘူး ။ လူကြားထဲ မတွဲရဲတဲ့လက်ကို လိုက်လည်း မဆွဲချင်တော့ဘူး ။

ဒါ နောက်ဆုံးရေးတဲ့စာပါ… ပျောက်မလားလို့ ဆေးသောက်ကြည့်နေတာ ဆေးသောက်လို့ မပျောက်ရင် ကိုက်တဲ့သွား နှုတ်ပစ်ရမယ် ။ ဟုတ်တယ် ဘဝထဲ တဆစ်ဆစ်လာကိုက်ခဲတဲ့ မင်းကို နှုတ်ပစ်ရမယ် ။ ပေးခဲ့တဲ့ မေတ္တာတွေ နှမျောစရာ တကယ်ကောင်းလွန်းတယ်။

တိမ်တွေငိုတော့ မိုး ကောင်းကင်ရယ်ရင် နှင်း သစ်ပင် မလိုချင်လို့ စွန့်ပစ်လိုက်တာကို ရွက်ကြွေလို့ ခေါ်ပါတယ် မင်းမလိုချင်လို့ စွန့်ပစ်လိုက်တဲ့ငါဟာ ရွက်ကျပင်ပေါက် အမျိုးစားဆိုတာ မင်းသိအောင် ဝေဝေဆာဆာ ပြန်ရှင်သန်ပြရဦးမယ် ။