ၾကားသိရသမွ်

မိ ခင် များ ထံ သို့ တောင်း ပန် စာ

အမေ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ပေးခဲ့တဲ့ အမေ့သားနဲ့ သမီး တွေကို ကျနော်တို့ မကာကွယ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်အမေ။

ဒဏ်ရာတွေနဲ့ သွေးအလိမ့်လိမ့်ကျနေတဲ့ အမေ့သား နဲ့ သမီးတွေကို သယ်ပြီးကယ်ဖို့ရာ မိစ္ဆာကောင်တွေဘက်က ကယ်ခွင့်မပေးခဲ့ဘူးအမေ။

ကျနော်တို့ကို လူလို့ကို မသတ်မှတ်ကြတော့ဘူး အမေရယ်။ သူတို့က ကျနော်တို့ကို တွေ့တဲ့နေရာ ရိုက်နှက် ဒရွတ်တိုက်ဆွဲပြီး ခေါ်တာတွေ မြင်ရတော့ ရင်တွေ နာလှပါတယ်အမေရယ်။

ကျနော်တို့တောင် ဒီလိုခံစားနေရရင် အမေတို့ဆို ဘယ်လောက်တောင် ခံစားနေရမလဲ။

ကျနော်တို့ ပြည်သူတွေ အမေ့သားနဲ့သမီးတို့ စတေးခဲ့ရတဲ့ အသက်တွေအတွက် ကျနော်တို့ နိုင်အောင်တိုက်မှာပါအမေ။

မိစ္ဆာကောင်တွေက ဖိလို့ ကျနော်တို့ လူထု ကြွခဲ့ပြီးပါပြီ။ အခု ပြည်သူဘက်က အထိနာလာလို့ ပြန်ချကြဖို့ မြို့နယ်တိုင်းမှာလည်း အလံနက်ထောင်ခဲ့ပါပြီ။

 

လက်နက်ချင်းမမျှပေမယ့် ကျနော်တို့ကိုပေးတဲ့ အမေတို့ရဲ့ မေတ္တာတွေကြောင့် ကျနော်တို့က အမြဲတမ်း သာပြီးသားပါအမေ။

ပြည်သူဘက်မှာ ပြည်သူတွေရှိတယ်အမေ။ အမေတို့ဘက်မှာလည်း ကျနော်တို့ရှိပါတယ်။ ဒါ့ကြောင့် အမေတို့လည်း လက်မလျော့လိုက်ကြပါနဲ့။

ကျနော်တို့ ပြည်သူတွေက အမေတို့ရဲ့ သားနဲ့သမီးတွေပါပဲ အမေ။ တချို့သော ကျနော်တို့ သူငယ်ချင်း ၊ မရင်းနှီးကြပေမယ့် သွေးစည်းကြတဲ့ မောင်နှမတွေ ဟာ အလိုမတူကြတဲ့ ဒလန်ကောင်တွေကြောင့် မကျသင့်ပဲ ကျခဲ့ရတယ်အမေရယ်။

ဒလန်တွေကို ဖမ်းမိပေမယ့် ကျနော်တို့က ကိုယ်ချင်းစာလို့ လွှတ်ပေးလိုက်တဲ့အခါ သူတို့တွေကြောင့်ပဲ ကျနော်တို့ရဲ့ ညီအကိုတွေ မောင်နှမတွေ အသက်ပေးခဲ့ရတယ် အမေရယ်။

လွှတ်ပေးခဲ့တဲ့ ကျနော်တို့ အပြစ်တွေပါပဲအမေ။ အမေတို့အတွက် ကျနော်တို့ တာဝန်မကျေသေးဘူး။

ကျသွားခဲ့ရတဲ့ ညီအကို မောင်နှမတွေကို ကျနော်တို့ အခုချိန်ထိ မျက်နှာမပြရဲသေးဘူးအမေ။ ကျနော်တို့ကျသွားလို့ သူတို့နဲ့တွေ့တဲ့အခါ ” သားရီး ငါတို့တိုက်ပွဲနိုင်ခဲ့လား ၊ ညီလေး ငါတို့ နိုင်ခဲ့တယ်မလား၊ ငါ့အမေဘယ်လိုနေသေးလဲ ငိုသေးလား နေကောင်းလားလို့ ” မေးခဲ့ရင် ကျနော်တို့ ဘယ်လိုပြန်ဖြေရမလဲ အမေ။

ဒါ့ကြောင့် အမေတို့လည်း လက်မလျော့ပါနဲ့ ကျနော်တို့လည်း လက်မလျော့ပဲ အဆုံးထိ တိုက်သွားမှာပါအမေ။

ကျနော်တို့အတွက် အမေတို့ကပေးတဲ့ မေတ္တာနဲ့ အင်အားသာ လိုအပ်တာပါ။ အမေတို့လည်း စိတ်မချစွာနဲ့ လွှတ်ကြရတာကို သိပါတယ်။ အိမ်ပြန်ချိန် အမေတို့ မျှော်နေမယ်ဆိုတာလည်း သိပါတယ်။

ပြန်မလာနိုင်ကြတော့တဲ့ အမေ့သားနဲ့ သမီးအတွက် အမေ အမြဲတမ်း ဂုဏ်ယူနေပေးပါအမေ။

ကျနော်တို့ ကျဆုံးသွားခဲ့တဲ့ သူရဲကောင်းတွေ အမေ့သားနဲ့သမီးတို့နဲ့ တွေ့တဲ့အခါ ” အမေက ပြောလိုက်တယ် ငါ့သား/သမီး သိပ်တော်တယ် အမေ အရမ်းဂုဏ်ယူတယ် ” လို့ပဲ ပြန်ပြောပါရစေ အမေ။

ကျနော်တို့ ပြည်သူတွေဟာ အမေ့သားသမီးတွေပါပဲ။ မကယ်ပေးနိုင်ခဲ့တဲ့အတွက်တော့ တကယ်ကို အနူးအညွတ် တောင်းပန်ပါတယ်အမေ။

Zawgyi

အေမ က်ေနာ္တို႔နဲ႔အတူ တိုက္ပြဲဝင္ေပးခဲ႔တဲ႔ အေမ့သားနဲ႔ သမီး ေတြကို က်ေနာ္တို႔ မကာကြယ္ေပးနိုင္ခဲ႔လို႔ ေတာင္းပန္ပါတယ္အေမ။

ဒဏ္ရာေတြနဲ႔ ေသြးအလိမ့္လိမ့္က်ေနတဲ႔ အေမ့သား နဲ႔ သမီးေတြကို သယ္ျပီးကယ္ဖို႔ရာ မိစၧာေကာင္ေတြဘက္က ကယ္ခြင့္မေပးခဲ႔ဘူးအေမ။

က်ေနာ္တို႔ကို လူလို႔ကို မသတ္မွတ္ၾကေတာ့ဘူး အေမရယ္။ သူတို႔က က်ေနာ္တို႔ကို ေတြ႔တဲ႔ေနရာ ရိုက္နွက္ ဒရြတ္တိုက္ဆြဲျပီး ေခၚတာေတြ ျမင္ရေတာ့ ရင္ေတြ နာလွပါတယ္အေမရယ္။

က်ေနာ္တို႔ေတာင္ ဒီလိုခံစားေနရရင္ အေမတို႔ဆို ဘယ္ေလာက္ေတာင္ ခံစားေနရမလဲ။

က်ေနာ္တို႔ ျပည္သူေတြ အေမ့သားနဲ႔သမီးတို႔ စေတးခဲ႔ရတဲ႔ အသက္ေတြအတြက္ က်ေနာ္တို႔ နိုင္ေအာင္တိုက္မွာပါအေမ။

မိစၧာေကာင္ေတြက ဖိလို႔ က်ေနာ္တို႔ လူထု ၾကြခဲ႔ျပီးပါျပီ။ အခု ျပည္သူဘက္က အထိနာလာလို႔ ျပန္ခ်ၾကဖို႔ ျမိဳ႕နယ္တိုင္းမွာလည္း အလံနက္ေထာင္ခဲ႔ပါျပီ။

လက္နက္ခ်င္းမမွ်ေပမယ့္ က်ေနာ္တို႔ကိုေပးတဲ႔ အေမတို႔ရဲ႕ ေမတၲာေတြေၾကာင့္ က်ေနာ္တို႔က အျမဲတမ္း သာျပီးသားပါအေမ။

ျပည္သူဘက္မွာ ျပည္သူေတြရွိတယ္အေမ။ အေမတို႔ဘက္မွာလည္း က်ေနာ္တို႔ရွိပါတယ္။ ဒါ့ေၾကာင့္ အေမတို႔လည္း လက္မေလ်ာ့လိုက္ၾကပါနဲ႔။

က်ေနာ္တို႔ ျပည္သူေတြက အေမတို႔ရဲ႕ သားနဲ႔သမီးေတြပါပဲ အေမ။ တခ်ဳိ႕ေသာ က်ေနာ္တို႔ သူငယ္ခ်င္း ၊ မရင္းနွီးၾကေပမယ့္ ေသြးစည္းၾကတဲ့ ေမာင္ႏွမေတြ ဟာ အလိုမတူၾကတဲ႔ ဒလန္ေကာင္ေတြေၾကာင့္ မက်သင့္ပဲ က်ခဲ႔ရတယ္အေမရယ္။

ဒလန္ေတြကို ဖမ္းမိေပမယ့္ က်ေနာ္တို႔က ကိုယ္ခ်င္းစာလို႔ လႊတ္ေပးလိုက္တဲ႔အခါ သူတို႔ေတြေၾကာင့္ပဲ က်ေနာ္တို႔ရဲ႕ ညီအကိုေတြ ေမာင္ႏွမေတြ အသက္ေပးခဲ႔ရတယ္ အေမရယ္။

လႊတ္ေပးခဲ႔တဲ႔ က်ေနာ္တို႔ အျပစ္ေတြပါပဲအေမ။ အေမတို႔အတြက္ က်ေနာ္တို႔ တာဝန္မေက်ေသးဘူး။

က်သြားခဲ႔ရတဲ႔ ညီအကို ေမာင္ႏွမေတြကို က်ေနာ္တို႔ အခုခ်ိန္ထိ မ်က္ႏွာမျပရဲေသးဘူးအေမ။ က်ေနာ္တို႔က်သြားလို႔ သူတို႔နဲ႔ေတြ႔တဲ႔အခါ ” သားရီး ငါတို႔တိုက္ပြဲနိုင္ခဲ႔လား ၊ ညီေလး ငါတို႔ နိုင္ခဲ႔တယ္မလား၊ ငါ့အေမဘယ္လိုေနေသးလဲ ငိုေသးလား ေနေကာင္းလားလို႔ ” ေမးခဲ႔ရင္ က်ေနာ္တို႔ ဘယ္လိုျပန္ေျဖရမလဲ အေမ။

ဒါ့ေၾကာင့္ အေမတို႔လည္း လက္မေလ်ာ့ပါနဲ႔ က်ေနာ္တို႔လည္း လက္မေလ်ာ့ပဲ အဆံုးထိ တိုက္သြားမွာပါအေမ။

က်ေနာ္တို႔အတြက္ အေမတို႔ကေပးတဲ႔ ေမတၲာနဲ႔ အင္အားသာ လိုအပ္တာပါ။ အေမတို႔လည္း စိတ္မခ်စြာနဲ႔ လႊတ္ၾကရတာကို သိပါတယ္။ အိမ္ျပန္ခ်ိန္ အေမတို႔ ေမွ်ာ္ေနမယ္ဆိုတာလည္း သိပါတယ္။

ျပန္မလာနိုင္ၾကေတာ့တဲ႔ အေမ့သားနဲ႔ သမီးအတြက္ အေမ အျမဲတမ္း ဂုဏ္ယူေနေပးပါအေမ။

က်ေနာ္တို႔ က်ဆံုးသြားခဲ႔တဲ႔ သူရဲေကာင္းေတြ အေမ့သားနဲ႔သမီးတို႔နဲ႔ ေတြ႔တဲ႔အခါ ” အေမက ေျပာလိုက္တယ္ ငါ့သား/သမီး သိပ္ေတာ္တယ္ အေမ အရမ္းဂုဏ္ယူတယ္ ” လို႔ပဲ ျပန္ေျပာပါရေစ အေမ။

က်ေနာ္တို႔ ျပည္သူေတြဟာ အေမ့သားသမီးေတြပါပဲ။ မကယ္ေပးနိုင္ခဲ႔တဲ႔အတြက္ေတာ့ တကယ္ကို အႏူးအညြတ္ ေတာင္းပန္ပါတယ္အေမ။