မြန်မာပြည်သူတွေရဲ့အသံကို ကိုရီးယားနာမည်ကြီး KBS ရုပ်သံကနေအထိ ကမ္ဘာသိအောင်ချပြနိုင်ခဲ့တဲ့ ဆရာမ ချမ်းချမ်းကို လူတချို့က အင်တာဗျူးတခါဖြေတိုင်း ဝမ် သိန်း ၁၀၀ ရတယ်လို့ အပုတ်ချစွပ်စွဲနေသူအားလုံးကို အခုလိုပဲ ဆရာမချမ်းချမ်းက သူရရှိတဲ့ ငွေပမာဏနဲ့ ရရှိတဲ့ငွေအားလုံးလို ယခုလိုပဲလက်ခံထားကြောင်းရှင်းပြလိုက်ပါတယ်။
KBS ကနေ သတင်း တစ်ခါ လာပြောပေးရင် ဝမ် ၃သိန်း ပေးပါတယ်။ ဝမ် ၃သိန်းထဲက အခွန် ထပ် ဖြတ်ပြီး စုစုပေါင်း ၂၇၁၆၈၀ပဲ ကျွန်မဆီ ဝင်ပါတယ်။ စုစုပေါင်း လေးကြိမ် ဝင်တဲ့ ပိုက်ဆံ အားလုံးကို လက်ရှိ မြန်မာအတွက် အလှုငွေ လက်ခံလျှက် ရှိတဲ့ အကောင့်(845910043 10207)နဲ့ပဲ လက်ခံထားပါတယ်။ အားလုံးကို မြန်မာက ကျန်ရစ်သူ မိသားစုနဲ့ CDMကြောင့် ခက်ခဲနေသူ ဝန်ထမ်းမိသားစုတွေကို လှုဒါန်းသွားမှာပါ။