မန္တလေးမှာ သင်္ကြန်ကျင်းပမယ်လို့ ဖော်ပြ
မန္တလေးမြို့မှာ မြန်မာ့ရိုးရာမဟာ သင်္ကြန် ပွဲတော်ကျင်းပဖို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးလုပ်နေတယ်လို့ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ပိုင် သတင်းစာဖြစ်တဲ့ မန္တလေးနေ့စဉ် သတင်းစာမှာ မနေ့က( ၁၈ ရက်နေ့)ဖော်ပြထားပါတယ်။
၂၀၂၁ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်(မန္တလေး)ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ၂၀၂၁ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီကမန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနမှူး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုက မန္တလေး မဟာသင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံတွင် အထင်ရှားဆုံးသော ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊သင်္ကြန်ပွဲတော်အား ယခင်က ကျင်းပခဲ့သည့် အစဉ်အလာများမှကောင်းမွန်သည်များကို ဆက်လက် ဆောင်ရွက်မည်သကဲ့သို့ ပိုမို၍ကောင်းမွန်အောင်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
သင်္ကြန်ပွဲတော်ပြုလုပ်ရာတွင် မဏ္ဍပ်ဆောက်လုပ်မည့်သူများငွေကုန်ကြေးကျသက်သာအောင် မည်သို့ ဆောင်ရွက်မည်ကို စဉ်းစားရန် လိုအပ်ကြောင်း၊မန္တလေးမြို့၏ အထင်ကရအလှမှာ ကျုံးမြို့ရိုးဖြစ်၍ကျုံးမြို့ရိုးအလှ ပေါ်လွင်သည့် အတာသင်္ကြန်ပွဲဖြစ်ရန်အတွက်မဏ္ဍပ်များမည်သို့ ထားရှိတည်ဆောက်မည်ကို ဆွေးနွေးအကြံပြုရန်လိုအပ်ကြောင်း၊အကန့်အသတ်ဖြင့် ကျင်းပရမည်ဖြစ်သော်လည်းသင်္ကြန်ပွဲလည်း စည်ကား၊ လူထုလည်း လုံခြုံစိတ်ချစွာ ပျော်ရွှင်၊ အကုန်အကျလည်းသက်သာစေရန် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးကြရန် မှာကြားခဲ့ပါသည်။
ဆက်လက်၍ မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်နှင့် ပတ်သက်၍ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကျော်ဆန်းက လုပ်ငန်းကော်မတီ ဖွဲ့စည်း ထားရှိမှုများ၊ ယခင်နှစ်များက ကျင်းပဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးတင်ပြသည်။
ထို့နောက် မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်တော်ပွဲတော် ကျင်းပရေးဦးစီး ကော်မတီနှင့် လုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိမိတို့လုပ်ငန်း ကဏ္ဍအလိုက် ဆောင်ရွက်ကြမည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
မန္တလေးမြို့တော် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား မိဘပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် အတာရေသဘင်ပွဲဆင်နွှဲနိုင်ရန်မှ ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုပေးပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမြန် မည်ဖြစ်သည်။
(မန္တလေးနေ့စဉ်)
Zawgyi
မႏၲေလးမွာ သၾကၤန္က်င္းပမယ္လို႔ ေဖာ္ျပ
မႏၲေလးၿမိဳ႕မွာ ျမန္မာ့႐ိုးရာမဟာ သၾကၤန္ ပြဲေတာ္က်င္းပဖို႔ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးလုပ္ေနတယ္လို႔ မႏၲေလး ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ ပိုင္ သတင္းစာျဖစ္တဲ့ မႏၲေလးေန႔စဥ္ သတင္းစာမွာ မေန႔က( ၁၈ ရက္ေန႔)ေဖာ္ျပထားပါတယ္။
၂၀၂၁ ခုႏွစ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ ပြဲေတာ္(မႏၲေလး)က်င္းပေရး လုပ္ငန္းညႇိႏႈိင္းအစည္းအေဝး ျပဳလုပ္ ၂၀၂၁ ခုႏွစ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္က်င္းပေရးလုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးကို ယေန႔ ညေန ၃ နာရီကမႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီ႐ုံး အစည္းအေဝးခန္းမတြင္ ျပဳလုပ္ရာ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကို တက္ေရာက္အမွာစကားေျပာၾကားသည္။
အစည္းအေဝးသို႔ မႏၲေလးတိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီအဖြဲ႕ဝင္မ်ား၊ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွဒုတိယၿမိဳ႕ေတာ္ဝန္၊ အတြင္းေရးမႉး၊ တြဲဖက္အတြင္းေရးမႉးႏွင့္ ဌာနမႉး မ်ား၊ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ား တက္ေရာက္ၾကသည္။
အစည္းအေဝးတြင္ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ ဦးေမာင္ကိုက မႏၲေလး မဟာသၾကၤန္ပြဲေတာ္မွာ ျမန္မာႏိုင္ငံတြင္ အထင္ရွားဆုံးေသာ ယဥ္ေက်းမႈသၾကၤန္ပြဲေတာ္ျဖစ္ေၾကာင္း၊သၾကၤန္ပြဲေတာ္အား ယခင္က က်င္းပခဲ့သည့္ အစဥ္အလာမ်ားမွေကာင္းမြန္သည္မ်ားကို ဆက္လက္ ေဆာင္႐ြက္မည္သကဲ့သို႔ ပိုမို၍ေကာင္းမြန္ေအာင္လည္း ေဆာင္႐ြက္ရမည္ျဖစ္ေၾကာင္း၊
သၾကၤန္ပြဲေတာ္ျပဳလုပ္ရာတြင္ မ႑ပ္ေဆာက္လုပ္မည့္သူမ်ားေငြကုန္ေၾကးက်သက္သာေအာင္ မည္သို႔ ေဆာင္႐ြက္မည္ကို စဥ္းစားရန္ လိုအပ္ေၾကာင္း၊မႏၲေလးၿမိဳ႕၏ အထင္ကရအလွမွာ က်ဳံးၿမိဳ႕႐ိုးျဖစ္၍က်ဳံးၿမိဳ႕႐ိုးအလွ ေပၚလြင္သည့္ အတာသၾကၤန္ပြဲျဖစ္ရန္အတြက္မ႑ပ္မ်ားမည္သို႔ ထားရွိတည္ေဆာက္မည္ကို ေဆြးေႏြးအႀကံျပဳရန္လိုအပ္ေၾကာင္း၊အကန႔္အသတ္ျဖင့္ က်င္းပရမည္ျဖစ္ေသာ္လည္းသၾကၤန္ပြဲလည္း စည္ကား၊ လူထုလည္း လုံၿခဳံစိတ္ခ်စြာ ေပ်ာ္႐ႊင္၊ အကုန္အက်လည္းသက္သာေစရန္ ေဆာင္႐ြက္ႏိုင္ေရး ဝိုင္းဝန္း အႀကံျပဳေဆြးေႏြးၾကရန္ မွာၾကားခဲ့ပါသည္။
ဆက္လက္၍ မႏၲေလးၿမိဳ႕ေတာ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ပြဲေတာ္ႏွင့္ ပတ္သက္၍ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ၿမိဳ႕ေတာ္ဝန္ ဦးေက်ာ္ဆန္းက လုပ္ငန္းေကာ္မတီ ဖြဲ႕စည္း ထားရွိမႈမ်ား၊ ယခင္ႏွစ္မ်ားက က်င္းပေဆာင္႐ြက္ခဲ့မႈမ်ားကို ေဆြးေႏြးတင္ျပသည္။
ထို႔ေနာက္ မႏၲေလးၿမိဳ႕ေတာ္ ျမန္မာ့႐ိုးရာယဥ္ေက်းမႈ မဟာသၾကၤန္ေတာ္ပြဲေတာ္ က်င္းပေရးဦးစီး ေကာ္မတီႏွင့္ လုပ္ငန္းေကာ္မတီမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားက မိမိတို႔လုပ္ငန္း က႑အလိုက္ ေဆာင္႐ြက္ၾကမည့္ လုပ္ငန္းအေျခအေနမ်ားကို ရွင္းလင္းတင္ျပၾကရာ တိုင္းေဒသႀကီး စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠဌက လိုအပ္သည္မ်ားကို ညႇိႏႈိင္းေဆာင္႐ြက္ေပးခဲ့သည္။
မႏၲေလးၿမိဳ႕ေတာ္ ျမန္မာ့႐ိုးရာ မဟာသၾကၤန္ပြဲေတာ္အား မိဘျပည္သူမ်ား ေအးခ်မ္းေပ်ာ္႐ႊင္စြာျဖင့္ အတာေရသဘင္ပြဲဆင္ႏႊဲႏိုင္ရန္မွ ေရကစားမ႑ပ္မ်ားကို သတ္မွတ္စည္းကမ္းခ်က္မ်ားႏွင့္အညီ ခြင့္ျပဳေပးၿပီး စည္ကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ေရး ေဆာင္႐ြက္သြားျမန္ မည္ျဖစ္သည္။
(မႏၲေလးေန႔စဥ္)