ၾကားသိရသမွ်

ကျဆုံးသွားပြီဖြစ်ပေမယ့်လည်း အမျှဝေခွေင့်တောင်မရဖြစ်နေတဲ့ လှိုင်သာယာက သူရဲကောင်း ကိုနေသူရဦး

ၿပီးခဲ့တဲ့ရက္ပိုင္းကစၿပီး ရန္ကုန္ၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံရွိ ေနရာအႏွံ႔အျပားမွာ က်ဆုံးသြားတဲ့ ျပည္သူေတြ မ်ားျပားလာခဲ့တာ ျဖစ္ပါတယ္ ။ အခုလည္း အသက္ေပးခဲ့ရတဲ့ ျပည္သူေတြထဲက တစ္ေယာက္ျဖစ္တဲ့ ကိုေနသူရဦးရဲ႕အေၾကာင္းကို လူတစ္ေယာက္က လူမႈကြန္ယက္စာမ်က္ႏွာကတစ္ဆင့္ ေရးသားေျပာျပထားတာ ျဖစ္ပါတယ္။ စာထဲမွာေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ ကိုေနသူရဦးအတြက္ က်န္ရစ္သူမိသားစုဝင္ေတြက အမွ်ေဝေပးခ်င္ေပမယ့္လည္း အခက္အခဲေတြရွိေနေၾကာင္း ေဖာ္ျပထားတာ ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့မတ္လ (၁၇) ရက္ေန႔မွာ က်ဆုံးသြားတဲ့ ကိုေနသူရဦးကေတာ့ အသက္ (၂၄) ႏွစ္သာရွိေသးတဲ့ အိမ္ေထာင္သည္ အမ်ိဳးသားတစ္ဦးပဲ ျဖစ္ပါတယ္ ။ သူက လႈိင္သာယာၿမိဳ႕နယ္မွာ ေနထိုင္သူျဖစ္ၿပီး ရင္ဘတ္နဲ႔ ဦးေခါင္းကိုက်ည္ထိမွန္ၿပီး ကြယ္လြန္ခဲ့ရတာ ျဖစ္ပါတယ္ ။ လက္ရွိအခ်ိန္မွာေတာ့ ကိုေနသူရဦးရဲ႕႐ုပ္အေလာင္းကို ျပန္မရေသးတာေၾကာင့္ သူ႔ရဲ႕ဇနီးသည္အပါအဝင္ မိသားစုဝင္ေတြအားလုံးက အရမ္းကို ဝမ္းနည္းေၾကကြဲေနရတာပဲ ျဖစ္ပါတယ္ ။

ဒီအေၾကာင္းကိုေျပာျပထားတဲ့သူက စာထဲမွာ “ယုံၾကည္မႈဆိုင္ရာ ဓေလ့ထုံးတမ္းအရ ေသဆုံးသူ ဝိညာဥ္မွပူးေျပာသည္” ဆိုၿပီးလည္း ေရးသားထားပါေသးတယ္။ သူ႔ရဲ႕စာအရ ကိုေနသူရဦးက သူအရမ္းနာက်င္ေနေၾကာင္းကို ငိုယိုၿပီးေျပာျပခဲ့တယ္လို႔ ေဖာ္ျပထားတာ ျဖစ္ပါတယ္ ။ က်န္ရစ္သူမိသားစုေတြရဲ႕လုံၿခဳံေရးအရ ကိုေနသူရဦးအတြက္သက္ေပ်ာက္ဆြမ္းသြတ္ခြင့္မရတဲ့ အေျခအေနမ်ိဳးကို ႀကဳံေတြ႕ေနရတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္ ကိုေနရသူရဦးရဲ႕မိခင္ျဖစ္သူနဲ႔ ဇနီးသည္တို႔က က်န္ရွိခဲ့တဲ့ သူ႔ရဲ႕အက်ႌစေလးကိုသာ ေထြးေပြ႕ရင္း သတိတရၾကည့္ေနရတာပဲ ျဖစ္ပါတယ္ ။ ကိုေနရသူဦးလည္း ေကာင္းရာမြန္ရာဘဝကို အျမန္ဆုံးေရာက္ရွိပါေစလို႔ ဆုေတာင္းေပးလိုက္ရပါတယ္။

Source & Photo Credit-Naing Min Htut’s FB Acc

ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားလာခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း အသက်ပေးခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုနေသူရဦးရဲ့အကြောင်းကို လူတစ်ယောက်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ စာထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေသူရဦးအတွက် ကျန်ရစ်သူမိသားစုဝင်တွေက အမျှဝေပေးချင်ပေမယ့်လည်း အခက်အခဲတွေရှိနေကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့မတ်လ (၁၇) ရက်နေ့မှာ ကျဆုံးသွားတဲ့ ကိုနေသူရဦးကတော့ အသက် (၂၄) နှစ်သာရှိသေးတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ် ။ သူက လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ရင်ဘတ်နဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ကိုနေသူရဦးရဲ့ရုပ်အလောင်းကို ပြန်မရသေးတာကြောင့် သူ့ရဲ့ဇနီးသည်အပါအဝင် မိသားစုဝင်တွေအားလုံးက အရမ်းကို ဝမ်းနည်းကြေကွဲနေရတာပဲ ဖြစ်ပါတယ် ။

ဒီအကြောင်းကိုပြောပြထားတဲ့သူက စာထဲမှာ “ယုံကြည်မှုဆိုင်ရာ ဓလေ့ထုံးတမ်းအရ သေဆုံးသူ ဝိညာဉ်မှပူးပြောသည်” ဆိုပြီးလည်း ရေးသားထားပါသေးတယ်။ သူ့ရဲ့စာအရ ကိုနေသူရဦးက သူအရမ်းနာကျင်နေကြောင်းကို ငိုယိုပြီးပြောပြခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ် ။ ကျန်ရစ်သူမိသားစုတွေရဲ့လုံခြုံရေးအရ ကိုနေသူရဦးအတွက်သက်ပျောက်ဆွမ်းသွတ်ခွင့်မရတဲ့ အခြေအနေမျိုးကို ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကိုနေရသူရဦးရဲ့မိခင်ဖြစ်သူနဲ့ ဇနီးသည်တို့က ကျန်ရှိခဲ့တဲ့ သူ့ရဲ့အင်္ကျီစလေးကိုသာ ထွေးပွေ့ရင်း သတိတရကြည့်နေရတာပဲ ဖြစ်ပါတယ် ။ ကိုနေရသူဦးလည်း ကောင်းရာမွန်ရာဘဝကို အမြန်ဆုံးရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

 

Source & Photo Credit-Naing Min Htut’s FB Acc