မိန်းကလေးတွေက ချစ်လို့ ရစ်တယ် ၊ ရစ်တာကလည်း သိပ်ချစ်လို့ ဆိုတဲ့စိတ်ကလေးနဲ့ ဂရုစိုက်တာ ခံချင်လေလေ ရစ်လေလေဆိုတာကို ကိုကိုတို့က နားလည်ပေးပါနော်။
ချစ်စရာကောင်းတဲ့ ချစ်သူ စုံတွဲလေး
နေရာတကာ အမျိုးမျိုး ရှာကြံပြီး ရစ်တတ်နိုင်လွန်းတဲ့ ချစ်သူလေးကို ပိုင်ဆိုင်ရလို့ စိတ်အနှောင့်အယှက် မဖြစ်လိုက်ပါနဲ့နော်။ ဂျပန် မူလီလို အမျိုးစုံ နည်းစုံ သိပ်ရစ်တတ်တဲ့ ချစ်သူလေး ရှိနေတယ် ဆိုရင် ချစ်သူလေးကို ပိုလို့ တိုးချစ်လိုက်ပါ။ ဘာလို့ဆိုရင် သိပ်ရစ်တတ်တဲ့ ချစ်သူဆိုတာ ပိုချစ်တာ ခံချင်လို့ ရစ်တာမို့လိုပါ။ ချစ်သူတွေကြားမှာ သဝန်တိုတယ် ဆိုတာ ဘာလို့လဲ ဆိုတာကိုလည်း သိထားပေးနော်။
ဂရုစိုက်စေချင်လို့
မိန်းကလေးတွေက ချစ်လို့ ရစ်တယ် ၊ ရစ်တာကလည်း သိပ်ချစ်လို့ ဆိုတဲ့စိတ်ကလေး ရှိတာကို ကိုကိုတို့က နားလည်ပေးရမှာပါ။ မိန်းကလေးတွေ ဆိုတာက ဂရုစိုက်တာ ခံချင်လေလေ ရစ်လေလေပါပဲ။ ကိုယ့်ချစ်သူလေးက ရစ်ပြီ ဆိုရင် အလိုလို နားလည်လိုက်ဖို့ တစ်ခုကတော့ ဂရုစိုက်ပေးပါ ဆိုတာကို တစ်ဖက်လှည့်နည်းနဲ့ ပြောနေတယ် ဆိုတာကိုပါ။ မိန်းကလေးတွေ ဆိုတာက သိတဲ့အတိုင်း ဘယ်တော့မှ စကားကို အတည့် မပြောတတ်ပါဘူး။ ဂရုစိုက်ပါ ဆိုတာကို ဂရုစိုက်ပေးဖို့ မပြောဘဲ အမျိုးမျိုး အကြောင်းစုံ ရှာပြီး ရစ်နေတတ်ပါတယ်။ ချစ်သူတွေကြားမှာ ကြည်နူးစရာ အချိန်လေးတွေကိုလည်း ဖန်တီးတတ်ပါစေနော်။
ချစ်သူလေးကို အချိန်ပေးပါနော်
မိန်းကလေးတွေ စကားပြောရင်း ရစ်ချင်လာတာကို ခံစားရပြီဆိုရင် အချိန်ပေးလိုက်ပါ။ ဘာကြောင့် ဘာညာ ရစ်နေတယ် ဆိုတာကို ဖြေရှင်းပေးတာမျိုးထပ် ဘာစားချင်လဲ။ ဘယ်မှာလဲ။ အခုလာခဲ့မယ် ဆိုပြီးသာ ပြောလိုက်ပါ။ ရစ်နေတယ် ဆိုတဲ့ ကောင်မလေးတွေ အလိုလို ရစ်နေတာတွေကို မေ့ပြီး သိပ်ချစ်ပါတယ် ကိုကိုရယ် ဖြစ်သွားမှာ သေချာပါတယ်နော်။
စိတ်ရှည်ပါ စိတ်မဆိုးရဘူးနော်
ဒီကောင်မလေးနှယ် ဘာမှ မဟုတ်တာကို ရစ်နေတာပဲ လိုတော့ မတွေးလိုက်နဲ့နော်။ ရစ်တယ် ဆိုတာကလည်း ကိုယ်ချစ်တဲ့သူက ပိုချစ်တာ ခံချင်လို့၊ ဂရုတစိုက် ရှိစေချင်လို့ စကားရှာ နေတာပဲ ဖြစ်တဲ့အတွက် စိတ်ရှည်ပါ။ စိတ်မဆိုးရဘူးနော်။ မိန်းကလေးတွေ ဆိုတာက သူတို့ ချစ်တဲ့သူ အပေါ်မှာပဲ ဒီလို အပြုအမူမျိုးကို ပြုလုပ်တတ်တာမို့လို့ပါ။
မိန်းကလေးတွေက သူတို့ မချစ်တဲ့သူဆိုရင် အဖက် မလုပ်တတ်ပေမယ့် ချစ်လေလေ ရစ်လေလေ ဆိုတဲ့စိတ်ကလေးက မွေးရာပါဆိုတာကို သိထားပေးပြီး ချစ်သူလေးက ရစ်တယ် ဆိုတာ ပိုချစ်စေချင်လို့၊ ကိုယ့်ကို တကယ်ချစ်လို့ ဆိုတာကို နားလည်ပေးပါနော်။
Credit
Zawgyi
သိပ်ရစ်တတ်တဲ့ ချစ်သူဆိုတာ ပိုချစ်တာ ခံချင်လို့ ရစ်တာပါ
ဂရုစိုက်စေချင်လို့
Credit